COP26 ညီလာခံအတွက် ပုပ်ရဟန်းမင်းကြီး၏ မင်္ဂလာ သတင်းစကား အပြည့်အစုံ

COP26 ညီလာခံအတွက် ပုပ်ရဟန်းမင်းကြီး၏ မင်္ဂလာ သတင်းစကား အပြည့်အစုံ

COP26 ညီလာခံအတွက် ပုပ်ရဟန်းမင်းကြီး၏ မင်္ဂလာ သတင်းစကား အပြည့်အစုံ

လူကြီးမင်းခင်ဗျာ၊

"Glasgow" ညီလာခံ စတင်သည်နှင့်အမျှ၊ လူသားမျိုးနွယ်စုတိုးတက်မှု၊ ငွေရေးကြေးရေးနှင့် နည်းပညာဆိုင်ရာ အရင်းအမြစ်များသည် ရာသီဥတု ဖောက်ပြန်ခြင်း၏ အပျက်သဘော သက်ရောက်မှုများ လျော့ပါးစေရန်နှင့် ထိုသို့ ရာသီဥတု ဖောက်ပြန်မှု‌များကြောင့် ထိခိုက်မှု အရှိဆုံးဖြစ်သည့် ဆင်းရဲနွမ်းပါးသူများနှင့် ပိုမိုထိခိုက်ခြင်းခံရသော နိုင်ငံများကို ကူညီပေးခြင်းတို့၌ ရိုးသားမှု၊ တာဝန်ယူခြင်းနှင့် ရဲစွမ်းသတ္တိဖြင့် နိုင်ငံရေးဆန္ဒ အမှန်တကယ်ရှိ/မရှိ၊ နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံးအား ပြသရန် အရေးကြီးကြောင်း ကျွန်ုပ်တို့အားလုံး သိရှိနားလည်ပါသည်။

တစ်ချိန်တည်းမှာပင်၊ ကျွန်ုပ်တို့၏ လူသားမိသားစုကို ၂ နှစ်နီးပါး ပျက်စီးစေခဲ့သော ကပ်ရောဂါကြီးအကြားတွင် ဤတာဝန်ကို ထမ်းဆောင်ရမည်ကို ကျွန်ုပ်တို့ သဘောပေါက်ပါသည်။ ကိုဗစ်-၁၉ သည် ကြီးမားသော အဖြစ်ဆိုးများကို ယူဆောင်လာခဲ့ပြီး ဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည် ကပ်ရောဂါကို ကျော်လွှားအောင်မြင်လိုပါက ကျွန်ုပ်တို့အားလုံးသည် ဤစိန်ခေါ်မှုကို တုံ့ပြန်ရာတွင် မိမိတို့တတ်နိုင်သည့် တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်းကိုလည်း ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ပါသည်။ ကျွန်ုပ်တို့သိကြသည့်အတိုင်း ကမ္ဘာ့ပြည်သူများအကြားတွင် လေးနက်သော စည်းလုံးညီညွတ်မှုနှင့် ညီရင်းအစ်ကို ပူးပေါင်းဆောင်ရွက်မှုကို ၎င်းကပ်ရောဂါသည် ကျွန်ုပ်တို့အား တောင်းဆိုထားသည်။

ကပ်ရောဂါဖြစ်ပြီးသည့်‌နောက် ကျွန်ုပ်တို့၏ ကမ္ဘာသည် ကပ်ရောဂါမဖြစ်မီကနှင့် သေချာပေါက် ကွဲပြားလိမ့်မည်။ ၎င်းကမ္ဘာကြီးသည် အတိတ်က အမှားတွေကို အသိအမှတ် ပြုခြင်းမှစပြီး ကျွန်ုပ်တို့ ယခုအတူတည်ဆောက်ရမည့် ကမ္ဘာကြီးဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ အလားတူ ပြောနိုင်သည့်အရာ တစ်စုံတစ်ရာ ရှိနိုင်သည်။ "ပါရီသဘောတူညီချက်" က ချမှတ်ထားသည့် ပန်းတိုင်တွေကို ညှိနှိုင်းဆောင်ရွက်မှုနှင့် တာဝန်သိစွာ လုပ်ဆောင်မှုတစ်ရပ် လုပ်ဆောင်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။ ၎င်းပန်းတိုင်သည် အလှမ်းကြဲသည်ဖြစ်၍ နောက်ထပ်ရွှေ့ဆိုင်း၍ မရတော့ပေ။ ယနေ့တွင် လိုအပ်သော ဆုံးဖြတ်ချက်များချရန် သင့်အပေါ်တွင် မူတည်သည်။

COP26 သည် နေ့စဥ်လုပ်ဆောင်မှုများ၊ စီးပွားရေးနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများသည် ကျန်းမာသန်စွမ်းသော ဂြိုလ်တု၌ ယနေ့နှင့်မနက်ဖြန်တွင် အမျိုးသားနှင့် အမျိုးသမီးများအတွက် ဂုဏ်သိက္ခာရှိ၍ လူသားဆန်သောဘဝ ရရှိစေမည့် အခြေအနေများကို စစ်မှန်စွာ ကာကွယ်ပေးနိုင်သည့် အနာဂတ်၏ အသိဉာဏ်ရှိရှိတည်ဆောက်မှုတွင် ထိရောက်သော ပံ့ပိုးကူညီမှုကို ပေးဆောင်နိုင်ရမည် ဖြစ်သည်။

ကျွန်ုပ်တို့ကိုယ်တိုင် ခေတ်ကာလပြောင်းလဲမှု၊ ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်ကြုံတွေ့နေရပြီး၊ အထူးသဖြင့် ပိုမိုကောင်းမွန်သော နည်းလမ်းများ ပိုင်ဆိုင်ထားသော နိုင်ငံများအားလုံး ကတိကဝတ်ပြုရန် ၎င်းတို့က တောင်းဆိုလျက်ရှိသည်။ အဆိုပါနိုင်ငံများသည် ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးကဏ္ဍများ၊ စီးပွားရေးစနစ်နှင့် လူတို့၏ဘဝတွင် ကာဗွန်ထုတ်လွှတ်မှု လျော့ချခြင်း၊ ငွေကြေးလည်ပတ်မှုစီးပွါးရေး မြှင့်တင်ရေး၊ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့် ထိခိုက်နစ်နာသော သူများအား ကူညီပံ့ပိုးပေးခြင်းတို့၌ ဦးဆောင်မှု အခန်းကဏ္ဍတို့တွင် ပါဝင်ရန် လိုအပ်လှပါသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်၊ High Level Virtual Climate Ambition Summit တွင် ဖော်ပြထားသည့်အတိုင်း Holy See သည် ၎င်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ အဆင့် ၂ ဆင့်ဖြင့် လုပ်ဆောင်နေသော net-zero emissions မဟာဗျူဟာကို ချမှတ်ခဲ့သည်။

ပထမအချက်..
ဗာတီကန်မြို့တော်သည် ၂၀၅၀ တွင် ၎င်း၏ မျှော်မှန်းချက်ပန်းတိုင်ကို အကောင်ထည်ဖော်ရမည်။

ဒုတိယအချက်...
Holy See ၏ ကတိကဝတ်သည် ပြီးပြည့်စုံသော ကမ္ဘာကြီး၌ ပညာရေးမြှင့်တင်ရမည်။

အထူးသဖြင့် လူငယ်လူရွယ်များအကြား လူနေမှုပုံစံအသစ်ကို မြှင့်တင်နိုင်ပြီး ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ညီရင်းအစ်ကိုနှင့် လူသားများအကြား ပဋိညာဉ်ကို အဓိကထား၍ တည်တံ့ခိုင်မြဲမှုအပေါ် အခြေခံသည့် နိုင်ငံရေး၊ နည်းပညာနှင့် လည်ပတ်ဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို ကျွန်ုပ်တို့သည် အပြည့်အဝနားလည်သဘောပေါက်ပါသည်။ ဤကတိကဝတ်များသည် ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော အစပျိုးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အလားတူပင် ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့တွင်၊ ကျွန်ုပ်သည် COP26 နှင့်ပတ်သက်၍ ပူးတွဲအယူခံဝင်ရန် ဘာသာရေးခေါင်းဆောင်များနှင့် သိပ္ပံပညာရှင်များစွာ ပါ၀င်ခဲ့သည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် အယူဝါဒများစွာနှင့် ဝိညာဉ်ရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့် အခြားသော ယဉ်ကျေးမှုများ သိပ္ပံပညာနယ်ပယ်များစွာမှ ကိုယ်စားလှယ်များ၏ အသံများကို နားထောင်ခဲ့ပါသည်။ အလွန်ကွဲပြားသော အသံများ၊ အလွန်ကွဲပြားသော အာရုံခံစားမှုများ ထင်ရှားစွာ ထွက်ပေါ်လာသောအရာမှာ ဦးတည်ချက်ပြောင်းလဲခြင်းအတွက် အရေးတကြီးလိုအပ်နေသည့် ထူးထူးခြားခြား ပေါင်းစည်းခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော “စွန့်ပစ်ခြင်းဓလေ့” မှ ယနေ့နှင့် အနာဂတ်အတွက် ကျွန်ုပ်တို့၏ဘုံအိမ်နှင့် ၎င်းအား ဆက်ခံမည့်သူများအတွက် “စောင့်ရှောက်ခြင်း ယဉ်ကျေးမှု” သို့ ဖြတ်ကျော်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနာဂတ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျွန်ုပ်တို့၏ လူသားမျိုးနွယ်အပေါ် ထိခိုက်ဒဏ်ရာရမှုများနှင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခမှ ထွက်ပေါ်လာသည့် အရာများနှင့် နှိုင်းယှဉ်နိုင်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့် အချိန်ကကဲ့သို့ပင် ယနေ့ခေတ်တွင် နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံးသည် ပူးပေါင်းဆောင်ရွက်ရေး၊ စည်းလုံးညီညွှတ်မှုနှင့် အမြော်အမြင်ကြီးသော လုပ်ဆောင်ချက်များကို ဦးစားပေး အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။

ကျွန်ုပ်တို့သည် မျှော်လင့်ချက်နှင့် ရဲစွမ်းသတ္တိ နှစ်ခုစလုံး လိုအပ်ပါသည်။ လူသားမျိုးနွယ်သည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့အစည်းလိုက်သော်လည်းကောင်း ၊ စစ်မှန်သော ပြောင်းလဲမှုလမ်းကြောင်းပေါ် လျှောက်လှမ်းရန် ပြတ်သားသောဆန္ဒကို တောင်းဆိုသည့် အကျိုးရှိသော ပြောင်းလဲခြင်းကို အကျိုးသက်ရောက်စေသော အရင်းအမြစ် ပိုင်ဆိုင်ခွင့်ရှိသည်။ ၎င်းသည် စည်းလုံးညီညွတ်မှုနှင့် တာဝန်ဝတ္တရားအပေါ်အခြေခံ၍ ပိုမိုပြည့်စုံ၍၊ ဖွံ့ဖြိုးတိုးတက်မှု၏ ပူးပေါင်းခြင်းဆီသို့ အသွင်ကူးပြောင်းရေးကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ အကူးအပြောင်းတစ်ခုသည် အလုပ်သမားများအပေါ် အကျိုးသက်ရောက်စေသော လေးနက်သည့် ထည့်သွင်းစဉ်းစားချက်များ လုပ်ဆောင်ရမည်ဖြစ်သည်။

မိမိနိုင်ငံနှင့် အခြားနိုင်ငံများ၏ သဘာဝအရင်းအမြစ်များကို အချိုးမညီမျှစွာ သုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့်အတူ စီးပွါးရေးမမျှတမှုများနှင့် ဆက်စပ်နေသော "ကမ္ဘာမြေကြီးနှင့် ဆိုင်ရာ ကြွေးမြှီ" သည် ကြီးထွားမှုနှင့် စပ်လျဉ်း၍ ထိခိုက်လွယ်သော သူများကိုလည်း အထူးဂရုစိုက်မှုကို ပြသရမည်မှာ၏ ငြင်းပယ်၍မရပါ။

“ကမ္ဘာမြေကြီးနှင့်ဆိုင်ရာ ကြွေးမြီ” သည် အချို့သောနည်းများအားဖြင့် နိုင်ငံခြားကြွေးမြီပြဿနာကို ပေါ်ပေါက်စေပြီး လူများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မကြာခဏ အဟန့်အတားဖြစ်စေသည့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ ကပ်ရောဂါလွန်ကမ္ဘာကြီးသည် ရာသီဥတု အရေးပေါ်အခြေအနေနှင့် ကိုက်ညီစေရန် ရည်ရွယ်၍ ပိုမိုရေရှည်တည်တံ့ပြီး တရားမျှတသော စီးပွားရေး ပြန်လည်တည်ဆောက်မှုနှင့် ဆက်စပ်နေသည့် နိုင်ငံခြားကြွေးမြီများကို အခွင့်ချမ်းသာပေးခြင်းအတွက် ဂရုတစိုက်ညှိနှိုင်းထားသော လုပ်ထုံးလုပ်နည်းများနှင့်အတူ အဆိုပါကဏ္ဍအားလုံးကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ပြန်လည်စတင်နိုင်ရမည်။ "ဖွံ့ဖြိုးပြီးနိုင်ငံများသည် ၎င်းတို့၏ စွမ်းအင်သုံးစွဲမှုကို သိသာထင်ရှားစွာ ကန့်သတ်ခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များကို ပံ့ပိုးပေးရန်အတွက် ဆင်းရဲသောနိုင်ငံများအား ကူညီပေးခြင်းဖြင့် ကမ္ဘာကြီး၏ ကြွေးမြီများကို ပေးဆောင်သင့်သည်။" နောက်ဆုံး အနေဖြင့် လူသားတိုင်း ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်နိုင်သည့်အရာကို လုပ်ဆောင်သင့်သည်။

ဝမ်းနည်းစရာမှာ၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ချမှတ်ထားသည့် ပန်းတိုင်များ ရရှိရန် မည်မျှဝေးကွာနေသေးသည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ရိုးသားဖို့လိုသည်။ ရာသီဥတုဖောက်ပြန်မှုသည် ဆက်၍မဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် COP26 အတွက် ပြင်ဆင်နေချိန်တွင်ပင် အချိန်ဖြုန်းရန် အချိန်မရှိတော့ကြောင်း ပိုမိုရှင်းလင်းလာသည်။ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမ အများအပြားသည် ဤရာသီဥတု အကျပ်အတည်း၏ အကျိုးဆက်ကို ခံစားနေကြရသည်။ မရေမတွက်နိုင်သောလူများ အထူးသဖြင့် အားနွဲ့‌‌သောသူများ၏ဘဝများသည် ပို၍ပို၍ မွှေနှောက်ပျက်ဆီးခြင်းကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။ တစ်ချိန်တည်းမှာပင်၊ ယင်းသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကျပ်အတည်းလည်း ပါ၀င်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်လာခဲ့ပြီး မဝေးတော့သော အနာဂတ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများသည် စစ်ပွဲနှင့် ပဋိပက္ခများမှ ဒုက္ခသည်များထက် ပိုမိုများပြားလာမည်ကို ကျွန်ုပ်တို့ သဘောပေါက်လာပါသည်။ ယခုအချိန်သည် အရေးတကြီး၊ သတ္တိရှိရှိနှင့် တာဝန်သိစွာ လုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။ အနည်းဆုံးတော့၊ ကျွန်ုပ်တို့လူသားမိသားစုသည် သူ့ဘာသာသူနှင့် သဘာဝပတ် ဝန်းကျင်ကို ဂရုစိုက်ရမည့် အနေအထားတွင် ရှိနေမည့် အနာဂတ်ကို ပြင်ဆင်ရန်ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း ကျွန်ုပ်တို့အား လုပ်ဆောင်ရန် အပြင်းအထန်တိုက်တွန်းခဲ့သည့် လူငယ်များသည် ယနေ့ကျွန်ုပ်တို့ပြုလုပ်သော ခိုင်မာသောရွေးချယ်မှုများအပေါ် အခြေခံ၍ ကျွန်ုပ်တို့ရွေးချယ်ထားသော ကမ္ဘာဂြိုဟ်ကိုသာ အမွေဆက်ခံမည်ကြဖြစ်သည်။ ယခုအချိန်သည် အနာဂတ်တွင် မျှော်လင့်ချက်နှင့် ယုံကြည်မှုအတွက် အကြောင်းပြချက်များပေးစွမ်းနိုင်သည့် ဆုံးဖြတ်ချက်များပြုလုပ်ရန်အတွက် အချိန် အခိုက်အတန့်ဖြစ်သည်။

သင်နဲ့ လူချင်းတွေ့ဆုံနိုင်ရန် ကျွန်ုပ်မျှော်လင့်ထားသော်လည်း မဖြစ်နိုင်ပါ။ သို့သော် ဤအရေးကြီးသော ဆုံးဖြတ်ချက်များကို လုပ်ဆောင်သည့်အခါတွင် ကျွန်ုပ်၏ဆုတောင်းချက်များနှင့်အတူ သင်နှင့် ရှိနေပါသည်။

လေးစားအပ်ပါသော သမ္မတကြီး၊ ကျွန်ုပ်၏ နှုတ်ခွန်းဆက်စကားများနှင့် ဆုမွန်ကောင်းများကို လက်ခံပါ။

ဗာတီကန်၊ ၂၉၊ အောက်တိုဘာ၊ ၂၀၂၁

ဖရန်စစ်

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊SJA

Photo courtesy of My Pope-Philippines

https://bit.ly/3bLkckC

 

Add new comment

1 + 0 =