Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
Casa Santa Marta တွင် အင်္ဂါနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
စက်တင်ဘာ ၁၈၊ ၂၀၁၈
https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-09...
#pope, #newness, #mass, #sinner, #humble, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
စက်တင်ဘာလ ၁၈ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရှင်လုကား ရး ၁၁-၁၇ ကို အခြေခံပြီး ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သခင်ခရစ်တော်သည် ကရုဏာတရားနှင့်ပြည့်ဝသော သိုးထိန်း နှင့် နူးညံ့သိမ်မွေ့မှု၏ စံနမူနာ အဖြစ်ဟောကြားခဲ့ပါသည်။
သခင်ခရစ်တော်က သူရဲ့အချိန်တွေကို လူတွေရဲ့အနားမှာရှိခြင်း လူတွေကိုဂရုတစိုက်ကြည့်ရှုနားထောင်ပေးခြင်း၊ တို့ထိကုသပေးခြင်း၊ ပွေ့ဖက်ကြင်နာမှု့ပေးခြင်း ယင်းအရာများဖြင့် လူတွေ့၏ ယုံကြည်မှု့ကိုရရှိခဲ့သည်။
လူတွေကိုအော်ဟစ်ငေါက်ငမ်းခြင်းမရှိ၊ အပြစ်မပေး၊ သူရဲ့ ကယ်တင်ရှင် မက်စီးယားဖြစ်
်ခြင်းအပေါ်ကြွားဝါဂုဏ်ယူမှု့မရှိခြင်း၊ လူတွေနှင့်အတူမရှိသောအချိန်တွင် အဖခမည်းတော်ဘုရားနှင့် အတူဆုတောင်းခြင်း၌ရှိနေခြင်း၊ ဗိမန်တော်တွင်စိတ်ဆိုးခြင်း စျေးသည်များ၊ ငွေလဲလှယ်သူများကိုမောင်းထုတ်ခြင်းသည် အဖခမည်းတော်အပေါ်ချစ်ခြင်းမေတ္တာထားရှိခြင်းကြောင့် ဘုရားသခင်၏ နေရာသည်လောကလူတို့၏ လောဘ ရမက်တက်သောနေရာမဖြစ်ရန် သင်ပြပေးခဲ့ခြင်း၊
နာအိမ်မြို့အဝင် မုဆိုးမ၏ တဦးတည်းသောသားလေးကို သေရာမှရှင်ပြန်စေခဲ့ခြင်းသည် လူတို့၏ဒုက္ခကိုသိမြင်နားလည်ခံစားပေးတပ်ခြင်းကို ဖော်ပြပေးနေကြောင်း၊ မျက်ရည်မကျ နှင့်ဟု မုဆိုးမကိုပြေားခဲ့သော စကားသည် သိုးထိန်တစ်ဦး ခေါင်းဆောင်တစ်ဦး၏ တာဝန်ဖြစ်ကြောင်း သင့်အားဖြင့်လူတို့၏ မျက်ရည်ကိုသုတ်ေပးရန် သင့်တို့ကိုခေါ်ထားကြောင်း သိုးထိန်းများသိရှိရန်၊
သနားကျင်နာမှု့ နုညံသိမ်မွေ့မှု့ ချစ်ခြင်းမေတ္တာများသည် လူတို့၏ ဒုက္ခများကို နားလည်ခံစားကုသပေးရာတွင် အရေးပါသော အရာများဖြစ်ကြောင်း ခရစ်တော်မှသင်ကြားပေးနေခြင်း၊
သိုးထိန်းတာဝန်ကိုယူထားကြသူများအတွက် သခင်ခရစ်တော်၏ စံနမှုနာများကို လိုက်နာကြရန် ဟောကြားခဲ့ပါသည်။
Add new comment