နှစ်ပေါင်း (၄၅) တိုင်ခဲ့ပြီဖြစ်သော လိုအပ်သူများအားပံ့ပိုးကူညီပေးလျက်ရှိသည့် စိန့်ဗင်းဆင်းဒီပေါလ်အသင်း

နှစ်ပေါင်း (၄၅) တိုင်ခဲ့ပြီဖြစ်သော လိုအပ်သူများအားပံ့ပိုးကူညီပေးလျက်ရှိသည့် စိန့်ဗင်းဆင်းဒီပေါလ်အသင်း

နှစ်ပေါင်း (၄၅) တိုင်ခဲ့ပြီဖြစ်သော လိုအပ်သူများအားပံ့ပိုးကူညီပေးလျက်ရှိသည့် စိန့်ဗင်းဆင်းဒီပေါလ်အသင်း

လိုအပ်သူများအား ကူညီပံ့ပိုးပေးသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ စိန့်ဗင်းဆင်း ဒီပေါလ် အသင်းတည်ထောင်ခဲ့သည်မှာ ယခုနှစ် (၂၀၂၃ ) ခုနှစ်တွင် နှစ်ပေါင်း(၄၅) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ၁၉၇၈ ခုနှစ်က မြန်မာပြည်၌ ပြည်တော်ကောင်စီကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း(၄၅) နှစ်တာကလအတွင်း မြန်မာနိုင်ငံစိန့်ဗင်းဆင်းဒီပေါလ်အသင်း၌ ကွန်ဖရန့်ပေါင်း(၂၃၀)ခု၊ လူငယ်ကွန့်ဖရန့်(၁၃)ခု စုစုပေါင်း ကွန့်ဖရန့်ပေါင်း (၂၄၃) ခုရှိနေပြီဖြစ်သည်။ ကွန်ဖရန့်အားလုံးသည် ပြင်သစ်နိုင်ငံမှအသိအမှတ်ပြုသည့်လတ်မှတ်လဲရရှိထားပြီးဖြစ်သည်။ဩစတေးလျနိုင်ငံသည်မြန်မာနိုင်ငံအတွက်အဓိကပံ့ပိုးကူညီပေးလျက်ရှိသည်။မြန်မာနိုင်ငံ၏Twinမှာဩစတေးလျနိုင်ငံဖြစ်သည်။ယခင်က ဩစတေးလျနှင့်ချိတ်ဆက့်ထားသော ကွန့်ဖရင့် ၆၀ ကျော်သာရှိရာ ယခုအခါ Twin  ပေါင်း(၁၂၀) ကျော်လာခဲ့ပြီဖြစ်သည်။Twinအချင်းချင်းသာလျင်ကူညီထောက်ပံ့မှုကိုရရှိနိုင်သည်။သို့သော်လည်းမြန်မာနိုင်ငံ၏အခြေအနေအရ Twin မရှိသော်လည်း  Twin   ရှိသည့် ကွန့်ဖရင့်များမှထောက်ပံ့ခံရသည့် အလှူငွေ များကို မြန်မာနိုင်ငံရှိကွန့်ဖရင့်အားလုံးသိုအညီအမျှပြန်လည်ခွဲဝေပေးနိုင်ခဲ့သည်။၎င်းတိုသည် တစ်နှစ်လျှင်လေးကြိမ်ထောက်ပံ့သည်။ ထိုထောက်ပံ့မှုများမှ ကွန့်ဖရင့်အသီးသီးရှိ လိုအပ်သူများအား ပြန်လည်ပံ့ပိုးပေးသည်။

အဓိကအားဖြင့်တောင်ပေါ်ဒေသဝေလံခေါင်ဖြားသောနေရာများမှထောက်ပံ့ခံများအတွက် စိန့်ဗင်းဆင်း ဒီပေါလ်အသင်းသည်အဓိကအားကိုးအားထားရအဖွဲ့တစ်ခုဖြစ်ပေသည်။တစ်ချို့သောနေရာများမှ ထောက်ပံ့ ခံများသည် ၎င်း တို့အဆင်ပြေသွားသည့်အခါမျိုးတွင် ၎င်းတို့ထက် ပို၍ချို့တဲ့သူများ အား ထောက်ပံ့နိုင်ရန်အတွက် ထောက်ပံ့ခံအခြေအနေမှနှုတ်ထွက်ပေးခဲ့ကြသည်။

ယခုလက်ရှိ စိန့်ဗင်းဆင်းဒီပေါလ်ပြည်တော်ကောင်စီ ဥက္ကဌမှာ Alphonse ဦးကျော်မင်း ဖြစ်သည်။  Alphonse ဦးကျော်မင်း သည် ပြည်တော်ကောင်စီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ခြောက်နှစ်တာရှိပြီဖြစ်ပြီး စိန့်ဗင်းဆင်းဒီပေါလ် ပြည်တော်ကောင်စီအတွက် (၄၅)နှစ်တာ ကာလအတွင်း  ပဥ္စမမြောက်ဥက္ကဌ ဖြစ်သည်။

ဆရာဦးကျော်မင်းက “ ကျနော်က ၁၉၉၅ ခုနှစ်လောက်ကတည်းက မန္တလေးသာသနာ စိန့်ဇေး ဗီယားကွန့်ဖရင့်ကနေပါဝင်လှုပ်ရှားခဲ့ရာ  ၂၀၁၇ ခုနှစ်မှာ ပြည်တော်ကောင်စီဥက္ကဌ ဖြစ်လာခဲ့တာ။ ကျနော် စပြီး ဥက္ကဌ ဖြစ်ခဲ့တုန်းက  မြန်မာနိုင်ငံမှာ ကွန့်ဖရင့်က (၁၉၁)ခုပဲ ရှိတယ်။ အခုတော့ လူကြီး ကွန့်ဖရင့်က (၂၃၀) ရှိသွားပြီ၊အရင်က တစ်ခါမှမှမရှိခဲ့ဘူးတဲ့ စိန့်ဗင်းဆင်းလူငယ်အဖွဲ့ကိုလည်း ကျနော့်လက်ထက်မှာဖွဲ့နိုင်ခဲ့တယ်။ လူငယ်တွေက ဒိုင်အို(၁၂)ခုမှာ (၁၂)ဖွဲ့ ဗဟိုကော်မတီမှာတစ်ဖွဲ့နဲ့ဆို (၁၃)ဖွဲ့ ဖွဲ့ထားနိုင်ခဲ့ပြီ။ “ ဟုဆိုကာ အဖွဲ့အစည်း၏ တိုးတက်လာမှုအခြအနေများကို အာဗီအေ ကိုပြောပြခဲ့သည်။

ဆက်လက်ပြီး ဆရာဦးကျော်မင်းက “တချို့နေရာတွေမှာ  စိန့်ဗင်းဆင်းဒီပေါလ်အသင်းကနေ ထောက်ပံ့မှုကို ရချင်တယ်ဆိုရင် ဆင်းရဲသားဖြစ်ကြောင်း ကျောင်းထိုင်ဘုန်းတော်ကြီးဆီကနေ ထောက်ခံစာပါရမယ်တို့ဘာတို့ ပြောနေတာတွေက လွဲမှားတဲ့အရာတွေပါ။ဒါတွေက စိန့်ဗင်းဆင်း ဒီပေါလ်က လုံးဝမလုပ်ရဘူး။အပြည်ပြည်ဆိုင်ရာကောင်စီချုပ်ကလည်းပြောထားတယ်။ ဘာလို့ဆို စိန့်ဗင်းဆင်းဒီပေါလ်ကိုယ်ကိုကိုယ်ကဆင်းရဲ့သားတွေဟာငါတို့ရဲ့ဆရာသခင်ဖြစ်တယ်လို့ပြောထားတာ။သူတို့ဟာ လောကမှာ ဒုက္ခဝေဒနာခံစားရတဲ့သခင်ခရစ်တော်ကို ကိုယ်စားပြုသူတွေလို့ ပြေားထား တဲ့အတွက် ကြောင့် သူတို့ကိုလေးစားရမယ်။ ဆင်းရဲသားတွေမှာလည်း ရပိုင်ခွင့်ရှိတာမှန်ပေမယ့် သူတို့ကိုလည်း ကျနော်တို့က ရိုသေဖို့လည်း တာဝန်ရှိတယ်။” ဟုဆိုကာ စိန့်ဗင်းဆင်းဒီပေါလ်အသင်းမှ ထောက်ပံ့မှုရရှိလိုပါကဆင်းရဲကြောင်းထောက်ခံစာယူခိုင်းခြင်းသည် စိန့်ဗင်းဆင်းဒီပေါလ်၏ အယူဝါဒ နှင့် လွဲမှားသည့်အရာဖြစ်ကြောင်းကို ပြောပြခဲ့သည်။

ဆက်လက်ပြီးဆရာက စိန့်ဗင်းဆင်းလူငယ်ကဏ္ဍနှင့်ပတ်သက်ပြီးပြောပြရာမှာ “ လူငယ်ဆိုတာ အနာဂတ်ရဲ့ခေါင်းဆောင်ဆိုတာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာလည်းသူတို့ဟာ ဦးဆောင်နိုင်မှာ ပါ တယ်။ဒါကြောင့်လူငယ်ဗင်းဆင်းရှင်းကိုဖွဲ့စည်းပေးခဲ့တာပါ။လူငယ်တွေအနေနဲ့ချို့တဲ့သူတွေအတွက် အလုပ်လုပ်ဆောင်တဲ့အခါ အဆင်ပြေစေဖို့ ကျနော်တို့ အနေနဲ့လည်း ခေါင်းဆောင်ပိုင်းဆိုင်ရာ သင်တန်း တွေ၊စိန့်ဗင်းဆင်းဒီပေါလ်နဲ့ပတ်သက်တဲ့သင်တန်းတွေ၊ကျနော်ကိုယ်တိုင်(ဆရာဦးကျော်မင်း)က အင်္ဂလိပ်စာ သင်ကြားပေးတဲ့သူဖြစ်တဲ့အတွက် အင်္ဂလိပ်စာသင်ကြားပေးတယ်။ နောက် အခြေခံ ဥပဒေ ပညာရပ်တွေကိုပါ လူငယ်တွေအတွက် အွန်လိုင်းကနေ သင်ကြားပေးခဲ့ပြီးဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း လူငယ်များအတွက် Vocational Training တွေလဲလုပ်ဆောင်ပေးသွားဖို့ အစီအစဉ် တွေလဲ ရှိပါတယ်။“ ဟုဆိုကာလူငယ်ဗင်းဆင်းရှင်းများအရည်အချင်းပြည့်ဝသောခေါင်းဆောင်ကောင်းများဖြစ်လာစေရန်အတွက်လိုအပ်သည့်သင်တန်းများကိုပံ့ပိုးပေးနေသည့်အကြောင်းကိုအာဗီအေကိုပြောပြခဲ့ သည်။

ကွန့်ဖရင့်များအနေဖြင့် ဆင်းရဲသားများအတွက် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများကို လုပ်ဆောင် မည်ဆိုပါက သိန်း(၂၀)မှ (၂၅)သိန်းကြား ပရောဂျက်များကို လျှောက်ထား နိုင်သည် ဟုလည်း သိရသည်။ အမှန်တကယ်လိုအပ်ကြောင်း တိကျခိုင်မာပါက ထိုထပ်ပိုသော ပရောဂျက်ကိုလည်း လျှောက်ထား နိုင်သည်။

နယ်မှ မန္တလေးသို့ ဆေးကုရန်လာရောက်ကြသော လူနာစောင့်များ တည်းခိုးရန် အခက်အခဲဖြစ်သည့် အတွက်  မြန်မာနိုင်ငံနှင့်သက်ဆိုင်ရာ Twin ဘက်သို့ ပရောဂျက်လျောက်၍  ကြိုးစားခဲ့ရာ လူနာစောင့် များ ဆေးကုရန်လာစဉ်တည်းခိုးနိုင်ရေးအတွက် တိုက်ခန်းတစ်ခုကို  မန္တလေးဒိုင်အိုတွင် ဗင်းဆင်းရှင်း တည်းခိုဆောင်ကိုဖွင့်လှစ်နိုင်ခဲ့သည်။ နယ်မှ ဆေးကုလာသည့်ချို့တဲ့သူများအနေဖြင့် ဗင်းဆင်း ရှင်း တည်းခိုဆောင်တွင် ယခင်က လူတစ်ဦးလျှင် တစ်ရက်တည်းခိုခ တစ်ထောင်ကျပ်နှုန်းဖြင့် ကောက်ခံ ဖွင့်လှစ်ပေးခဲ့ကြောင်း၊သို့သော်လည်းကိုဗစ်ရောဂါြဖစ်ပွားချိန်မှစတင်ကာယနေ့ချိန်ထိထိုတည်းခိုဆောင် ကို ခေတ္တ ပိတ်ထားသည် ဟုသိရသည်။  

ထို့အတူ ပန်းတနော်မြို့တွင်လည်း ဆင်းရဲသားများအား ရေရှည်ကူညီပံ့ပိုးပေးနိုင်ရေးနှင့် အလုပ် မရှိ သူများအလုပ်အလုပ်ရရှိစေရေးအတွက်ဖျာပရောက်ဂျက်တစ်ခုကိုပန်းတနော်စိန့်ဗင်းဆင်းကွန့်ဖရင့်မှလျှောက်ထားရာ ရရှိခဲ့သည်ဟုသိရသည်။

ဖျာပရောဂျက်ကို ဦးဆောင်ပေးသည် ပန်းတနော်ကွန့်ဖရင့်မှ မထရေဇားဖြူနှင်းဆီက “ပန်းတနော်ရွာမှာ ဖျာရက်လုပ်တဲ့လူတွေအတွက်ကုန်ကြမ်းတွေကိုဝယ်ပေးတယ်။သူတို့ကိုယ်တိုင်မြို့မှာတက်ဝယ်တဲ့အခါ စရိတ်စကလဲများတဲ့အတွက်ကြောင့်ကိုယ်တိုင် သူတို့အတွက် ရွာမှာပဲ ဝယ်လို့ရအောင်ကုန်ကြမ်းတွေကို ကိုယ့်ဆီကနေပေးတယ်။သူတို့ရက်လုပ်တဲ့ဖျာတွေကိုလည်းဒီမှာပဲပြန်တင်သွင်းခွင့်ပေးတဲ့အခါသူတို့အ တွက် တစ်ဖက်တစ်လမ်းက စရိတ်စက သက်သာစေတယ်။သူတို့ဘာသာ ကုန်ကြမ်းဝယ်ပြီး မြို့ပေါ်မှာ တင်သွင်းတဲ့ဈေးနဲ့အမတို့ဆီမှာပြန်သွင်းတဲ့ဈေးကလဲအတူတူပဲဆိုတော့သူတို့အနေနဲ့မြို့ပေါ်ထိသွားရ တဲ့ကယ်ရီခတို့ဘာတို့သက်သာတာပေါ့ “ ဟုဆိုကာ ဖျာပရောဂျက်နှင့်ပတ်သက်ပြီးပြောပြခဲ့သည်။

ယခုလိုဖျာပရောဂျက်ကိုလျှောက်ခဲ့ရခြင်းရည်ရွယ်ချက်မှာလိုအပ်သူများအားပုံမှန်ထောက်ပံ့ပေးနိုင်ရန် အမြဲတမ်းဝင်ငွေတစ်ခုရှိနေရေး နှင့် လုပ်ငန်းလုပ်ဆောင်ချင်သော်လည်း အရင်းအနှီးမရှိသူများအား အလုပ်တစ်ခုပေးနိုင်ရန် အတွက် ဖျာပရောက်ဂျက်ကို လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။  ရက်လုပ်ပြီးသားဖျာကြမ်းကို ဝယ်ယူပေးကာ အချောပြန်သပ်၍   ပြန်ရောင်းသည်ဟုဆိုသည်။ ဖျာပရော ဂျက်အားဖြင့် အလုပ်လည်းပေးနိုင် လိုအပ်သူများအားလည်းထောက်ပံ့ပေးနိုင်သည်။ ဖျာပရောဂျက်ဖြင့် ရရှိသည့်အကျိုးအမြတ်မှတစ်နှစ်လျှင်ပြည်တော်ကောင်စီသို့ငါးသောင်း၊ဒိုင်အိုသို့ငါးသောင်းပုံမှန်ပြန်လည် ပံ့ပိုးပေးရသည်ဟုဆိုသည်။ ဖျာပရောဂျက်မှ ရရှိသည့်အကျိုးအမြတ်မှ  မိသားစု ငါးစုအား ပုံမှန် ထောက်ပံ့ပေးနိုင်ပြီး ကျန်းမာရေးအရ လိုအပ်၍ လာရောက်အကူအညီ တောင်းသူများ အားလည်း ပံ့ပိုးပေးနိုင်ခဲ့သည်ဟုဆိုသည်။ဖျာပရောဂျက်ကိုဆယ့်နှစ်သိန်းကျော်ြဖင့်စတင်ခဲ့ပြီးလုပ်ငန်းလုပ် ဆောင်ခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဟုသိရသည်။ပန်းတနော်ြမို့သည် ဧရာဝတီတိုင်းထဲတွင်တည်ရှိပြီး ပန်းတနော်မြို့၏ အဓိက ထွက်ကုန်တွင် သင်ဖျာ လည်းပါဝင်သည်။

ဆက်လက်ပြီး ဟားခါးသာသနာမှ စိန့်ဗင်းဆင်းဒီပေါလ် ဒိုင်အို ဥက္ကဌ မမေရီမှလည်း “ ယခုခေတ်အချိန် အခါမှာလူတော်တော်များများကအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရတဲ့ကာလဖြစ်တယ်။ဒီချိန်မှာ မရှိ ဆင်းရဲသားဆိုတာထက်စားသောက်စရာခက်ခဲနေတဲ့လူတွေကို ကာယအတွက် လိုအပ်တဲ့ အခြေခံ စားကုန် တွေကိုတက်နိုင်သလောက်ပံ့ပိုးပေးနိုင်အောင် ဟားခါး စိန့်ဗင်းဆင်းအသင်းကနေပြီး ကြိုးစား လုပ်ဆောင်ပေးတာဒီနှစ်အတွင်းမှာမိသားစု(၉၀၀)ကျော်ကိုပံ့ပိုးပေးနိုင်တယ်။တောင်ပေါ်မှာအေးတဲ့ အတွက်ကြောင့်အဝတ်အစားတွေကိုလည်းလှူနိုင်အောင်ကြိုးစားလုပ်ဆောင်ခဲ့တယ်။ဟားခါးစိန့်ဗင်း ဆင်းရဲ့တက်နိုင်သလောက်ကြိုးစားလုပ်ဆောင်မှုကိုအသိမိတ်ဆွေတွေကသိတဲ့အခါပြည်တွင်း ပြည်ပက အသိမိတ်ဆွေတွေကသူတို့ပါပါဝင်ကူညီလှူဒါန်းပေးတဲ့အတွက်ဟားခါးသာသနာအတွင်းကဝေးလံ ခေါင်းဖျားတဲ့အရပ်ဒေသမှာရှိတဲ့သူတွေ ပံ့ပိုးကူညီပေးနေနိုင်တာြဖစ်တယ်။ “ ဟုဆိုကာ ဟားခါး သာသနာ စိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့၏ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေကို အာဗီအေကို ပြောပြခဲ့သည်။

ဟားခါးစိန့်ဗင်းဆင်းအနေအဖြင့် လိုအပ်သူများအားကူညီရာတွင် ပုံမှန်ဝင်ငွေတစ်ခုရရှိရန် စိန့်ဗင်းဆင်း ဒီပေါလ် စာရေးကိရိယာဆိုင်ကို ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်ကာလကျောင်းများ ပိတ်လိုက် ရသည့် အချိန်မှ စတင်ကာ ထိုဆိုင်မှာ ခေတ္တပိတ်ထားရပြီး ယခုချိန်ထိ ရောင်းအားနည်း သွားသည်ဟုသိရသည်။

မြန်မာနိုင်ငံအတွင်းရှိဒိုင်အိုအသီးသီးမှစိန့်ဗင်းဆင်းဒီပေါလ်အသင်းအဖွဲ့ဝင်များသည်လိုအပ်သူများ အားကူညီပံ့ပိုးရန်နည်းလမ်းမျိုးစုံဖြင့်ကြိုးစားလျက်ရှိသည်။လိပ်သိုကွန့်ဖရင့်တွင်လည်း ဖာလာ လုပ်ငန်း များကို လုပ်ဆောင်၍ လိုအပ်သူများအတွက် ရန်ပုံငွေရှာဖွေကြသည်။အင်းစိန် စိန့်ပီတာ စိန့်ပေါလ် ကွန့်ဖရန့်မှ လည်း ၎င်းတို့ကွန့်ဖရန့်အတွက် ပုံမှန်ဝင်ငွေရရှိရန် မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲရောင်း၍ ရန်ပုံငွေရှာဖွေကာလိုအပ်သူများကိုပံ့ပိုးကူညီပေးလျက်ရှိသည်။

ယခင်ကအလှူငွေကောက်ခံ၍ရရှိသည်အလှူဖြင့်သာပြန်လည်ခွဲဝေပံ့ပိုးမှုများကိုလုပ်ဆောင်ခဲ့ကြသော်လည်းယခုအခါခေတ်စနစ်ပြောင်းလဲလာသည့်နှင့်အမျှပုံမှန်ဝင်ငွေတစ်ခုရရှိရေးအတွက်ပရောဂျက်လျောက်ထားပြီးလုပ်ငန်းမှရရှိသည့်အကျိုးအမြတ်ဖြင့်ထောက်ပံ့မှုလုပ်ငန်းများကိုလုပ်ဆောင်နိုင်ခြင်းမှာလည်းကောင်းမွန်သည့်ရေရှည်စီမံကိန်းဖြစ်သည်။ထိုကဲ့သို့ပရောဂျက်လျှောက်ပါကကွန်ဖရင့်ဥက္ကဌများကအချိန်ပေးတာဝန်ယူကာလုပ်ငန်းကိုဦးစီးပေးရသည်။လုပ်ငန်းကိုကွန့်ဖရင့်၏ လက်အောက်တွင်ထားရသည်။လုပ်းငန်းမှရရှိလာသည့်အကျိုးအမြတ်ကိုပြည်တော်ကောင်စီနှင့်ဒိုင်အိုသို့တစ်နှစ်လျှင်ငါးသောင်းကျပ်ပုံမှန်ပြန်လည်ပေးသွင်းရပြီးကျန်သည့်အကျိုးအမြတ်ကိုလိုအပ်သူများအားထောက်ပံ့ရန်ကွန့်ဖရန့်ရန်ပုံငွေအဖြစ်ထားရသည်။အရင်းအနှီးကိုပြန်ဆပ်စရာမလိုသော်လည်းလုပ်ငန်းကိုအမြဲလည်ပတ်နေရမည်ဖြစ်ပြီးအရင်းအနှီးမပျောက်ပျက်အောင်ထိန်းသိမ်းရန်သက်ဆိုင်ရာ ကွန့်ဖရင့်တာဝန်ခံက တာဝန်ရှိသည်။

စိန့်ဗင်းဆင်းဒီပေါလ်၏ (၄၅)နှစ်ပြည့်ဂျူဗလီ၊ ပြည်တော်ကောင်စီ၏ (၂၀၂၂) နှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးနှင့် စိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့သားများအတွက် Global Training ကို မတ်လ (၂၅-၂၈) ရက်နေ့ထိပုသိမ်ဂိုဏ်းအုပ်သာသနာ၊ပုသိမ်မြို့၊မရမ်းချောင်း၌ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင်စိန့်ဗင်းဆင်းဒီပေါလ်အကြောင်းအထွေထွေဗဟုသုတဖြစ်စေရန်နှင့်စိန့်ဗင်းဆင်းဒီပေါလ်သင်း၏လုပ်ဆောင်မှုများအား ပိုမိုသိရှိစေရန်ရည်ရွယ်ချက်ဖြင့် ဒိုင်အိုအလိုက် ဝင်ရောက် ဖြေဆို နိုင်သော စာမေးပွဲတစ်ခုကို ပြုလုပ်ခဲ့ရာ ဟားခါးဒိုင်အိုမှ ပထမ၊ ရန်ကုန်ဒိုင်အိုမှ ဒုတိယ၊ မန္တလေးဒိုင်အိုမှ တတိယဆုတို့ကိုအသီးသီးစွတ်ခူးရရှိခဲ့သည်။

အနယ်နယ်အရပ်ရပ်ရှိဒိုင်အိုအသီးသီးမှစိန့်ဗင်းဆင်းလူကြီးလူငယ်အဖွဲ့ဝင်ပေါင်း(၁၃၀)ကျော်ပါဝင် တက်ရောက်ခဲ့ကြသည်။ပုသိမ်မြို့၌ပြုလုပ်ရခြင်းသည်ယခုနှစ်ပြည်တော်ကောင်စီအစည်းအဝေး အတွက် ပုသိမ်ဒိုင်အိုမှ အလှည့်ကျသည့်အတွက် ပုသိမ်မြို့တွင်ပြုလုပ်ရခြင်းဖြစ်သည်။ပုသိမ်ဒိုင်အိုမှ ပုသိမ်ဒိုင်အိုတွင်အမှုတော်ဆောင်ခဲ့သောသူများအတွက်သက်ကြီးပူဇော်ပွဲကိုလည်းပြုလုပ်ခဲ့သည်။သက်ကြီးပူဇော်ပွဲရင်ပုသိမ်ဒိုင်အိုမှအမှုတော်ဆောင်ဟောင်းဥက္ကဌသုံးဦးအားအလှူငွေဖြင့်ကန်တော့ခဲ့ကြ သည်။တက်ရောက်လာသူအားလုံးအတွက် ပုသိမ်ဒိုင်အိုဥက္ကဌ ဟောင်း အန်တီဒေါ်မာလာမှ ဗလာမပါ ကံစမ်းမဲကိုလည်းပြုလုပ်ပေးခဲ့သည်။

စိန့်ဗင်းဆင်းဒီပေါလ်အသင်းအား (ကူညီရိုင်းပင်းမြန်မာဖောင်ဒေးရှင်း) အမည်ဖြင့် လုပ်ငန်းများ ကိုလုပ် ဆောင်လျက်ရှိသည်။

စိန့်ဗင်းဆင်းဒီပေါလ်အသင်းသည် ချိုတဲ့နွမ်းပါးသူများအား အဘက်ဘက်မှလိုအပ်သည်များကိုကူညီပံ့ ပိုးပေးရသည့်အဖွဲတစ်ခုလည်းဖြစ်သည်။မုဆိုးမများနှင့်မိဘမဲ့ချို့တဲ့သူများအားအဓိကထား၍ကျန်းမာရေး၊ ပညာရေးနှင့်စားဝတ်နေရေးတို့အတွက် ထောက်ပံ့ပေးလျက်ရှိသည်။  

Pinky

#rvamyanmar #rvapastoralcare #LocalNews #SSVPMyanmar

 

Add new comment

1 + 15 =