Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Casa Santa Marta တွင် ကြာသပတေးနေက ရဟန်းမင်းကြီးဟောကြားခဲ့သော သြဝါဒ
Casa Santa Marta တွင် ကြာသပတေးနေက ရဟန်းမင်းကြီးဟောကြားခဲ့သော သြဝါဒ
ဇန်နဝါရီ ၁၀၊ ၂၀၁၉
ဇန်နဝါရီလ ၁၀ ရက် ကြာသပတေး နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ဘုရားကို ချစ်သောသူသည် မိမိညီအကို ကိုလည်းချစ်ရမည် ဟုဟောကြားခဲ့ပါသည်။ သင်၏ညီကိုမောင်နှကို မချစ်နိုင်လျှင် ဘုရားသခင်ကိုလည်း မချစ်နိုင်ပါ။ ခရစ်ယာန်အသက်တာဟာ မကောင်းသောလောကတပ်မက်စိတ်တွေကို မိမိကိုယ်တိုင်ကျော်လွှာရုံသာမက မိမိကို ထိခိုက်နာကျင်အောင် ပြောဆိုသူ၊ မနာလိုမုန်းတီးသူတွေနှင့် မိမိကို ရန်လိုမုန်းထားသူတွေကိုတောင် ဆုတောင်းပေးကြရမည့်တာဝန်ရှိတာကို မမေ့ပါနဲ့။
လောကတပ်မက်စိတ်သည် လူကိုလှည့်ဖြားတတ်သည်။
ဘုရားသခင်၏ သားသမီးအဖြစ်ခံယူထားသူမှန်သမျှ လောကတပ်မက်စိတ်ကို ကျော်လွှားနိုင်ရမည်။ လောကတပ်မက်စိတ်သည် ကောက်ကျစ်စဉ်းလဲ ရုံသာမက
လူကိုလည်းလှည့်ဖြားတတ်သည်မို့ အချည်းနှီးသက်သက်သာ ဖြစ်၏။ ဘုရားသခင်၏ စိတ်နေစိတ်ထားသည် မှန်ကန်ဖြောင့်မတ်သောစိတ်ထားဖြစ်သောကြောင့် လူတိုင်းမွေးမြူကြရမည်။
လောကတပ်မက်စိတ်သည် မိသားစုများ၊ အဖွဲ့အစည်းများ၊ လူအဖွဲ့အစည်းတစ်ခုလုံးကို ပြိုကွဲစေသည်။
ဘုရားသခင်၏ စိတ်နေစိတ်ထားနှင့်အသက်ရှင်ကြလျှင် ကျွနု်ပ်တို့အားလုံးကောင်းသောအရာများကို ပြုလုပ်ကြလိမ့်မည်။ လူတွေက ငါဘုရားကိုချစ်တယ် ဒါပေမဲ့ ငါညီကိုမောင်နှမ အိမ်နီးနားချင်း၊ ကိုယ်နှင့် နီးစပ်သောသူကို မချစ်နိုင်ဘဲ အမုန်းပွားနေလျှင် ထိုသူသည် လူလိမ် ဖြစ်သည်။ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်နဲ့နီးစပ်သောသူကို မချစ်နိုင်သောသူသည် ဘုရားကိုလည်းမချစ်နိုင်ပါ။ ကိုယ့်မျက်စိနဲ့မြင်တွေ့နေရတဲ့ ကိုယ်နဲ့နီးစပ်သောသူကိုတောင် မချစ်နိုင်တာ မမြင်ရတဲ့ဘုရားကို ဘယ်လိုလုပ်ချစ်နိုင်မှာလဲ။ ဘုရားကိုတကယ်ချစ်ရင် ထိရောက်သေချာသော ပုံသက်သေနဲ့ ချစ်ပြနိုင်ရမည်။ သို့မဟုတ်လျင် စစ်မှန်သော အချစ်မဖြစ်နိုင်ဘူး။ လောကတပ်မက်စိတ်က မိသားစုများ၊ အဖွဲ့အစည်းများ၊ လူအဖွဲ့အစည်းတစ်ခုလုံးကို စိတ်ဝမ်းကွဲစေသည်။၊ သံသယတွေတိုးပွားစေသည်။ ပြိုကွဲစေသည်။ အဲ့ဒီစိတ်တွေကနေပဲ လူတွေကို စစ်ပွဲများဆီသို့ ခေါ်ဆောင်သွားသည်။
တပါးသူကို ချစ်မချစ် အချက်သုံးချက်နဲ့ စမ်းစစ်လို့ရသည်။
ပထမ အချက်အနေနဲ့ သူတပါးအတွက်ဆုတောင်းပေးသလား။ အထူးသဖြင့် ကိုယ်မကြိုက်နှစ်သက်တဲ့သူရော၊ ကိုယ်ကြိုက်နှစ်သက်တဲ့သူအတွက်ရော။
ဒုတိယအချက်အနေနဲ့ မနာလိုမုန်းတီးခြင်း၊ သူတပါးပျက်စီးရာပျက်စီးကြောင်း စိတ်ဆန္ဒတွေကနေ မိမိကိုယ်ကို ကင်းရှင်းအောင်ကြိုးစားနေသလား၊ အဲ့ဒီစိတ်တွေ မကြီးထွားလာပါစေနဲ့၊ သင်အတွက် အင်မတန် အန္တရာယ်များတယ်။
တတိယအချက်အနေနဲ့ သူတပါးအရှက်ရအောင်၊ နာမည်ပျက်အောင်၊ ထိခိုက်နစ်နာအောင် ပြောဆိုသောအကျင့်ရှိသလား၊ အဲ့ဒီလိုတွေလုပ်နေပြီး ငါဘုရားကိုချစ်တယ် သို့သော် ငါ့ပါစပ်နဲ့လူတွေကိုသတ်နေတယ် ဆိုတာပြနေတဲ့ လူလိမ်ဖြစ်နေတယ်။
ဘုရားသခင်၌တည်မြဲသောယုံကြည်ခြင်းသည် လောကတပ်မက်စိတ်ကို တွန်းလှန်တိုက်ခိုက်အောင်မြင်သည်။ ဘုရားသခင်၌စစ်မှန်သော ယုံကြည်ခြင်းသာလျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာ အသက်တာကိုရှင်သန်နိုင်မှာဖြစ်ပေသည်။
https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-01...
#pope, #mass, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment