Laudato Si ရက်သတ္တပတ်အား ပုပ်ဖရန်စစ် ဖိတ်ခေါ်ခြင်း

အနာဂတ်မျိုးဆက်သစ်တွေအတွက် ဘယ်လိုပုံစံမျိုးနဲ့ ကမ္ဘာကြီးကို လက်ဆင့်ကမ်းခဲ့ကြမလဲ
ကြီးထွားလာနေတဲ့ ကျွန်ုပ်တို့ သားငယ်သမီးငယ်တွေ အတွက်ပေါ့
ကျွန်ုပ်တို့ဘာကို အလိုရှိကြပါသလဲ
မျှတတဲ့ ရာသီဥတုကိုပါ

ဘယ်တော့အလိုရှိကြတာလဲ
အခုပဲအလိုရှိပါတယ်

ဒီမေးခွန်းတွေနဲ့အတူ Laudato Si ကျွန်ုပ်တို့၏ မိခင်အိမ်အားဂရုစိုက်ခြင်း ရက်သတ္တပတ်ကို ပါ၀င်ကြဘို့သင်တို့ကို ကျွန်ုပ်ဖိတ်ခေါ်ပါရစေ

ဒီရက်သတ္တကတော့ မေလ ၁၆ ရက်ကနေ ၂၄ ရက်နေ့အထိပါ

ဒါဟာ Laudato Si စာချွန်တော်ထွက်ရှိခြင်းရဲ့ ၅ နှစ်ပြည့် အနေနဲ့ ကမ္ဘာတဝှမ်း လှုပ်ရှားမှုတရပ်ဖြစ်ပါတယ်

ကျွန်ုပ်တို့အားလုံးရဲ့ မိခင်အိမ်ကြီးအတွက်ပေါ့
ပြဿနာအစုံရင်ဆိုင်နေရတဲ့ ကမ္ဘာမြေကြီးအတွက် ပါ၀င်ကြဘို့ အသစ်တဖန် ကျွန်ုပ်ပြန်လည် ဖိတ်ခေါ်လိုပါတယ်

ကမ္ဘာကြီးရဲ့ ငိုကြွေးသံနဲ့ ဆင်းရဲသားများရဲ့ ငိုကြွေးသံတွေ ဆက်ပြီးရှိမနေစေခြင်တော့ပါဘူး
ကောင်းမြတ်လှတဲ့ ဖန်ဆင်းရှင်ရဲ့ လက်ရာတော် လက်ဆောင်ဖြစ်တဲ့ ဒီကမ္ဘာမြေကြီးကို ဂရုစိုက်ကြရအောင်ပါ

Laudato Si ရက်သတ္တပတ်ကို အတူ ကျင်းပ ကြရအောင်နော်

သားသမီး တဦးစီတိုင်းကို ဘုရားရှင် ကောင်းကြီးပေးပါစေ

ပါပါးအတွက်လည်းဆုတောင်းပေးဘို့ မမေ့နဲ့နော်

https://bit.ly/39nla3E

Add new comment

15 + 2 =