Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta ၌ ရဟန်းမင်းြ​ကီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား

Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

မေလ ၂၁၊ ၂၀၁၉

မေလ ၂၁ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရဟန်းမင်းြ​ကီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သခင်ခရစ်တော် တပည့်​တော်ကြီးတွေကို ပေးသနားခဲ့သော ငြိမ်းချမ်းခြင်း ကျေးဇူးတော်အကြောင်းကို ဟောကြားခဲ့ပါသည်။

သင်တို့အဖို့ငြိမ်းချမ်းသာယာခြင်းကို အမွေအဖြစ်ငါထားရစ်၏ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အားငါ ပေး၏ ဟု ယနေ့ကျမ်းစာမှာ ဖော်ပြထား သလို အတိဒုက္ခရောက်ချိန်၊ ညှင်းပမ်း​နှိတ်စက်ခံရချိန်တွေဟာ ဘဝမှာ ငြိမ်းချမ်းသာယာမူ ကင်းမဲ့သော အချိန်လို့ တို့တတွေသတ်မှတ်​​ကြတယ် ။ တဖက်မှာလည်း မင်္ဂလာတရားတော်ထဲမှာ ငါ၏ နာမကြောင့် သင်တို့သည် ညှင်းပမ်း​နှိပ်စက် ခံကြရလျှင် မင်္ဂလာရှိကြ၏ လို့ဆိုထားတယ်။ ဒီကနေ့ ကျမ်းစာမှာလည်း သင်တို့အဖို့ငြိမ်းချမ်းသာယာခြင်းကို အမွေအဖြစ်ငါထားရစ်၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အားငါပေး၏ ဟု ဖော်ပြထားပြန်တယ်။ သခင်ခရစ်တော် ဆိုလိုချင်တဲ့ ငြိမ်းချမ်းခြင်း ဆိုတာဘာလဲ။ ဘယ်လိုအရာကို ဆိုလိုခြင်းဖြစ်သလဲ ထောက်ရှု့ကြရမယ်။

သခင်ခရစ်တော် ဆိုလိုချင်တဲ့ ငြိမ်းချမ်းခြင်း သခင်ခရစ်တော်ရဲ့ ငြိမ်းချမ်းခြင်းဟာ အတိဒုက္ခရောက်ချိန်၊ ညှင်းပမ်း​နှိပ်​စက်ခံရချိန် တွေမှာလည်း အတူရှိနေသော တည်ငြိမ် နက်ရှိုင်းသော ငြိမ်းချမ်းခြင်းမျိုးကို ဆိုလိုခြင်းဖြစ်တယ်။ ပင်လယ်မျက်နှာပြင်မှာ ဘယ်လောက်ပဲ မုန်တိုင်းထန်ပြီး ကြမ်းတမ်းနေပါစေ နက်ရှိုင်းတဲ့ပင်လယ်အောက်မှာတော့ အမြဲတည်ငြိမ်နေသလို တည်ငြိမ်အေးချမ်းသော ကျေးဇူးတော်ကို ဆိုလိုခြင်းဖြစ်တယ်၊ အဲ့ဒီကျေးဇူးတော်ကို သခင်ခရစ်တော်ပေးခြင်းဖြစ်တယ်၊ အဲ့ဒီကျေးဇူးတော်​ကို ဘယ်သူမှလည်း နုတ်​ယူလို့ မရနိုင်ပါဘူး။

သခင်ခရစ်တော်၌ တည်ငြိမ်အေးချမ်းစွာနေနိုင်ခြင်းဆိုတာ အပေါ်ယံမဟုတ်။ နက်ရှိုင်းသော အတွေ့အကြုံဖြစ်တယ်၊ အတိဒုက္ခရောက်ချိန်၊ညှင်းပမ်း​နှိပ်​စက်ခံရခြင်း တွေကြုံတွေ့နေရချိန်မှာတောင် တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင်သော ငြိမ်သက်ခြင်းကျေးဇူးတော်ကို ဆိုလိုခြင်းဖြစ်တယ်။ ။ အဲ့ဒါကြောင့် ခရစ်ယာန်တွေဟာ ဒုက္ခ ဝန်ထုပ်​ဝန်ပိုးတွေ သယ်နေရချိန်မှာတောင် ငြိမ်ချမ်းစွာ နေထိုင်နိုင်ကြတယ်၊ ငြိမ်ချမ်းခြင်းကျေးဇူးတော်ကို မဆုံးရှုံးကြပါဘူး။

ရဟန္တာ တွေရဲ့ဘဝကိုကြည့်ပါ။ ညှင်းပမ်း​နှိပ်စက် ခံရပြီး အသက်ပေးရမည့် သူတို့ရဲ့ နောက်ဆုံးအချိန်မှာတောင် ငြိမ်သက်ခြင်း​ ကျေးဇူးတော် ငြိမ်းချမ်းခြင်းကျေးဇူးတော်ကပျောက်မသွားခဲ့ကြဘူး၊ သခင်ခရစ်တော်ရဲ့ ငြိ်မ်းချမ်းခြင်းကျေးဇူးတော်က ဘာနဲ့တူသလဲဆိုတော့ အလုပ်ကြမ်းလုပ်ရတဲ့အလုပ်သမား တစ်ယောက် ဖျားနာလို့ အလုပ်ကို စွန့်လွတ်ပြီး တည်ငြိမ်အေးချမ်းမူကိုရယူလိုက်တာနဲ့တူသလို၊ နောက်တစ်​နည်းက ဆရာဝန်က လူနာကို စိတ်လှုပ်ရှားခြင်း ကင်မဲ့သော ဆေးပေးလိုက်သလိုပါပဲ။

သခင်ခရစ်တော်ရဲ့ငြိမ်းချမ်းခြင်းကျေးဇူးတော်က ဘဝမှာ တည်ငြိမ်စွာ ရှေ့ဆက်နိုင်ဖို့ခွန်အားတွေပေးတယ်၊ ဒုက္ခတွေကို ခံနိုင်ရည်ရှိဖို့ အေးချမ်းမူ​တွေပေးတယ်၊ ဘယ်လိုဒုက္ခပဲ ရင်ဆိုင်ကြုံတွေနေရပါစေ ယင်းငြိမ်းချမ်းခြင်းကျေးဇူးတော်က တည်ငြိမ်စွာရင်ဆိုင်နိုင်ဖို့ခွန်အားပေးနေတယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသာ ကျွနု်တို့နှလုံးသားထဲမှာ ရှိနိုင်အောင်ကြိုးစားပါ သခင်ခရစ်တော်ပေးခဲ့တဲ့ငြိမ်းချမ်းခြင်း ကျေဇူးတော်ဟာ ဘယ်သော အခါမှ မပျောက်ပျက်နိုင်ပါဘူး။

ငြိမ်းချမ်းခြင်းဆိုတာ ပျော်ရွင်စွာနေတတ်​ေ​သာအကျင့်ကို ပျောက်ပျက်စေသော ကျေးဇူးတော်မဟုတ်တာကိုလည်း သတိထားရမယ်၊ သခင်ခရစ်တော်ပေးတဲ့ငြိမ်သက်ခြင်း ငြိမ်းချမ်းခြင်း ကျေးဇူးတော်က တပါးသူတွေကို အပြုံနဲ့ကြိုဆိုသလို၊ အခက်ခဲဆုံအချိန်မှာတောင် အပြုံးမပျက်ရင်ဆိုင်နိုင်ခြင်းဖြစ်တယ်။ ပျော်ရွင်စွာနေထိုင်တတ်​ေ​သာအကျင့်ဟာ ကျေးဇူးတော်နှင့် နီးစပ်သောအကျင့်ဖြစ်တယ်ဆိုတာကို သတိရပါ။

ဘဝမှာ အခက်အခဲများကြုံတွေရချိန် ဝမ်းနည်းပူဆွေးရချိန်၊ ဒုက္ခရောက်ချိန်၊ ပျော်ရွှင်ရချိန် အချိန်တိုင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဆီမှ လာသော သခင်ခရစ်တော်ပေးသနားသည့် ငြိမ်းချမ်းခြင်းကျေးဇူးတော်များ ရရှိခံစားကြရပါစေ။ ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-05...

#pope, #mass, #holyspirit, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

11 + 9 =