Pope Francis ၏သြဝါဒ - ပါစကားပွဲနေ့အကြို ညနေခင်းမစ္ဆားတရား၊ ဧပြီ ၁၁၊ ၂၀၂၀

Pope Francis ၏သြဝါဒ - ပါစကားပွဲနေ့အကြို ညနေခင်းမစ္ဆားတရား၊ ဧပြီ ၁၁၊ ၂၀၂၀

Pope Francis ၏သြဝါဒ - ပါစကားပွဲနေ့အကြို ညနေခင်းမစ္ဆားတရား၊ ဧပြီ ၁၁၊ ၂၀၂၀

          ဥပုသ်နေ့လွန်မြောက်သောအခါ (မာတေဦး ၂၈ : ၁) အမျိုးသမီးတစ်စုသည် သင်္ချိုင်းဂူရှိရာသို့ သွားခဲ့ ကြ၏။ အထက်ပါ စာစုများနဲ့ ဒီနှစ်ရဲ့ ပါစကားပွဲနေ့ အကြိုညနေခင်းကို ဧဝံဂေလိ ကျမ်းက အစချီ ထား ပါတယ်။ ဒီကနေ့ဟာဆိုရင်လည်း ကျွန်ုပ်တို့အားလုံးဟာ သောကြာနေ့ကြီး ကိုဖြတ်ကျော်ပြီး ပါ စ ကား ပွဲနေ့ တနင်္ဂနွေ အာလေလူးယား လို့ ဟစ်ကြွေးဖို့ ဦးတည်နေတဲ့ နေ့ရက်လည်းဖြစ်ပါတယ်။ သို့ပါ သော် လည်း ဒီနှစ်မှာ ဘယ်သောအခါကမှ မကြုံစဖူးတဲ့ ခြောက်ကပ်တိတ်ဆိတ်လှတဲ့ သန့်ရှင်း သောစ နေနေ့ကြီး ရဲ့ အတွေ့အကြုံကိုကျွန်ုပ်တို့ခံစားနေကြရပါတယ်။

          ဒီအမျိုးသမီးတစ်စုရဲ့နေရာထဲမှာ ကျွန်ုပ်တို့ကိုယ်တိုင် ဝင်ရောက်မြင်ယောင်ကြည့်မယ်ဆိုရင် သူ တို့ဟာ လည်း ကျွန်ုပ်တို့လိုပဲ ရုတ်ကနဲအချိန်အတွင်း သူတို့မျက်စိရှေ့မှာဖြစ်ပျက်သွားတဲ့ မျှော်လင့် မထား တဲ့ ကြေကွဲနာကြင်ဖွယ်ရာ ကိုယ်စိတ်ဒုက္ခ ညှဉ်းပန်းမှုတွေကို ခံစားခဲ့ကြပြီးဖြစ်ပါတယ်။ သူတို့ မြင် တွေ့ ခဲ့ရတဲ့ သေခြင်းတရားဟာ သူတို့ကို ဖိစီးမှုဖြစ်စေပါတယ်။ သူတို့ ဆရာသခင်အတိုင်းပဲ ဒုက္ခ ဝေဒ နာ တွေ ခံထမ်း ရတော့မလားရယ်လို့ နာကျင်ခြင်းနဲ့ ကြောက်ရွံ့ခြင်း ခံစားမှုတွေဟာလည်း ရောထွေး နေခဲ့ ပါ တယ်။ အနာ ဂတ်မှာ ပြန်လည်ဆောက်တည်ရမှာတွေကိုတွေးပြီး ကြောက်ရွံ့မှု၊ ရင်နင့်စရာဖြစ်ရပ်၊ မျှော် လင့် ခြင်းတွေ ပြတ်တောက်သွားတာ အားလုံးဟာ ငါတို့ ခံစားနေရသလိုပဲ သူတို့အတွက်လည်း အမှောင် မိုက်ဆုံးကာလ တွေ ဖြစ်ခဲ့ပါတယ်။

          ဒါပေမဲ့လည်း ဒီအမျိုးသမီးတွေဟာ ဒီအခြေအနေက သူတို့ကို ရပ်တန့်မသွားနိုင်စေဖို့ လက်မ လျှော့လိုက်ကြပါဘူး။ သူတို့ကိုယ်သူတို့ ဝမ်းနည်းပက်လက်ယူကျုံးမရဖြစ်ပြီး မှုံကုပ်ကုပ်ဖြစ်နေတာမျိုး လက်တွေ့ ဘဝကြီးကနေ ရှောင်ပြေးတာမျိုးတွေ မလုပ်ခဲ့ကြပါဘူး။ သူတို့ပြုလုပ်ခဲ့တာက သာမန် ရိုးရိုး လေး နဲ့ ထူးခြားမှုရှိလှတဲ့ အမွှေးနံ့သာတွေကို အိမ်မှာပြင်ဆင်ပြီး သခင်ယေဇူးရဲ့ ခန္ဓာ ကိုယ်ကို လိမ်း ကျံ ပေး ဖို့ပါပဲ။ နှလုံးသားရဲ့ အမိုက်မှောင်ဆုံးအချိန်မှာလည်း သူတို့ရဲ့ချစ်ခြင်းကို မရပ်တန့်ခဲ့ကြဘဲ ကြင် နာ ခြင်း မီးတောက် ကို ထွန်းညှိခဲ့ကြပါတယ်။ ဘုရားရှင်ရဲ့ မယ်တော်ဟာ သူမကို ဆုတောင်းမေတ္တာနဲ့ မျှော် လင့် ခြင်း၌ အပ် နှင်းပူဇော်မယ့်ည အဲဒီ စနေနေ့ ညတစ်ညကို ဖြတ်သန်းခဲ့ရပါတယ်။ သူမဟာ ပူဆွေး ဝမ်း နည်း ခြင်းကို ဘုရားရှင်ထံ၌ ယုံကြည်ကိုးစားခြင်း၌သာ တုံ့ပြန်ခဲ့ပါတယ်။ ဘာဖြစ်မယ်မှန်း သိမထား တဲ့ အမျိုးသမီးတွေ ဟာ အဲဒီဥပုသ်နေ့ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ သတင်းပတ်ရဲ့ ပထမဦးဆုံးနေ့ အ ရုဏ် ဦးအချိန် သမိုင်းကြောင်းကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်မယ့်နေ့အတွက် ပြင်ဆင်မှုတွေကို ပြု လုပ်နေခဲ့ကြပါ တယ်။ သခင်ယေဇူးဟာ မြေနက်ထဲမှာ မြှုပ်နှံခံရတဲ့ သစ်စေ့တစ်စေ့က အဖူး အပွင့် သစ် တွေဒီကမ္ဘာကြီး ထဲမှာ ပြန်လည်လူးလွန့်သလိုပဲ အဲဒီအမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ မျှော် လင့်ခြင်း တွေက မျှော်လင့် ခြင်းပန်းများကို ပွင့်လန်းစေပါတယ်။

          အမျိုးသမီးတစ်စုဟာ နံနက်အရုဏ်တက်ချိန်မှာ သင်္ချိုင်းဂူရှိရာကို သွားခဲ့ကြတယ်။ အဲဒီမှာ သိ ကြား တမန်တော်ကသူတို့ကို ကြောက်ရွံ့ခြင်း မရှိကြနှင့်။ သခင်ခရစ်တော်သည် ရှင်ပြန်တော်မူပြီ။ ဤ အ ရပ်၌ မရှိ။ (မာတေဦး ၂၈:၅၊၆) ဆိုတဲ့စကားသံကို သင်္ချိုင်းဂူရှေ့မှာ ရပ်နေလျက်နဲ့ ကြားခဲ့ကြရတယ်။ အဲဒီ နောက်ပိုင်းမှာတော့ မျှော်လင့်ခြင်းများကို ပြည့်ဝစေသူ၊ မကြောက်ရွံ့ကြနှင့် (မာတေဦး ၂၈:၁၀) ဆိုသော စကားကို အတည်ပြုပေးသူ သခင်ယေဇူးနဲ့ ဆုံတွေ့ခဲ့ကြပါတယ်။ ဒီကနေ့မှာ ဒီမျှော်လင့်ခြင်းရဲ့ သတင်း စ ကားဟာ ကျွန်ုပ်တို့အတွက် ရည်ညွှန်းနေပါတယ်။ ဒီစကားတွေကို ဘုရားရှင် ဒီကနေ့၊ ဒီညမှာ ကျွန်ုပ်တို့ ကို ထပ်ခါတလဲလဲ ပြောကြားနေပါတယ်။

          ဒီကနေ့ညမှာတော့ လုံးဝအခြေအမြစ်ခိုင်မာပြီး ကျွန်ုပ်တို့ဆီကနေ နှုတ်ယူသွားလို့မရနိုင်တဲ့ “မျှော် လင့်ချက်ထားနိုင်ခြင်း”ဆိုတဲ့အရာကို ကျွန်ုပ်တို့ရရှိခဲ့ပါပြီ။ အဲဒါကတော့ ဘုရားရှင်ထံမှလာတဲ့ သစ် လွင် ခြင်း နဲ့ မျှော်လင့်ခြင်း၌ ရှင်သန်ခြင်းပဲဖြစ်ပါတယ်။ ဒီအချက်ဟာအကောင်မြင်ရုံလေးသက်သက်၊ နောက် ကျောပုတ်စနောက်ရုံ၊ အရည်မရ အဖတ်မရစကားတွေကို ပြုံးတုံ့လှယ်ပြီး ပြောနေတာမဟုတ်ပါဘူး။

          ငါတို့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့မရနိုင်တဲ့ ကောင်းကင်က ဆုလာဒ်တစ်ခုသာဖြစ်ပါတယ်။ ဒီအတော အတွင်း တွေမှာ ကျွန်ုပ်တို့ဟာ လူသားရဲ့ လှပနှစ်လိုဖွယ်ကောင်းခြင်းမှာ ဖက်တွယ်ရင်း “အားလုံးကောင်း သွားမှာပါလို့”တစ်ဦးနဲ့တစ်ဦး စိတ်ဓာတ်မြှင့်တင်ရင်း ထပ်ခါတလဲလဲ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ လည်း နေ့ရက်တွေသာ ကုန်ဆုံးသွားတာနဲ့အမျှ ကြောက်ရွံ့ခြင်းကသာ ကြီးထွားလာပြီး တောက်ပလှတဲ့ မျှော် လင့် ချက်တွေတောင် တစ်စတစ်စနဲ့ ပျက်ပြယ်သွားနိုင်စွမ်းရှိပါတယ်။ သခင်ယေဇူးရဲ့ “မျှော် လင့် ခြင်းကတော့ တခြားစီဖြစ်ပါတယ်။ သူက ဘုရားရှင်က အရာအားလုံးကို အကောင်းပကတိ ဖြစ်စေ နိုင် တယ် ဆိုတဲ့ ယုံ ကြည်ချက်ကို ကျွန်ုပ်တို့ နှလုံးသားထဲမှာ စိုက်ပျိုးပေးထားပါတယ်။ အကြောင်းကတော့ ဂူ သင်္ချိုင်း ထဲကလူ ကိုတောင် ဘုရားရှင်က အသက်ကိုဆောင်ကြဉ်းပေးလို့ပဲ ဖြစ်ပါတယ်။

          သင်္ချိုင်းဂူဆိုတာ ဝင်သွားပြီးသူတိုင်း နေရတဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့ သခင်ယေဇူးဟာ သေခြင်း ရှိတဲ့ အရပ်မှာ ရှင်သန်ခြင်းကို ဆောင်ယူလာဖို့၊ ကျောက်တုံးနဲ့ ပိတ်ဆို့ခံရတဲ့နေရာမှာ ဘဝ ဇာတ် လမ်း သစ် တစ်ခု ကို စတင်ဖို့ ကျွန်ုပ်တို့အတွက် နိုးထရှင်ပြန်ခဲ့ပါတယ်။ သင်္ချိုင်းဂူဝကို ပိတ်ဆို့ထားတဲ့ ကျောက် တုံးကို တွန်းလှိမ့်ပစ်နိုင်သူဟာ ကျွန်ုပ်တို့ နှလုံးသားအတွင်းက ကျောက်စိုင်တုံးတွေကိုလည်း ဖယ်ရှား ပေး နိုင်ပါတယ်။ ဒါကြောင့် အားမလျှော့လိုက်ကြပါနဲ့။ မျှော်လင့်ခြင်းကို ခက်ထန်မာကြောမှုတွေနဲ့ မပိတ် ဆို့ ကြပါနဲ့။ ဘုရားရှင်ဟာ သစ္စာတရားဖြစ်တဲ့အတွက် ကျွန်ုပ်တို့ဟာ မျှော်လင့်ချက်တွေရှိသလို မျှော်လင့် ခြင်း လည်း ထားရှိရမှာ ဖြစ်ပါတယ်။ ဘုရားရှင်က ကျွန်ုပ်တို့ကို ပစ်မထားဘဲ သူကိုယ်တိုင် ကျွန်ုပ်တို့ရဲ့ နာ ကျင်ခံစားရ ခက်တဲ့ ကိုယ်စိတ်သောက ပရိဒေဝမီးများနဲ့ သေဆုံးခြင်း ဘဝနိဂုံးတွေထဲမှာ ဝင်ရောက် ခံ စားပေး ပါတယ်။ သူ့ရဲ့ အလင်းဟာ ဂူသင်္ချိုင်းတွင်းရဲ့ အမှောင်ထုကို လွှင့်ပါးစေပြီး ဒီကနေ့မှာ အဲဒီ အလင်း ကိုကျွန်ုပ် တို့ရဲ့ ဘဝထောင့်ကွေ့တချို့မှာ ဖုံးလွှမ်းနေတဲ့ အမှောင်ထုတွင်းထဲမှာ ထွင်း ဖောက် နိုင်စေဖို့ သခင်ယေဇူးက လို လားပါတယ်။ 

          “ခွန်အားယူစိတ်တင်းထားပါ” ဒီစကားစုကို သခင်ယေဇူးက သမ္မာကျမ်းစာထဲမှာ ရံဖန်ရံခါ ပြောလေ့ရှိ ပါတယ်။ အခြားသူတစ်ဦးအနေနဲ့ ဒီစကားစုတွေကို သုံးနှုံးထားတာကို တစ်ကြိမ်တည်းသာလျှင် သမ္မာ ကျမ်းစာမှာ တွေ့ရပါတယ်။ “မစိုးရိမ်နှင့်၊ ထလော့၊ (သခင်ယေဇူး) သင့်ကိုခေါ်တော်မူ၏ဟု ဆိုကြ၏” (မာကု ၁၀ : ၄၉)။ ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်၊ လစ်ဟာချက်များ အတွက် သေခြင်းမှ ရှင်ပြန်ခဲ့သူဟာ သူ (သခင်ယေဇူး)ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ခရီးလမ်းမှာ အားယုတ်လျော့ခဲ့ရင် ဒါမှမဟုတ် လဲကျ သွားခဲ့ရင် လည်း ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိပါနဲ့။ ဘုရားရှင် ကူညီမစခြင်းဟာရောက်လာပြီး “သတ္တိရှိပါ”လို့ သင့် ကို ပြောကြားပါလိမ့်မယ်။ Manzoni ရေးသားတဲ့ “မင်္ဂလာဆောင်ကတိ” (I Promessi Sposi) ဝတ္ထု ထဲ က  ဇာတ်ကောင် Don Abbondio ပြောတဲ့ “သတ္တိဆိုတာ သင့်ကိုယ်ကို ပြန်ပေးလို့ရတဲ့ အရာမျိုး မဟုတ် ဘူး” ဆို တဲ့စကားကို ပြောနိုင်ပါတယ်။ အမှန်တကယ်ပဲ သတ္တိဆိုတာ သင့်ကိုယ်ကို ပြန်ပေး လို့ရတာ မ ဟုတ် ဘဲ ကျေးဇူးတော်ဆုလာဒ် တစ်ခုအဖြစ်နဲ့သာ လက်ခံရရှိနိုင်တာဖြစ်ပါတယ်။ သင်တို့အနေနဲ့ ပြု လုပ်ရမှာက သင့်နှလုံးသားကို ဆုတောင်းခြင်း၌ ဖွင့်ဟထားပြီး သင့်နှလုံးသားကို ပိတ်ဆို့ထားတဲ့ ကျောက် တုံးကို တစ်လှိမ့်ချင်း ဖြေးဖြေးတွန်းထုတ်ပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါမှပဲ သခင်ယေဇူးရဲ့ အလင်း တ ရား ဟာ ဝင်ရောက်ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တစ်ခုပဲ ပြောဖို့ လိုအပ်တာက “သခင်ဘုရား ကြောက် ရွံ့ခြင်းများ အလယ်မှာရှိနေတဲ့ ကျွန်ုပ်ထံသို့ လာရောက်ပြီး ခွန်အားယူ စိတ်တင်းထားပါ” ဆိုတဲ့    စကား ကို ပြောကြားစေဖို့ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရလျှင်လည်း သခင် ဘု ရား နှင့်အတူ ရှိတော်မူသည့်အတွက် တုန်လှုပ်ခြောက်ခြားခြင်း ရှိမည်မဟုတ်ပါ။ ကိုယ်တော် ရှင်နှင့် အ တူ ရှိနေလျင် ကားတိုင်တော်သည် ရှင်ပြန်ထမြောက်ခြင်းဆီသို့ ဦးတည်မှု ပြုပေးနေပါတယ်။ ဘဝရဲ့ အ မှောင် အတိကျချိန်တွေမှာ သခင်ဘုရားက ကျွန်ုပ်တို့နဲ့ အတူရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ ဆိတ် ငြိမ် ခြင်းများစွာထဲမှာ ကျွန်ုပ်တို့ကိုချစ်သော ဘုရားရှင်ရဲ့ မေတ္တာတရားကို ဘယ်လိုအရာကမျှ ဘယ်သော အ ခါမျှ အဓမ္မသိမ်းပိုက် မသွားနိုင်ပါဘူး”လို့ ပြောသံကို ကြားနိုင်ပြီး သံသယနဲ့ ထွေပြားခြင်း တို့ရဲ့အ လယ် မှာ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အတွက် စစ်မှန်စိတ်ချရသောသူ ဖြစ်ပါတယ်။

            ဒီသတင်းစကားဟာ ပါစကားသတင်းကောင်း၊ မျှော်လင့်ခြင်းရဲ့ သတင်းစကားတစ်ခုဖြစ်ပါတယ်။ ဒုတိ ယပိုင်း မှာတော့ “စေလွှတ်ခြင်း”ဖြစ်ပါတယ်။ “ငါ၏ညီအစ်ကိုတို့ထံသွား၍ သူတို့အား ဂါလီ လေအာ ပြည်သို့ သွားရောက်ကြရန် ပြောကြားကြလော့” (မာတေဦး ၂၈:၁၀) သိကြားတမန်တော်က တပည့် တော်ကြီး များအား “သူ(သခင်ယေဇူး)သည် အစဉ်အမြဲ ကျွန်ုပ်တို့ရှေ့မှာ ရောက်နှင့်နေ၏” ဒီစကား စု များက“ဘဝရဲ့ ရှင်သန်နေထိုင်ခြင်းနဲ့ သေဆုံးခြင်း”များထဲမှာ သခင်ယေဇူးက ကျွန်ုပ်တို့ထက် အ ရင် ဦး ဆောင်လျှောက်နှင့် ပြီးဖြစ်တယ်”လို့ ခွန်အားပေးနေတာ ဖြစ်ပါတယ်။ သူ(သခင်ယေဇူး) ကြို တင် သွားရောက်တဲ့ ဂါလီလေအာ ဆိုတဲ့နေရာအရပ်ဟာ သူကိုယ်တိုင်နဲ့ တပည့်တော်ကြီးများရဲ့ နေ့စဉ်ဘဝ အသက် တာ၊ မိသားစုနဲ့ အလုပ် အကိုင်ရေးရာတွေကို ပြန်လည်အမှတ်သညာပေးမယ့် နေရာ လည်း ဖြစ် ပါတယ်။ သခင်ယေဇူးက မျှော်လင့်ခြင်းကို ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝအသက်တာထဲကို ဆောင်ကြဉ်း ပေး ချင် ပါတယ်။ ဂါလီလေအာမှာ တပည့်တော်ကြီးများကို စတင်ပြီး “တပည့်တော်ကြီးများ”လို့ စတင် သတ် မှတ်အမည်ပေးခံခဲ့ရတာကြောင့် ဂါလီလေအာဟာ သူတို့အားလုံးအတွက် အမှတ်ရစရာနေရာ ဖြစ် ပါတယ်။ “ဂါလီလေအာသို့ ပြန်လှည့်ခြင်း”ဆိုတာ ကျွန်ုပ်တို့ဟာ ဘုရားရှင်ရဲ့ ချစ်ခြင်းကို ရသော သူ များ၊ ဆင့်ခေါ်ခံရသူများ ဆိုတာကို အမှတ်ရစေခြင်း အဓိပ္ပာယ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီမှာ ကိုယ် ပိုင်“ဂါလီလေအာ”ဆိုတာရှိပြီး အဲဒီကိုယ်ပိုင် “ဂါလီလေအာ”ထဲမှာ အခမဲ့ သက်သက် ပေးထား ခြင်း ခံ ရတဲ့ ချစ်ခြင်းမေတ္တာတရားကို ကျေးဇူးဆပ်တင်ဖို့ မွေးဖွားခြင်း၊ ပြန်လည်သစ်လွင်ခြင်း ခံရ တယ် ဆို တာ ကိုကျွန်ုပ်တို့ကိုယ်ကို ပြန်လည်အသိသွင်းဖို့ မှတ်ယူ လက်ခံရမယ့် ခရီးလမ်းဖြစ်တယ်လို့ အသိ စွဲ မှတ် ယူ ကြဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင် “ဂါလီလေအာ အမှတ် တရ များ”နဲ့အတူ အ ထူး သဖြင့် အင်မတန် ရှုပ်ထွေးပွေလီ ခက်ခဲချိန်တွေမှာတောင် ကျွန်ုပ်တို့ဟာ ပြန် လည် ဆန်းသစ်နိုင်ဆဲ ဖြစ်တယ်ဆိုတာကို အစဉ်ပြသနေတာ ဖြစ်ပါတယ်။

            ဒီထက်အပြင်ထပ်ပြောရရင် ဂါလီလေအာအရပ်ဟာ သူတို့တွေရှိနေခဲ့တဲ့ ဂျေရုဆလင်မြို့ရဲ့ အဝေးဆုံး အ ကွာ အဝေးမှာရှိတာဖြစ်တယ်။ ပထဝီဝင်အနေအထားအရပဲ အဝေးကွာဆုံးဖြစ်တာတင် မဟုတ်ဘဲ  “သန့် ရှင်း သော မြို့တော်ကြီး (ဂျေရုဆလင်)ကြီးနဲ့ သန့်ရှင်းစင်ကြယ်ခြင်းနဲ့လည်း တစ်ခေါင်တစ်ဖျား ဝေး လံ လွန်း လှတဲ့ အရပ်ဒေသလည်း ဖြစ်ပါတယ်။ “လူမျိုးခြားများ (ဂျူးလူမျိုးမဟုတ်သူများ) နေထိုင်ရာ ဂါလီ လေ အာအရပ်” “ဘာသာရေးအယူအဆ ကွဲပြားသူများ ကျင်လည်ရာ အရပ်ဖြစ်ပါတယ်။ (မာတေဦး ၄ : ၁၅) သခင်ယေဇူးက သူတို့(တပည့်တော်ကြီးများ)ကို အဲဒီနေရာကို ပြန်သွားခိုင်းပြီး အစကနေ ပြန်လည် စတင် ခိုင်းပါတယ်။ ဒီအချက်က “မျှော်လင့်ခြင်းသတင်းစကားဆိုတာ “သန့်ရှင်းစင်ကြယ်ခြင်း ရှိရာ နေ ရာ”တွေအတွက်ပဲဆိုတဲ့ အထူးကန့်သတ်ချက်တွေ မရှိသင့်ဘဲ လူအယောက်ချင်းတိုင်းဆီကို ပျံ့နှံ့ထိ ရောက် ရမယ်လို့ ဆိုလိုက်ခြင်းပဲဖြစ်ပါတယ်။ လူတိုင်းတစ်ဦးချင်းစီမှာ ဒီအချက်ဟာ ပြန်လည် အတည် ပြု ခံ ရ ဖို့ လိုအပ်နေပါတယ်။ ဘုရားရဲ့ အသက်ပေးသမ္မာတရားရဲ့ ထိတွေ့ပြီးသူ ကျွန်ုပ်တို့က ဒီ အ ချက် ကိုပြန်လည်အသက်သွင်းမပေးနိုင်ကြရင်ဘယ်သူတွေကများပြုလုပ်နိုင်ကြမှာပါလဲ (သံယောဟန်သြဝါဒစာ ပထမစောင် ၁း၁)

            သူတစ်ပါးကို စိတ်နှစ်သိမ့်ပေးသူ၊ အခြားသူတွေရဲ့ လူမှုဒုက္ခဝန်ထုပ်ကို ပုခုံးလျှိုထမ်းပေးသူ၊ အားပေး တတ် သောသူ သေခြင်းတရားနဲ့ ရင်ဆိုင်ရချိန်မှာ ရှင်သန်ခြင်းသတင်းစကားကို မျှဝေသူ ခရစ်ယာန် များ ဖြစ် ရခြင်းဟာ အင်မတန် လှပပါပေတယ်။ ကျွန်ုပ်တို့ရဲ့ တစ်ပိုင်းတစ်စဖြစ်တဲ့ မိသားစုကမ္ဘာတွင်း၊ ဂါလီ လေအာတိုင်း ဂါလီလေအာတိုင်းမှာ ကျွန်ုပ်တို့ဟာ ညီအစ်ကို မောင်နှမတွေသာ ဖြစ်တာကြောင့် ဘဝ တေး သီချင်းကို ဆောင်ကြဉ်းပေးကြပါစို့။ တမလွန်ခရီးက ငိုကြွေးသံတွေကို နားစွင့်ပြီး စစ်ပွဲတွေ အဆုံး သတ်ကြ ပါတော့။ လူတွေအားလုံး နေ့စာညစာ လိုအပ်နေတာကြောင့် လက်နက်ကူးသန်းရောင်း ဝယ်မှု တွေ ရပ်နားကြပါတော့။ လိုအပ်နေတဲ့အရာက “သေနတ်တွေ”မဟုတ်ပါဘူး။ သန္ဓေဖျက်ချ၊ လူ့အ သက် သတ် ခြင်းနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်ခြင်းကိုလည်း ပြီးဆုံးလိုက်ကြပါ။ တကယ့်လို အပ်ချက် တွေ မှာ တောင် လက်ဗလာချီဖြစ်နေသူတွေဆီကို နှလုံးသားပြည့်ဝသူတွေက ဖြည့်ဆည်းပေးကြပါ။

              နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီးတွေဟာ သခင်ယေဇူးရဲ့ ခြေအစုံကို ဖက်တွယ်နိုင်ခဲ့ကြတယ်။ အဲဒီ ခြေ အစုံဟာ သင်္ချိုင်းတွင်းထဲကို ဝင်ရောက်ပြီး တစ်ခါပြန်လည် ထမြောက်နိုင်ခဲ့တဲ့နေရာ၊ အင်မတန် ဝေး လံ ခေါင်သီတဲ့ အရပ်ဆီကနေ ကျွန်ုပ်တို့နဲ့ ဆုံတွေ့နိုင်ဖို့ ခရီးဆက်ခဲ့တဲ့ ခြေထောက်တွေဖြစ်ပါတယ်။ အ မျိုး သမီးများရဲ့ သခင်ယေဇူးခြေတော်ကို ဖက်တွယ်ဆုတ်ကိုင်လိုက်ခြင်းဟာ သေခြင်းကို တိုက်ထုတ် ပျက် သုဉ်းစေပြီး မျှော်လင့်ခြင်းလမ်း ပွင့်သွားစေတယ်လို့ ပြသလိုက်တာဖြစ်ပါတယ်။ ရှင်ပြန် ထမြောက် ပြီး သော အိုသခင်ယေဇူး - မျှော်လင့်ခြင်းကို ရှာဖွေနေကြသော ဘုရားဖူးခရီးသည် ကျွန်ုပ်တို့သည် ကိုယ် တော် ရှင်ထံ၌ မြဲမြံစွာ အမှီပြုပါသည်။ သေခြင်းကို ကျောခိုင်း၍ “အသက်”ဖြစ်သော သခင်ဘုရား ထံ တော်သို့ ကျွန်ုပ်တို့၏ နှလုံးသားများကို ဖွင့်ထားလျက်ရှိပါသည်။

 

ဘာသာပြန်ဆိုသူ

By Sr.Perpetua Nyein Nyein Loo, SJA

https://bit.ly/3erH7l3

 

 

Add new comment

4 + 11 =