ကြွေလွင့်သွားသော အာဇာနည်သူရဲကောင်းများအတွက်   ဆုတောင်းမေတ္တာ

  ကြွေလွင့်သွားသော အာဇာနည်သူရဲကောင်းများအတွက်   ဆုတောင်းမေတ္တာ

  ကြွေလွင့်သွားသော အာဇာနည်သူရဲကောင်းများအတွက်   ဆုတောင်းမေတ္တာ

          ငြိမ်းချမ်းရေး၏ အရှင်သခင်ဖြစ်တော်မူသော အိုထာဝရမြတ်စွာဘုရားသခင် တပည့်တော်တို့၏ အမိ မြန်မာ နိင်ငံ‌တော်ကြီးကို အမြန်ဆုံးငြိမ်းချမ်းသာယာမှုရရှိစေပြီး တရားမျှ‌တစေတော်မူပါ။ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ဝင်ရင်း ကြွေလွင့်သွားခဲ့ကြသော အာဇာနည်သူရဲကောင်းများကို တပည့်တော်တို့ ဂုဏ်ပြူကြပါသည်။ ချီးမွမ်း ကြပါ သည်။ ကျေးဇူးတင်ကြပါသည်။

         အများပြည်သူ ငြိမ်းချမ်းရေးအတွက် ရှေ့တန်းမှာကြိုးစားပေးခဲ့ကြသော ရဲရင့်သောနှလုံးလှပိုင်ရှင်များ၏ ဝိညာဉ် များကို သတိရတော်မူပါ။ ထိုသူတို့ အားလုံးသည် ဘာသာတရားများ၊ ရိုးရာယဉ်ကျေးမူများ၊ လူမျိုးများ မတူညီကြသော် လည်း တူညီသော ရည်မှန်းချက်၊ ပြတ်သားသော ဦးတည်ချက်များဖြင့် အတူယှဉ်တွဲကာ ကြိုးပမ်း‌ ခဲ့ကြ သော တပည့်တော်တို့၏ မိတ်ဆွေညီအစ်ကို မောင်နှမများဖြစ်ကြပါသည်။

       သူတို့ပေးဆပ်ခဲ့သော အသွေးအားဖြင့် မြန်မာပြည်ကြီးကို သန့်စင်စေတော်မူပါ။ ဆေးကြောပေးတော်မူပါ။ အထူးသဖြင့် သူတို့၏အသွေးးအားဖြင့် အမှောင်ထဲမှာ ကျင်လည် လျှောက်လှမ်းနေသော အပြစ်သားများ၊ စိတ်နှ လုံးတင်း မာခက်ထန်နေသူများ၊အသိညဏ်အမှောင်ဖုံးလွှမ်း၍ ရက်စက်ကြမ်းကြုတ်နေကြသူများ၊ ပြည်သူများ ကောင်း စားရေးကို မလိုလားသောနတ်ဆိုး၏နောက်လိုက်ကျေးကျွန်များအားလုံးကို ဆေးကြော သန့်စင်ပေး တော်မူပါ။ ပြုပြင်ပြောင်းလဲပေးတော်မူပါ။ မည်သည့်လောကီအာဏာမျှ မတည်မြဲကြောင်း သူတို့ အားသိရှိစေ တော်မူပါ။

      အာဇာနည်တို့၏ အသွေးသည်အချည်းနှီးမဖြစ်စေပဲ တနေ့သောအချိန်၌ အောင်မြင်မှုပန်းတိုင်ကို အမှန်တ ကယ်ရောက်ရှိစေတော်မူပါ။ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း အသွေးအားဖြင့် ဆေးကြောခြင်း ခံယူခဲ့ ကြ သောကိုယ်တော်ရှင်၏သားသမီးးများကို ကိုယ်တော်၏ကောင်းကင်နိင်ငံတော်၌လည်းဂုဏ်ပြုတော်မူပါ။ ချီး မြှောက်တော်မူပါ။

      နောက်ဆုံးသောနေ့ရက်၌ စစ်မှန်သော ငြိမ်းချမ်းမှုတည်ရှိရာ ကောင်းကင်ရွှေပြည်တော်ဝယ် အာဇာနည် သူရဲ ကောင်းများနှင့် ပြန်လည်ဆုံဆည်းနိင်ကြပြီး ဂုဏ်ပြုချီးမွမ်းနိုင်ခွင့်ကို ရရှိစေပါမည့်အကြောင်း တရားမျှတမှု၏ နေမင်းဖြစ် သော ကိုယ်တော်ရှင်ထံ တပည့်တော်တို့တောင်းလျှောက်အသနားခံကြပါသည်ဘုရား။   အာမင်။

 

Fr. Aloysius NMS

Archdiocese of Mandalay

Add new comment

5 + 3 =