Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
မတ်လ ၇၊ ၂၀၁၉
မတ်လ ၇ ရက် ကြာသပတေး နေ့ Casa Santa Marta ၌ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် တောလည်ရာကျမ်းကို အခြေခံပြီး မိုးဇယ်ကတိထားသော တိုင်းပြည် အကြောင်း နှင့် ပျက်စီးခြင်းနှင့် ထာဝရအသက်အကြောင်း မိမိတို့၏ ရွေးချယ်မူပေါ်မူတည်ကြောင်း ဟောကြားခဲ့ပါသည်။
အီဂျစ်ပြည်မှ မိုးဇယ်ခေါ်ဆောင်လာသောလူတွေ၊ ထာဝရဘုရားစကားကိုနားမထောင်ကြဘဲ နတ်ဘုရားများပြုလုပ် ကိုးကွယ်ခဲ့ကြလို့ ပျက်စီးခြင်းနဲ့ကြုံခဲ့ကြရတယ်၊ သင်တို့နှလုံးသားတွေလည်း ကောင်းသောလမ်းမှန်ကနေ သွေဖယ်သွားကြမယ်ဆိုရင် ဦးတည်ရာပျောက်ပြီး နှောင့်ယှက်ခြင်းနောက်ပါသွားကြမယ် အဆုံးမှာ ပျက်စီးခြင်းကို ရင်ဆိုင်ကြရမယ်။
♥ လူအများစုဟာ ဝိညာဉ်နားကန်းနေကြတယ်၊ ဘုရားသခင်ရဲ့ အသံကို မကြားကြတော့ဘူး ကောင်းမူကုသိုလ်တွေကို ကောင်းမြတ်ခြင်းတရားတွေကို မကြားနိုင်ကြတော့ဘူး။ မကောင်းမူတွေ သာယာမူတွေနောက်လိုက်ရင် လမ်းလွဲသွားတဲ့ အီဇရာအဲလ် လူမျိုးတွေလို ဘုရားမဟုတ်တဲ့အရာတွေကို အားကိုးအားထားပြုနေကြတယ်။ အဲ့လိုသာ ဆက်သွားကြမယ်ဆိုရင် ဘုရားကတိထားတဲ့ နိုင်ငံတော်ကို မရောက်ဘဲ ပျက်စီးခြင်းကို ရောက်ကြလိမ့်မယ်။ ဝါတွင်းကာလဟာ လမ်းမှန်ပြန်လျှောက်နိုင်ဖို့ပြင်ဆင်ရာကာလဖြစ်တယ်။
♥ လူအများစုဟာ ဘုရားသခင်ကတိပေးထားတဲ့ အချက်တွေ ကို မေ့လျှော့ ပျောက်ပျက်ကုန်ကြပြီ၊ ကျွနု်ပ်တို့ ဘဝထဲမှာ ကြီးမားစွာပြုလုပ်ပေးနေတဲ့ ဘုရားကျေးဇူးတော်တွေကို မေ့လျှော့ကုန်ကြပြီ၊ ဘုရားမပါဘဲလျှာက်လှမ်းနေတဲ့အသက်တာဟာ ဘယ်သောအခါမှ ကျေနပ်နှစ်သိမ့်မူကို ရလိမ့်မည်မဟုတ်။ ဒါကြောင့်ဝါတွင်းကာလ ဟာ ဆုတောင်းရာကာလဖြစ်တယ်။ ဘုရားနဲ့ပြန်လည်ပေါင်းစပ်ရမည့်ကာလဖြစ်တယ်၊ ဘုရားရဲ့ကျေးဇူးတော်တွေကိုပြန်လည်အောက်မေ့သတိရ စေရမည့်ကာလဖြစ်တယ်။ ဘဝ အသက်တာလျှောက်လှမ်းနေတဲ့ ခရီးစဉ်မှာ ဘုရားကျေးဇူးတော် တွေကိုပြန်လည် သတိရကြရမယ်။ ဘဝမှာ သက်တောင့်သက်သာရှိနေပြီ ဆိုရင် ဘုရားကိုမေ့တတ်ကြတယ်၊ ဘုရားကျေးဇူးတော်ကို အသိအမှတ်မပြုကြတော့ဘူး၊ ဘုရားကျေးဇူးတော်ကို အသိအမှတ်မပြုတော့တဲ့အချိန်ဟာ လမ်းမှားကို စတင်လျှောက်လှမ်း မိချိန်ဆိုတာသတိထားရမယ်။
အီဇရာအဲလ် လူမျိုးတွေဟာ သူတို့ကို ဘုရားသခင်ရွေးချယ်ထားသောလူမျိုးဆိုတာကို မေ့လျှော့ခဲ့ကြတယ်၊ ဘုရားသခင် သူတို့ကို ကာကွယ်ပေးခဲ့တာ ကယ်တင်ပေးခဲ့တာတွေကို သတိမရကြတော့ဘူး၊ တို့တွေလည်း ဆေးကြောခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးတွေဖြစ်ခွင်ရထားတာကိုမေ့လျှော့နေကြတယ်၊ ဘုရားသခင် တို့ဘဝ အသက်တာတစ်လျှောက်လုံးမှာ ကာကွယ်ပေးခဲ့တာ ကူညီပေးခဲ့တာတွေကို မေ့နေကြတယ်။ သခင်ခရစ်တော် လောကကိုကြွလာပြီး ငါတို့ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတင်ရမယ့် အရာကို မေ့နေကြတယ်၊ ကယ်တင်ခြင်းသမိုင်းကို ကိုယ့်ဘဝထဲကနေ ဖျောက်ဖျက်ပြစ်နေကြတယ်။ ဒီဝါတွင်းကာလဟာ ဘုရားသခင် ကာကွယ်စောင့်ရှောက် ကူညီပေးခဲ့တာတွေကို ပြန်လည်သတိရ ကျေးဇူးတင်နေရမယ့်ကာလဖြစ်တယ်။
အိုအရှင်ဘုရား ကိုယ်တော်ပြုလုပ်ဆောင်ရွက်ပေးခဲ့သော၊ ပေးနေသော ကျေးဇူးတော်တွေကို သိမှတ်ဝန်ခံပြီး ကျေးဇူးတင်တတ်ရန် တပည်တော်တို့ကို ကျေးဇူးပေးသနားတော်မူပါ။
https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-03...
#pope, #mass, #recognition, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment