စစ္စတာရ် Nathalie Becquart သည် ဆီနော့ညီလာခံ၌မဲပေးပိုင်ခွင့်ရှိသော တစ်ဦးတည်းသောအမျိုးသမီးဖြစ်ဟုဆို

စစ္စတာရ် Nathalie Becquart သည် ဆီနော့ညီလာခံ၌မဲပေးပိုင်ခွင့်ရှိသော တစ်ဦးတည်းသောအမျိုးသမီးဖြစ်ဟုဆို

စစ္စတာရ် Nathalie Becquart သည် ဆီနော့ညီလာခံ၌မဲပေးပိုင်ခွင့်ရှိသော တစ်ဦးတည်းသောအမျိုးသမီးဖြစ်ဟုဆို

ဗာတီကန်၌ ဆီနော့ (ဓမ္မညီလာခံ) ကိုပြီးခဲ့သောလက ခမ်းနားကြီးကျယ်စွာဖွင့်လှစ်ခဲ့သည်။ သို့သော် ဆီနော့ ၏အဖွဲ့၀င်များဆိုသည်မှာ မည်သို့ဆိုလိုသည်ကိုနားမလည်ကြသူများလည်းရှိနေပါသေးသည်။

စစ္စတာရ် Nathalie Becquart သည် ဆီးနော့၌ မဲပိုင်ခွင့်ရှိသည့် တစ်ဉီးတည်းသော အမျိုးသမီးတစ်ဉီးဖြစ်ပြီးသူမကို မေးမြန်းခဲ့ရာ၊  ဤဆီနော့၌ သူမ ၏အဓိကတာ၀န်မှာ ဆီနော့နှင့်ပတ်သက်၍ ကမ္ဘာကြီးအားရှင်းပြရန်ဖြစ်သည်ဟုဆိုသည်။

ဆီနော့ဟုပြောလျှင် စိတ္တဇနာမ်ဖြစ်၍ နားလည်ရန်ခက်ခဲပေမည်။ သို့သော်ဆီနော့နှင့်သာသနာကိုချိပ်စက်လိုက်လျှင်မူထပ်တူကျသွားသည်။ အလွယ်တကူ နားလည်အောင်ပြောရလျှင် အမိသာသနာတော်ကြီးအကြောင်းသာဖြစ်သည်။ မည်သို့သော သာသနာတော်မျိုးကို ယနေ့ ကျွန်ုပ်တို့ပုံဖော်ထုဆစ်ချင်ပါသနည်း။ သို့မဟုတ် ဘုရားသခင်သည် အမိသာသနာတော်ကြီးအား ယနေ့ခေတ်ကာလ၌အဘယ်သို့အမှုတော်ဆောင်စေလိုသနည်းဆိုသည်ကိုပုံဖော်နေခြင်းဖြစ်သည်။ ဘုရားသခင်သည် သာသနာတော်ကြီးကို လူများနှင့်အတူရှိနေစေချင်သည်။ လူများသို့အရောက်သွားစေချင်သည်။ ခေတ်ကာလ၏လိုအပ်ချက်ကိုဖြည့် ဆည်းပေးနေသော သာသနာတော်ကြီးဖြစ်စေချင်သည်။

ကျွန်ုပ်တို့၏ကမ္ဘာကြီးသည် လျင်မြန်စွာပြောင်းလဲနေသည်ကိုလူတိုင်းလက်ခံကြသည်။ ကမ္ဘာကြီးသည် ကပ် ရောဂါဆိုးကြီး၏လှိုင်းဂယက်မှရုန်းထွက်ခါစရှိသည်။ ထို့ကြောင့် ကပ်ရောဂါဆိုးမဖြစ် ခင်အခြေအနေနှင့်ဖြစ်ပြီးနောက် ပိုင်းအခြေအနေသည် မတူနိုင်တော့ပေ။ ပြောင်းလဲရမည်။ သာသနာတော်ကြီးသည်လည်း ကမ္ဘာကြီးထဲ၌ရှိနေသည်။ ကမ္ဘာကြီးကြောင့်ရှိနေသည်။ သို့သော် ဘုရားသခင်၏အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နိုင်ရန် အကောင်းဆုံးနည်း လမ်းကို ဖွေရှာရမည်။ ဆန်းစစ်ရမည်။

လမ်းအကြောင်းအသစ်ကိုထွင်လျှောက်ရန်မှာခက်ခဲပါသည်။ ထို့ကြောင့် စိုးရိမ် စိတ်ကိန်းနေခြင်းမှာဖြစ်တတ်ပါသည်။ ခရီးပေါက်စေမည့် ရေစီးသန်ရာကိုလိုက်ရှာတတ်ရသည်။ ကျွန်ုပ်တို့၏ဘ၀၌ လည်းထို့အတူပင်။ သင်တို့၌အသက်ရှင်သန်ရန်၊ အစေခံရန်၊ ငြိမ်းချမ်းစေရန်၊ ပျော်ရွှင်မူရှိစေရန် စိတ်ကောင်းရှိကြ သည်။ ကြောက်ရွံ့စိတ်၊ ပူပန်စိတ်၊ ပြဿနာများကိုရင်ဆိုင်ရမည်။  အသင်းတော်ကြီးရဲ့ရှေးအကျဆုံးပုံရိပ်တစ်ခုက ပင်လယ်ထဲက  သင်္ဘောဖြစ်ပြီး ရေနက်ရာကို ရွှေ့ချရန်မကြောက်တဲ့ အသင်းတော်ဖြစ်ကြောင်းနဲ့ ပင်လယ်ပြင်ခရီးသွားသည့်အဖြစ်မျိုးကိုနားလည်ရ မည်ဖြစ်ကြောင်း သူမကရှင်းပြခဲ့ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Rome Reports/google images

https://bit.ly/3DgLiMu

Add new comment

6 + 1 =