Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta

Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
ဇန်နဝါရီ ၇၊ ၂၀၁၉

ဇန်နဝါရီ်လ ၇ ရက် တနင်္လာနေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ခရစ်ယာန်များ ခိုင်မာသော အသက်တာတွင်ရှင်သန်နိုင်ရန် ဘုရား၏ လူဇာတိခံယူခြင်း၊ စီမံကိန်းနှင့်လုပ်ဆောင်မူများသည် တိကျသေချာခိုင်မာမူပေါ်တွင် တည်ရှိကြောင်း လူတွေနားလည်စေရန် ဟောကြားခဲ့ပါသည်။ လက်ဆုပ်လက်ကိုင် ပြနိုင်သော မိခင်မှမွေးဖွားလာခြင်း၊ အသက်ရှင်နေထိုင်ခဲ့ခြင်း၊ သေခြင်းကိုခံယူတော်မူခဲ့ခြင်း နှင့် ကျွနု်​ပ်တို့ အချင်းချင်း ညီကိုယ်မောင်နှမကဲ့ ခိုင်မာစွာ ချစ်ခင်ကြရန် သင်ကြားပေးခဲ့ကြောင်း ဟောကြားခဲ့ပါသည်။

ကျွန်တော်လူသားတွေဟာ ဘုရားစီက လိုချင်တာရဖို့ ကတိတွေပေးပြီး ပညတ်တော်တွေကိုလိုက်ကြ၊ ဘုရားနှစ်သက်မယ်​့အရာတွေလုပ်ကြ တယ်၊ တကယ်ရှိရမယ်​့အချက်က ခိုင်မာတဲ့ဘုရားသခင်အပေါ်မှာ ပြည့်ဝတဲ့ယုံကြည်ခြင်းပါ။ တကယ်တည်ရှိတဲ့ ဘုရားသခင်ကိုယုံကြည်ခြင်း၊ မယ်တော်၏ ဝမ်းတော်မှာ သန္ဓေယူတော်မူသောသားတော်ဘုရား၊ ငါတို့ကဲ့သို့လူသားဖြစ်တော်မူသောဘုရား၊ ဘက်သလင်ဟင်မှာမွေးဖွားခြင်းခံခဲ့သောဘုရား၊ အီဂျစ်ပြည်ကို ထွက်ပြေးရသောသူငယ်တော်ဘုရား၊ နာဇရက်ကိုပြန်လာပြီး လူသားတစ်​ဦးကဲသို့ကြီးထွားရှင်သန်ခဲ့သော ဘုရား ကို အပြည့်အဝယုံကြည်ခြင်းသာ အဓိကဖြစ်ပါတယ်။

 

ပထမပညာတ်တော် ကိုလိုက်နာတဲ့နေရာမှာ တခြားသောအရာတွေကို မယုံကြည်ဘဲ အဖခမည်းတော် လူအဖြစ်ယူတော်မူသော သခင်ခရစ်တော် နှင့် သန့်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါး တစ်ဆူတည်းသောဘုရားကို အပြည့်အဝယုံကြည်ခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ တဆက်တည်းမှာပဲ မိမိနှင့် နီးစပ်သောသူကို မိမိကိုယ်ကိုယ်ချစ်သကဲ့သို့ချစ်ခြင်း ဖြစ်တယ်။
ဘုရားကို ချစ်ပါတယ်ပြောပြီး ကိုယ်နှင်နီးစပ်သောသူကို မနာလိုမုန်းတီးခြင်း၊ နာမည်ဖျက်ခြင်းပြုလုပ်နေလျှင် ဘုရားမနှစ်သက်သောအရာ လုပ်ဆောင်နေသလို မိမိကိုယ်တွင်းမှာခိုင်မာမူမရှိသောယုံကြည်ခြင်း ကျင့်စဉ်ကို ဖော်ပြနေခြင်းသာဖြစ်တယ်။ ယင်းခိုင်မာသော ယုံကြည်ခြင်း ချစ်ခြင်းမေတ္တာ တရားရဖို့ ဘုရားသခင်စီမှာ ခွန်အားတောင်းရမယ်။

 

မိမိရဲ့ ဘုရားသခင်အပေါ်မှာယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ၊ ဟာ မိမိပတ်ဝန်းကျင်မှာရှိတဲ့သူကို မိမိဘယ်လို ဆက်ဆံနေသလဲဆိုတာနဲ့ဖော်ပြနေတယ်။ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ စိတ်နေစိတ်ထားကို မိမိကိုယ်တိုင်အမြဲစမ်​းစစ်ပြင်ဆင် နေရပါမယ်။ သခင်ခရစ်တော်ဟာသူရဲ့တရားကို ဟောပြောရုံသက်သက်မဟုတ် သူကိုတိုင်တရားဖြစ်ကြောင်း၊ သူကိုတိုင် ဘုရားဖြစ်ကြောင်း၊ သူရဲ့ခိုင်မာမူကို ၊ လူသားတယောက်၏ အသွင်ဖြင့် အပြည့်အဝ ပြသသွန်သင်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ခိုင်မာတဲ့ချစ်ခြင်းမေတ္တာကို သခင်ခရစ်တော်မှာအပြည့်အဝဖော်ပြပေးခဲ့တယ်။ အဲ့ဒီခိုင်မာတဲ့ဘုရား လူတို့နှင့် အတူရှိတော်မူသောဘုရား ၊ အသက်ပေးကယ်တင်တော်မူသောဘုရားကို တို့ယုံကြည်ကြခြင်းဖြစ်တယ်။

 

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-01...

#pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 3 =