နှစ်ပေါင်း(၁၅၀)တိုင်ခဲ့ပြီဖြစ်သောခရစ်ယာန်တို့အားမှိုင်းမတော်မူသောမယ်တော်သခင်မ၏ သမီးများ

ဆလေးရှင်းကျောင်းသူဟောင်းများနှင့်သီလရှင်များ၊ဘုန်းတော်ကြီးများနှင့်ဘာသာတူများ/Photo- Pinky(RVA Myanmar)

နှစ်ပေါင်း(၁၅၀)တိုင်ခဲ့ပြီဖြစ်သောခရစ်ယာန်တို့အားမှိုင်းမတော်မူသောမယ်တော်သခင်မ၏ သမီးများ

လူငယ်များ၊ အထူးသဖြင့် အခွင့်အရေးနည်းပါးသောလူငယ်မိန်းကလေးများ၏ ဘဝ ဘက်စုံဖွံ့ဖြိုး အတွက် ဆက်ကပ်လုပ်ဆောင်နေသော၊ ခရစ်ယာန်တို့အားမှိုင်းမတော်မူသော မယ်တော် သခင်မ၏ သမီးများ (ဆလေးရှင်းသီလရှင်များ)အသင်းဂိုဏ်း တည်ထောင်ခြင်း (၁၅၀)နှစ်ပြည့် ကျေးဇူးတင်မစ္ဆားတရားကို ခရစ်ယာန်တို့အား မှိုင်းမတော်မူ သော မယ်တော်သခင်မရင်ပြင်၊ နာဇရက်ကျောင်းဝင်း၊ အနီးစခန်း တွင် ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ(၆) ရက်နေ့က ကျင်းပခဲ့ပါသည်။

ဆရာတော်လုကပ်စ်ဒေါင်စဲမှဆလေးရှင်းသီလရှင်များ၏ဂျူဗလီမစ္ဆားတရားအတွင်းမြွတ်ကြားရာမှာ“ဤသူကားငါချစ်မြတ်နိုးရာငါ၏ချစ်သားချစ်သမီးပေတည်း။ဂုဏ်ယူစရာကောင်းတဲ့အချက်ပါသားသမီးကိုဂုဏ်ယူကြတယ်ချီးမွမ်းကြတယ်။။ဓမ္မဟောင်းမှာအာဗြံဟံဆိုတဲ့အမည်အလကားရလာတာမဟုတ်ဘူး။ဘုရားကိုယုံကြည်အားကိုးလွန်းသူဖြစ်တယ်။ဘုရားကိုပူဇော်အပ်နှံသူဖြစ်တယ်။မော်နေဆေးရွာလေးမှာ၁၁ပါးနဲ့စခဲ့တဲ့သာသနာပြုအသင်းဟာ အခုအခါ ကမ္ဘာမှာ အပါးပေါင်း ၁၁,၀၀၀ ကျော်ပြီ၊ မြန်မာမှာတောင် အပါး ၃၀ကျော်နေပြီဖြစ်တယ်။ဖယောင်းတိုင်ဟာမီးမလင်းပဲအများအတွက်မလင်းပဲနေရင်ဘယ်လိုမှမလှနိုင်ပါဘူး။အကျိုးပြုတဲ့သူဖြစ်ကြရမယ်။ဒွန်ဘောစကိုကအရမ်းလယ်တယ်ဆလေးရှင်းကျော့ကွင်းကမလွတ်အောင်ကျောင်းသူဟောင်းကျောင်းသားဟောင်းအဖြစ်လည်းအမည်တွေဂုဏ်ပုဒ်တွေတပ်ပေးလိုက်တယ်။ဖြောင့်မတ်တဲ့လိမ္မာရေးခြားရှိတဲ့နိုင်ငံသားဖြစ်ကြရမယ်လို့ဒွန်ဘော့စကိုကသင်ကြားခဲ့တယ်။အားလုံးအတွက်အကျုံး၀င်တဲ့သတင်းစကားဖြစ်ပါတယ်။ နှစ် ၁၅၀ တိုင် စစ္စတာရ်ကြီးတွေ အစပျိုးခဲ့တဲ့လမ်းခရီးကို လက်ရှိလူတွေအနာဂတ်ကိုဆက်လက်လျှောက်လမ်းလုပ်ကိုင်ကြရမယ်။အခက်အခဲတွေနဲ့ကြိုးစားခဲ့ကြတယ်။ခေါ်တော်မူခြင်းခံရသူများတယ်၊ရွေးကောက်ခြင်းခံရသူနည်းပါ တယ်။ဆက်လက်ပြီးရွေးကောက်ခြင်းခံရအောင်ကြိုးစားကြရအောင်။သခင်ယေဇူးကဲ့သို့ ဘူရားရှင်၏ချစ်သားချစ်သမီးဖြစ်နိုင်အာင်ကြိုးစားကြပါစို့။ဘုရားရှင်၏ကောင်းကြီးမင်္ဂလာနှင့်  ပြည့်၀ကြပါစေ။” ဟု မြွတ်ကြားခဲ့ပါသည်။

အနီးစခန်း၊မော်နေစေးကျောင်းမှအကြီးအကဲဖြစ်သူ Sr. Lucia လုဖာကလည်း  ဆလေးရှင်းအသင်းဂိုဏ်း နှစ်(၁၅၀) ပြည့်ဂျူဗလီသတင်းစကား ပြောပြရာ၌

 “ နှစ်တစ်ရာ့ငါးဆယ်ဂျူဗလီပွဲဟာဆိုရင် စစ္စတာရ်တို့ ဆလေးရှင်းအသင်းဂိုဏ်းအတွက် ပဲမဟုတ်ဘဲနဲ့ ကမ္ဘာသူ ကမ္ဘာသား လူသားတိုင်းပေါ်မှာ ဘုရားရဲ့ ဂျူဗလီကျေးဇူးတော် များသက်ရောက်ကာ အထူးသဖြင့် မြန်မာနိုင်ငံမှာ တရားမျှတမှုနှင့် ငြိမ်းချမ်းခြင်းရရှိဖို့ရန် အတွက် ပါဝင်ကူညီပေးနေကြတဲ့ လူငယ်မောင်မယ်များနှင့်ပြည်သူပြည်သားများအပေါ် ဘုရားရဲ့ဆောင်မခြင်းကျေးဇူးတော်သက်ရောက်ပြီး၊ ဘုရားရဲ့အလင်းကျေးဇူးတော် ရရှိ ကြပါစေလို့ စစ္စတာရ်တို့ အသင်းဂိုဏ်းကနေ မေတ္တာပို့ပါတယ်။“ ဟု ဆိုကာ ဂျူဗလီသတင်းစကားကို RVA ကိုပြောပြခဲ့ပါသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆလေးရှင်း ကျောင်းသူဟောင်း၏ ဥက္ကဌ တစ်ဦးဖြစ်သူ မမေရီဂျာအွန်လုကလည်း “ကျမက ရှစ်တန်းနှစ်မှာ ဆလေးရှင်းစစ္စတာ ကျောင်းမှာ ကျောင်းလာတက်တာ။ ဆလေးရှင်းကျောင်းသားဟောင်းတွေဆီကနေ ဆလေးရှင်း ကျောင်းက တကယ်ပဲစည်းကမ်းရှိတယ်။ သူတို့ လူငယ်တွေကို ပြုစုပျိုးထောင်ပေး တာဟာတကယ်ပဲကောင်းတယ်ဆိုတာကိုကြားပြီးတော့စစ္စတို့ကျောင်းကိုရောက်သွားတာ။စစ္စတာရ်တို့နဲ့ နေခဲ့ရတဲ့အတွက် တန်ဖိုးရှိတဲ့အရာတွေကို ရရှိခဲ့တယ်။ စစ္စတာရ် တွေဟာကျောင်းသူတွေအပေါ်မှာအမြဲတမ်းတန်းတူညီမျှဆက်ဆံပေးခဲ့တာတွေကိုအတုယူခဲ့ရတယ်။စစ္စတာရ်တွေကအမြဲတမ်း ကလေးတွေအတွက်ပဲ တည်ရှိနေတာကို မြင်ရတဲ့ ဝမ်းသာပြီး သူတို့ဆီက အတုယူစရာတွေ အများကြီးရခဲ့တယ်။အဲ့လိုကနေ  ကျမကိုယ်တိုင်ဘော်ဒါဆောင်ကို (၁၈) နှစ်တိုင် စစ္စတာရ်တို့ ရဲ့ စံနမူနာကိုယူပြီး ကျောင်းသူ၊ကျောင်းသားပေါင်း (၇၀၀)ကျော်ကို ပညာသင်ပေးနိုင်ခဲ့တယ်။ရှိတဲ့သူဆီက ပညာသင်စရိတ်ယူပြီးမရှိတဲ့သူတွေကိုတော့ပညာဒါနလုပ်ပေးလိုက်တယ်။ယခုလက်ရှိမှာလည်းအမျိုးသမီးဖွံ့ဖြိုးရေးနဲ့ပညာသင်ပေးတဲ့နေရာမှာနည်းပြအဖြစ်လက်ရှိလုပ်နေတယ်။လုပ်ငန်းတွေကိုဦးစီးပြီးလုပ်နေနိုင်တာဟာစစ္စတာရ်တို့ရဲ့ကျေးဇူးကြောင့်ဖြစ်တယ်။သူတို့တွေဆီကနွေးထွေးမှုတွေကိုခုထိရနေဆဲပဲ။ဆလေးရှင်းစစ္စတာရ်တွေကြောင့်လုပ် ငန်းလုပ်တဲ့နေရာမှာလည်းအမြဲတမ်းခွန်အားတွေရရှိနေ တယ်။ ဆလေးရှင်း စစ္စတာရ်များ တည်ရှိနေတာဟာ အမျိုးသမီးလူငယ်တွေအတွက် တန်ဖိုးရှိတဲ့ ဆုလာဘ်ကြီး ရရှိသလို စိတ်ထဲမှာခံစားရတယ်။စစ္စတာရ်တို့တည်ရှိနေခြင်းအတွက်အမြဲတမ်းပီတိတွေဖြစ်ရ တယ်။”ဟုမိမိကိုယ်တိုင်လဲဦးဆောင်နိုင်သူတစ်ဦးဖြစ်သလိုအမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတတ်ရေးအတွက်လည်း ပညာပေးလုပ်ငန်းများစွာကို ပြန်လည်ဝေမျှ လက်ဆင့် ကမ်းနိုင် တဲ့သူတစ်ဦးဖြစ်လာခဲ့သည့်(၁၉၉၇)ခုနှစ်မှကျောင်းသူဟောင်းမမေရီဂျာအွန်နုကဆလေးရှင်းသီလရှင်များကြောင့်သူမရရှိခဲ့သည့်အကျိုးကျေးဇူးများကိုRVAကို ပြောပြခဲ့ပါသည်။

ခရစ်ယာန်တို့အား မှိုင်းမတော်မူသော မယ်တော်သခင်မ၏ သမီးများ အသင်းဂိုဏ်းကို ၁၈၇၂ ခုနှစ် ၊ ဩဂုတ်လ (၅) ရက်နေ့က အီတလီနိုင်ငံ မြောက်ပိုင်း၊ အလက်ဇန္ဒရီးယားနယ်၊ မော်နေဆေးရွာလေးတွင် ရဟန္တာဒွန်ဘောစကိုနှင့် ရဟန္တာမ မေရီဒိုမေးနီကား မာဇရဲလိုတို့က စတင်တည်ထောင်ခဲ့သည်။

 ဆလေးရှင်းသီလရှင်များသည် နိုင်ငံပေါင်း ၉၇ နိုင်ငံတွင်ရှိပြီး သီလရှင် အပါးပေါင်း ၁၁,၀၀၀ ကျော်ခန့်ရှိသည့် သာသနာပြုအသင်း ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပါသည်။

ဆလေးရှင်းသီလရှင်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အခွင့်အရေးနည်းပါးသော လူငယ် များ ဘက်စုံဖွံ့ဖြိုးတိုးတတ်ကာ ပြည့်ဝပျော်ရွှင်သည့် အသက်တာရရှိဖို့ရန်နှင့် ဝိညာဉ် ကယ်တင်ခြင်းရရှိဖို့ရန်အတွက် ဘက်စုံပညာပေးခြင်းသည် ၎င်းတို့၏ အဓိက သာသနာ ပြုလုပ်ငန်းဖြစ်ပါသည်။

စာသင်ကျောင်းများ၊အမျိုးသမီးငယ်များဖွံ့ဖြိုးတိုးတတ်ရေးသင်တန်းကျောင်းများ၊ ဘော်ဒါများ၊မိဘမဲ့ဂေဟာများ၊ လူငယ်ကုသမှုစင်တာများ၊ ကွန်ပျူတာသင်တန်းကျောင်း များ၊ စသည့် ပညာပေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြပါသည်။

News By – Pinky

 

Add new comment

5 + 7 =