Casa Santa Marta တွင် အင်္ဂါနေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta

Casa Santa Marta တွင် အင်္ဂါနေ့ ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဇန်နဝါရီ ၈၊ ၂၀၁၉

ဇန်နဝါရီလ ၈ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပွားများစေပြီး လူတို့အားကျွေးစေခဲ့ခြင်း အကြောင်းကို အခြေခံပြီး ကိုယ်နှင့်မဆိုင်သလိုနေထိုင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်း​မေတ္တာ ကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

 

သူ၏တစ်ပါးတည်းသောသားတော်ကို ကျွနု်​ပ်တို့အားကယ်တင်ရန် တစ်ဦးနှင့် တစ်ဦး ချစ်တတ်​ရန်သွန်သင်ပေးရန် နင့် အဓိပ္ပါယ် ပြည့်ဝသော အသက်တာကို ရှင်သန်စေရန် စေလွတ်ခြင်းအားဖြင့် ဘုရားသခင်သည် ကျွနု်​ပ်တို့ကို ဦးစွာပထမ ချစ်ကြောင်းကို ဖော်ပြခဲ့သလို့ ကျွနု်​ပ်တို့အချင်းချင်း ချစ်ကြဖို့လိုသည်​။

 

မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပွားများစေပြီး လူတို့အားကျွေးစေခဲ့ခြင်း သည် လူတို့၏ လိုအပ်ချက်ကို ဘုရားသခင် လစ်လျှူရှုတော်မမူ​ကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်​။ ချစ်ခြင်းမေတ္တာ သည် ကိုယ်နှင့်မဆိုင်သလို မနေတတ်။​၊ သနားကြင်နာမူပြည့်နေသော အရာဖြစ်သည်​။ ချစ်ခြင်းမေတ္တာ သည် သင်၏ နှလုံးသားကို တခြားသူဘဝထဲသို့ထည့်ပေးခြင်း တနည်းအားဖြင့် မိမိကိုယ်ကိုသနားကြင်နာသကဲ့ သနားကြင်နာခြင်းဖြစ်သည်​။

 

သခင်ခရစ်တော်ရဲ့တပည့်တော်တွေက လူအများကို မိမိဖာသာပြန်ကြပြီး အစားအစာ ရှာဖွေစားသောက်ကြရန် ပြန်လွှတ်စေဖို့ သခင်ခရစ်တော်ကို တောင်းဆိုခဲ့သည်​။ လူတွေအတွက် မစဉ်းစားပေးခဲ့ကြဘူး။ ထိုအရာဟာ နတ်ဆိုးရဲ့လုပ်ဆောင်မူဖြစ်တယ်၊ ကိုယ်နဲ့မဆိုင်သလိုရှောင်ထွက်သွားခြင်း၊ တာဝန်မယူခြင်းစိတ်ဓာတ်ဖြစ်တယ်၊ ချစ်ခြင်းမေတ္တာ ရဲ့ အဓိပ္ပါယ် ကို နားလည်သဘောပေါက်မူမရှိခြင်းဖြစ်တယ်။ သခင်ခရစ်တော်က တပည့်တော်ကြီးတွေကို လူတွေစားစရာအတွက် သင်တို့ကိုတိုင် ​ပေးကြပါလို့ပြောခဲ့တယ်၊ ဘာကို ဆိုလိုတာလဲ ဆိုတော့ သူတို့ရဲ့ဒုက္ခကို သင်တို့ဝင်ရောက်ထမ်းယူကြ၊ သူတို့ဘဝတွေဒုက္ခတွေကို ကိုယ်​တိုင်ဝင်ရောက်ခံစားကြ၊ ဒါမှသာလျှင် တပါးသူ၏ ဒုက္ခအပေါ်နားလည်ခြင်း၊ ကူညီတတ်ြ​ခင်း သူတပါးဒုက္ခကို ရှောင်လွှဲမသွားခြင်းသည်​ ချစ်ခြင်းမေတ္တာ ဖြစ်​ပြီး ဘုရားရဲ့လုပ်ရပ်ဖြစ်ကြောင်း သင်ကြားပေးနေသည်​။

 

ဘုရားသခင်ကို လူအများ ဆန့်ကျင်ပြုနေသော လုပ်ရပ်ဟာ မိမိ အတွက်သာကြည့်ပြီး တပါးသူ၏ အခက်အခဲကို ကိုယ်နှင့်မဆိုင်သလိုနေထိုင်နေကြခြင်းပါပဲ။ ငါ့မှာစာစရာ၊ နေစရာ၊ အသုံးပြုစရာ၊ အကုန်ရှိတယ်၊ ငါဘုရားရှိခိုးတယ် ၊ တနင်္ဂနွေနေ့ တိုင်းဘုရားကျောင်းသွားတယ်၊ ငါကောင်းတဲ့ခရစ်ယာန်ဖြစ်နေပြီပဲလို့ထင်တတ်​ကြတယ်၊ သင်တို့စားသောက်နေတဲ့စားသောက်ဆိုင်ကနေထွက်ပြီး အပြင်ကိုကြည့်လိုက်ကြပါ။ သနားကရုဏာရှိတဲ့မျက်လုံးနဲ့ကြည့်ကြပါ။ သင်တို့မြင်ပါလိမ့်မယ်။ လျစ်လျူရှု တတ်​ေ​သာအကျင့်ကိုမကျင့်ကြပါနဲ့။ အဲ့တာဘုရားရဲ့ချစ်ခြင်းမေတ္တာကို ဆန့်ကျင်နေတဲ့အရာဖြစ်လိုပါ။

 

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-01...

#pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 6 =