Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဧပြီလ ၃၀၊ ၂၀၁၉

ဧပြီလ ၃၀ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ကျွနုပ်တို့ဘဝ အတွက် အဓိက ပဲ့ကိုင်သူဖြစ်ဖို့အတွက် ကျွနုပ်တို့ရဲ့ နှလုံးသားမှာ ဝိညာဉ်တော် ဘုရားအတွက် နေရာပြင်ပေးရမယ်ဟု ဟေားကြားခဲ့ပါသည်။

သခင်ခရစ်တော် ကို ရှင်ပြန်ထမြောက်စေခဲ့သော တံခိုးတော်အားဖြင့် အပြစ်ထဲးမှာ သေနေကြသော ကျွနုပ်တိုဘဝတွေကို ပြန်လည်ရှင်ပြန်ထမြောက် စေရမယ်။ အပြစ်ထဲးမှာ သေနေကြသော ကျွနုပ်တိုကို အသက်ပြန်ပေးနိုင်သူဟာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဖြစ်တယ်၊ အဲ့တာကြောင့် အိုအဖ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ကျွနုပ်တို့စီသို့ ပို့ဆောင်တော်မူပါဟု ဆုတောင်းကြရမယ်။

သခင်ခရစ်တော် နီကောဒီမူစ် ကို သင် အထက်အရပ်မှ မွေးဖွားခြင်းခံရမည်ဟု ပြေားကြားခြင်း၊ တပည့်တော်ကြီးတွေ အပေါ်မှာ မှုတ်တော်မူပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူကြ ဟူသော ကျမ်းပိုဒ် နှစ်ခုကို အခြေခံပြီး ရှင်းပြဟေားကြားခဲ့ပါသည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွနုပ်တို့၏ ခွန်အားဖြစ်တယ်၊ သန့်ရှင်းသော ဝိညာဉ်တော် မပါပဲ မည်သည့်အရာကိုမျှ ကျွနုပ်တို့ မဆောင်ရွက်နိုင်ပါဘူး။ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် အသစ်တစ်ဖန် မွေးဖွားကြရမယ်၊ သန့်ရှင်းသောဝိညာဉ်တော် အတွက် နှလုံးသားမှာ နေရာရှိရမယ်၊ ဒီနည်းလမ်းအားဖြင့်သာ မကောင်းသော အသက်တာမှ ကောင်းသော အသက်တာကို ပြန်လယ် မွေးဖွားနိုင်မယ်၊ လူအသက်တာမှာ ကောင်းမြတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ အကောင်းမြင်ခြင်း စသည် ပါရမီတွေကို သေစေသော အတ္တ၊ လောဘ၊ ဒေါသ၊ ရာဂ စိတ်တွေကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ၏ ကျေးဇူးတော် အားဖြင့်သာ တွန်လှန်တိုက်ခိုက်ပြီး ပြန်လည်မွေးဖွားနိုင်မှာဖြစ်တယ်။

သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက ကျွနုပ်တို့နဲ့အတူရှိတယ် ကျွနုပ်တို့ဘဝကို ပြုပြင်ပြောင်းလည်းပုံဖော်ပေးတယ်၊ အပြစ်မကောင်းမူ့တွေကို ကျော်လွှာနိုင်အောင် ကူညီပေးတယ်။ ထို့အတွက်ကြောင်း သခင်ခရစ်တော် ပေးသနားခဲ့သော သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ကို ခံယူကြရမယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားမပါပဲ ခရစ်ယာန် အသက်တာ ရှင်သန်လို့မရပါဘူး။

အဖ ခမည်းတော်မှ သားတော်ခရစ်တော်အာဖြင့် ပေးသနားခဲ့သော သန့်ရှင်းသော ဝိညာဉ်တော် ဘုရားအား၌ နေစဉ် အသက်သစ်ကိုမွေးမြူ နိုင်ရမယ်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်လမ်းပြမူ့မပါသော အသက်တာ သည် သေသော အသက်တာ ဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော် နှင့် လျှောက်လှမ်းနေသော အသက်တာ ဖြစ်နိုင်အောင်းကြိုးစားကြရမယ်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-04...

#pope, #mass, #holyspirit, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

10 + 0 =