Idai မုန်တိုင်းဒဏ်ဆိုးဝါးစွာခံစားနေရသော အရှေ့တောင်းအာဖရိက နိုင်ငံများကို ကူညီပေးကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်တောင်းဆို

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း

Idai မုန်တိုင်းဒဏ်ဆိုးဝါးစွာခံစားနေရသော အရှေ့တောင်းအာဖရိက နိုင်ငံများကို ကူညီပေးကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်တောင်းဆို
မတ်လ ၂၀၊ ၂၀၁၉

 

မတ်လ ၁၉ ရက် အင်္ဂါ နေ့က အရှေ့တောင်အာဖရိက နိုင်ငံများဖြစ်သော မိုဇမ်ဘစ်၊ ဇင်ဘာဘွေ နှင့် မလာဝီ နိုင်ငံများအတွင်းသို့ တစ်နာရီ ကီလိုမီတာ ၁၇၀ နုန်းဖြင့် ဝင်ရောက်တိုက်ခတ်သွားသော Idai မုန်တိုင်းဒဏ်ကြောင့် သေကျေပျက်စီးမူအများအပြားဖြစ်ပေါ်ခဲ့ပြီး လူ သန်းပေါင်းများစွာ မုန်တိုင်းဒဏ်ခံစားခဲ့ရကြောင်း ဖော်ပြထားပါသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းတွင် မုန်တိုင်းဒဏ်ခံစားနေရသော အရှေ့တောင်အာဖရိက နိုင်ငံသားများနှင့် အတူ ဆုတောင်းပေးခြင်းဖြင် ရှိနေကြောင်း၊ အကူအညီအထောက်အပံ့များ ကူညီပေးကမ်းကြဖိို့ တောင်းဆုကြောင်း ဖော်ပြခဲ့ပါသည်။

 

မိုဇမ်ဘစ် နိုင်ငံ Beira မြို့တွင် ဝင်ရောက်တိုက်ခတ်သွားသော Idai မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမူများပြားပြီး၊ လပ်တလောတွင် လူ ၂၀၀ ကျော် ဒဏ်ရရှိပြီး သေဆုံးသူ ဦးရေ ၁၀၀၀ ခန့်ထိရှိနိုင်ကြောင်း၊ လူပေါင်း ၁.၇ သန်းခန့် မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း နှင့် နောက်ဆက်တွဲဖြစ်လာနိုင်သည့် မိုးများခြင်းနှင့် ရေကြီးခြင်းများလည်း ဆက်လက်ကြုံတွေနိုင်ကြောင်း မိုဇမ်ဘစ် နိုင်ငံတော် သမတ္တ Filipe Nyusi မှ ပြောကြားခဲ့ပါသည်။

 

ဇင်ဘာဘွေ နိုင်ငံတွင် မုန်တိုင်းဒဏ်နှင့် ရေလွှမ်းမိုးမူများကြောင်း လူ ၉၈ ဦးသေဆုံးခဲ့ပြီး ဒုက္ခသည် ၃၀၀ ရာခန့် လပ်တလော သတင်းအရ သိရှိထားကြောင်း နှင့် မာလာဝီ တွင် သတင်းဖော်ပြထားခြင်း မရှိသော်လည် ကုလသမ္မဂ စားနပ်ရိက္ခာ WFP ၏ ထုတ်ပြန်ချက်အရ မုန်တိုင်းဒဏ်ကို လူပေါင်း ၉၂၀၀၀၀ ခန့် ခံစားခဲ့ရကြောင်း နှင့် ကုလသမ္မက မှ အရေးပေါ်အကူအညီပေးရန် အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ကို မုန်တိုင်းဒဏ်သင့် တောင်အာဖရိက နိုင်ငံများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဗာတီကန် သတင်းဌာန မှ ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-cyclone-idai-appeal...

#Idai, # southafrica, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 8 =