Casa Santa Marta တွင် ကြာသပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

သူတပါးကို အပြစ်စီရင်ရန်မဟုတ် သခင်ခရစ်တော်ကဲ့သို့ သနားညှာတာကြရန်

Casa Santa Marta တွင် ကြာသပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
စက်တင်ဘာ ၂၀၊ ၂၀၁၈

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-09...

#pope, #newness, #mass, #sinner, #humble, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၂၀ ရက် ကြာသပတေး နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သူတပါးကို အပြစ်စီရင်ရန်မဟုတ် သခင်ခရစ်တော်ကဲ့သို့ သနားညှာတာကြရန် ဟောကြားခဲ့ပါသည်။
အသင်းတော်သည် ကျွနု်ပ်တို့ကဲ့သို့ အပြစ်ရှိသော သားသမီးများကို ပိုင်ဆိုင်ထားသည့် သန့်ရှင်းသော မိခင်ဖြစ်ပါသည် ။ ထို့အတွက် သခင်ခရစ်တော်ထံမှ သနားကြင်နာခြင်းနှင့် ခွင့်လွတ်ခြင်းကို တောင်ခံကြပါစို့။
ရဟန်းမင်ကြီးမှ ကြာသပတေးနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး လူသုံးမျိုးအကြောင်းကို ရှင်းပြဟောကြားခဲ့ပါသည်။ သခင်ခရစ်တော်နှင့်သူ၏တပည့်များ၊ အပြစ်ရှိသော အမျိုးသမီးနှင့် ရှင်ပေါလူး၊ အပြစ်တင်ရန်ရှာနေကြသော ဖာရီဇေဦးများ စသည့်လူသုံးမျိုးသုံးစားခွဲ၍ ရှင်းပြခဲ့ပါသည်။

အပြစ်ရှိသောအမျိုးသမီးသည် သခင်ခရစ်တော်ကို ပိုမိုချစ်ကြောင်း ရှင်းပြရာတွင် ယင်းအမျိုးသမီးသည် မှားယွင်းသော အရာများကို ပြုခြင်းအားဖြင့်ချစ်ခြင်းမေတ္တာကို ရှာဖွေနေရာမှ နောက်ဆုံးတွင် သခင်ခရစ်တော်၌ စစ်မှန်သော ချစ်ခြင်းမေတ္တာ ကိုရှာဖွေတွေ့ရှိခဲ့သူဖြစ်သည်။ ရှင်ပေါလ်လူး မပြောင်းလဲခင်ကာလတွင် ခရစ်ယာန်များကိုလိုက်လံ ဖမ်းဆီးအကျဉ်းချခြင်းညှင်းပမ်း နှိပ်စက်ခြင်းသည် ဂျုးလူမျိုးတို့၏ တရားဥပဒေကို အတိအကျလိုက်ပြီး ဥပဒေ အတွင်း၌ စစ်မှန်သော ချစ်ခြင်းမေတ္တာ ကိုရှာဖွေခဲ့သော် မတွေ့ရှိခဲ့ပါ ။ သခင်ခရစ်တော်ကို ရရှိပြောင်းလဲခြင်း၌ သာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ကို တွေ့ရှိခဲ့သည်။ သူတို့နှစ်ဦးသည် ချစ်ခြင်းမေတ္တာ ကို ဆာလောင်တောင့်တစွာရှာဖွေခဲ့ကြသောကြောင့် သူတို့လိုချင်သော ချစ်ခြင်းမေတ္တာ ကိုရရှိကြသောအခါ အသက်နှင်လဲ၍ တန်ဖိုးထားခဲ့သည်ကို ရှင်းပြခဲ့ပါသည်။

အပြစ်တင်ရန်ရှာနေကြသော ဖာရီဇေဦးများ အကြောင်းရှင်းပြရာတွင် အပြစ်ရှိသော အမျိုးသမီးသည် သခင်ခရစ်တော်၏ ခြေထောက် ကို သူမ မျက်ရည်ဖြင့်ဆေးပြီး သူမဆံပင်ဖြင့်သုတ်ပေးနေခြင်းသည် ဖာရီဇေဦးများအတွက် အပြစ်ရှိသော အပြုအမှုဖြစ်သည်။ အပြစ်သည် အမျိုးသမီး၏ တို့ထိခြင်းခံရသောသူသည် မသန့်ရှင်းတော့ကြောင်း သတ်မှတ်ကြသည်။ သခင်ခရစ်တော်၏ ကြီးမားသော မေတ္တာ သည် အပြစ်သားကို အပြစ်ခွင့်လွတ်ရန်ကြွလာခြင်းဖြစ်ပြီး၊ အပြစ်သားကို အပြစ်စီရင်ခြင်း၊ ချစ်ခြင်းမေတ္တာ နှင့်ပိုမိုဝေးကွာစေရန်မဟုတ်ပါ။ သူတို့သတ်မှတ်ထားသော ဥပဒေသည် တရားမျှတမှု့အဆင့်သာရှိသည်။ ချစ်ခြင်မေတ္တာ သည် တရားမျှတမှု့ထက် အဆများစွာသာလွန်သည်။ တစ်ပါးသူကို မိမိအမြင် မိမိဆုံးဖြတ်ချက်နှင့်တရားစီရင်ရန်မသင့်ကြောင်း၊ ချစ်ခြင်းမေတ္တာ ဖြင့်ကြည့်ရှုခံစားစေလိုကြောင်းရှင်းပြခဲ့ပါသည်။

သခင်ခရစ်တော်နှင့်သူ၏ နောက်လိုက်များအကြောင်း ရှင်းပြရာတွင်
(သခင်ခရစ်တော်သည် အသင်းတော်၏ ဦးခေါင် အသင်းတော်သည် ခန္ဓာ) ယင်း အသင်းတော်သည် လိမ်ညာဟန်ဆောင်သူတို့အတွက်ကြောင့် အကြိမ်ကြိမ်ညှင်းပမ်းနှိပ်စက်ခံနေရသည်။ မိမိကိုယ် ကို အပြစ်သားမှန်းသိသူကို နတ်ဆိုးသည်မည်သို့မျှမပြုလုပ်နိုင်ပါ။
မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်းမသိသောသူသည် ဟန်ဆောင်နေသူဖြစ်ပြီး ဟန်ဆောင်ခြင်းသည် နတ်ဆိုး၏ လက်နက်ဖြစ်သည်။ နတ်ဆိုးသည် အင်အားနည်းသူအဖြစ်ဟန်ဆောင်တတ်ပြီး အမှန်မှာ အလွန်အင်းအားကြီးမားသူဖြစ်ကြောင်း မိသားစုကို ဖျက်ဆီးရန်၊ လူအဖွဲ့အစည်းကို ပို ဖျက်ဆီးရန်၊ သာသနာတော်ကိုဖျက်ဆီးရန်၊ အတွင်းအပြင် ဟန်ဆောင်မှု့အမျိုးမျိုး နှင့်နှိပ်စက်နှောက်ယှက်နေပြီး ချစ်ခြင်းမေတ္တာ ကို မတိုးပွားစေရန် ဟန်ဆောင်မှုဖြင့်ဖျက်စီးတတ်ကြောင်းရှင်းပြခဲ့ပါသည်။

 

Add new comment

18 + 2 =