What is Lent?  ၀ါတွင်းဆိုသည်မှာ

What is Lent?  ၀ါတွင်းဆိုသည်မှာ

            (၂၀၂၂) ၏၀ါတွင်းကာလသည် မတ်လ (၂) ရက်နေ့၌ ပြာခံ၍စတင်တော့မည်ဖြစ်သည်။ ၀ါတွင်း ကာလသည် (၆) ပတ်ရှိသောကြောင့် အာဒ်၀င်တူးကာ လ ထက်ရှည်ကြာသည်။ ၀ါတွင်းကာလသည် ပါစ ကား ပွဲတော် အထိဆက်သွားမည်ဖြစ်သည်။ ပါစကားတနဂ်နွေအပြီး၌ ပါစကားကာလ ထပ်မံ ဆက်သွား မည်ဖြစ် ၍ ပါစကားကာလသည်လည်း ရက်ပေါင်း (၅၀) ကြာမည်ဖြစ်သည်။ ၀ါတွင်းကာ လ သည် ‘Easter Triduum’ (ပါစကားပွဲတော်ကိုကြိုတင်ပြင်ဆင်သော အခါကြီး ရက်ကြီးသုံးရက်) ဖြင့် အဆုံး သတ်သည်။

            ၀ါတွင်းကာလနှင့်စပ်လျင်း၍ ရဟန်းမင်းကြီးဖရန်စစ်က (ဖေဖော်၀ါရီ၊ ၁၇၊ ၂၀၂၁) ၌ ‘၀ါတွင်း ကာလ သည် အများနှင့်ပြောဆိုဆက်ဆံပေါင်းသင်း လုပ်ကိုင်ရာ၌ အတွင်းအပြင် နှစ်ပိုင်းလုံး ကိုနှိမ့်ချရ မည့် အချိန် ကာလဖြစ်သည်။ ကယ်တင်ခြင်းသည် ဘုန်းတော်သို့ကြွတက်ခြင်းမဟုတ်။ သို့သော် ချစ်ခြင်း၌ နှိမ့်ချ ခြင်းဖြစ်သည်။ မိမိကိုယ်ကို အထာပေး၍ လူတွင်ကျယ်ဖြစ်ရန်မဟုတ်။ တိုးတိတ် နှိမ့်ချစွာ နေထိုင် ရမည့် အချိန်ဖြစ်သည်’ ဟုမိန်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရက်‌ပေါင်း (၄၀) ကာလကို ‘ကျွန် ဘ၀မှလွှတ်မြောက်လွတ်လပ်ခြင်း၊ ဘုရားသခင်၏လူမျိုးတော် အီဂျစ်ပြည်မှ တောကန္တရ၌ နှစ် ပေါင်း (၄၀) သွားလာခဲ့ ပြီး၊ မိမိတို့၏နေရင်း ပြည်သို့ပြန်လည် ရောက်ရှိသွား ခြင်း’နှင့်နှိုင်း ယှဉ်ပြ ထား သည်။  ဆက်လက်၍ ရဟန်းမင်းကြီးက ‘ကျွန်ုပ်တို့၏ ဘုရားသခင်အိမ်တော်ပြန်ရာ လမ်း၌ မှုမမှန်သော တွယ်တာတပ်မက်မှုများက ကျွန်ုပ်တို့၏လမ်းခရီးကို ကျန့်ကြာနှောက်နှေးစေသည်။ ကျွန်ုပ်တို့အပြစ်များ၊ ငွေကြေး၊ အပေါ်ယံအလှအပများ၊ အလိုမကျ၊ မရောင့်ရဲနိုင်သော ဖြားယောင်းသွေးဆောင်မှုများကြောင့် နောက် ကောက်ပြန်ကျသွားနေကြသည်။ ဤ၀ါတွင်းခရီးကိုတာရောက်အောင်နှင်ချင်ပါက အထက် က ဆိုခဲ့ သော မရေရာ၊ မမှန်ကန်သောမျက်နှာဖုံးများကိုချွတ်ခွာရမည်။ ဤ၀ါတွင်းကာလကို အကျိုးရှိထိ ရောက်စွာ ကျင့်ကြံရှင်သန်ရန် ဧဝံဂေလိကျမ်စာ က အချက် (၃) ချက်ကို လမ်းညွှန်ပေးထားပါသည်။ ၄င်း တို့မှာ (၁) အလှူအဒါန်းပြုခြင်း၊ (၂) ဆုတောင်းခြင်း၊ (၃) ၀ါ‌ရှောင်ခြင်းတို့ဖြစ်ကြသည်။

            ဤ၀ါတွင်းကျင့်စဉ် (၃) ခုသည် ကျွန်ုပ်တို့အား မည်သည့်အခါမျှ အရောင်မှေး မှိန်လွင့် ပြယ်ခြင်း မရှိသော အမှန်တရားဆီသို့ပြန်လည်ပို့ဆောင်ပေးသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ပြန်လည် ပေါင်းစည်းစေသည်။ ကရုဏာရေးလုပ်ငန်းသည် ကျွန်ုပ်တို့၏နီးစပ်သူများနှင့်ပြန်လည်နီးစပ်စေသည်။ ၀ါ ရှောင် ခြင်းသည် ကျွန်ုပ်တို့ကိုယ်ကိုပြန်လည်နီးစပ်သွားစေသည်။ ဘုရားသခင်၊ ကျွန်ုပ် ၏နီးစပ် သူနှင့် ကျွန်ုပ်အသက်သည် မည်သည့်အခါမျှမှေးမှိန်ပျောက်ကွယ်သွားမည်မဟုတ်သော အမှန်တရားဖြစ်သည်။ ဤ၀ါတွင်း ကျင့်စဉ်ကို ကျင့်ကြံခြင်းသည်အလွန်ကောင်းပါသည်။ သို့သော် စိတ်ထားမှန် ကန်ဖြူစင် ရန်လို အပ်သည်။

            (ဖေဖော်၀ါရီ ၂၆၊ ၂၀၂၀) ၀ါတွင်းက ၀ါတွင်း၀တ္တရားကိုဖြည့်ဆည်းရာ၌ ဟန်ဆောင် လှည့်စား မှုကင်းရန် နှင့်လူအထင်ကြီးစေရန်လုပ်ဆောင်ခြင်းကို ရှောင်ရန်၊ မကြာခဏလူအထင်ကြီးစေရန်၊ ကြည့် ကောင်း စေရန်၊ မိမိကိုယ်မိမိကျေနပ်ရုံ ရည်ရွယ်၍လုပ်ဆောင်ခဲ့သည်များကို ပြန်လည် ဆင်ခြင်ပြု ပြင်ရ မည်။ ကက်သလစ်ဘာသာတူများကြား၌ ၀ါတွင်းကျင့်စဉ်အဖြစ် ပူဇော်ခြိုခြံခြင်းကို ရက် (၄၀) ပြုလုပ် တတ် ကြသည်။ ထိုလုပ်ရပ်မှာ အဘယ်အရာနှင့်တူသနည်းဟုမှု ချိုချဉ် အလွန်ကြိုက်သောကလေးသည် ထို၀ါ တွင်းကာလ၌ ချိုချဉ်မစားဘဲရှောင်ခြင်းကဲ့သို့ဖြစ်၏။ ကောင်းပါသည်။ သို့သော် ယခုထက် ပိုမိုလေး နက် သော ပြုပြင် ပြောင်းလဲခြင်းမှာ သူ့ထံပြန်လာရန်ဖိတ်ခေါ်နေသောဘုရားသခင်၏အသံကိုထူး၍ သူ့ ထံ အမှန်တကယ်ပြန်လှည့်သွားရန်နှင့်အချစ်ခံရ၊ပျော်ရွှင်မှုကိုပြန်လည်ခံစား ကြည့်ရန် ဖြစ်သည် ဟုမိန့် ကြားခဲ့သည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo couresy of: Bibilium 

https://bit.ly/3piugZx

 

 

Add new comment

16 + 3 =