Casa Santa Marta တွင် ကြာသပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta တွင် ကြာသပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
Casa Santa Marta တွင် ကြာသပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
အောက်တိုဘာ ၁၁၊ ၂၀၁၈

အောက်တိုဘာ ၁၁ ရက် ကြာသပတေး နေ့ Casa Santa Marta ၌ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ဘုရားသခင်ဟာ ကျွန်ုပ်တို့လိုအပ်တာကိုပေးနိုင်သော ကျွနုပ်တိုရဲ့မိတ်ဆွေဖြစ်တယ်။ ဒါ့ကြောင့် ဆုတောင်းတဲ့အခါ ရဲရဲရင့်ရင့် ဆုတောင်းကြဖို့နေ့စဉ်သမ္မာကျမ်းစာကို အခြေခံပြီးဟောကြားခဲ့ပါသည်။
လူတစ်ယောက်က ညသန်းခေါင်ယံအချိန်မှာ သူမိတ်ဆွေဆီသွားပြီး ငါ့ကို မုန့်သုံးလုံးချေးဌားပါ ဧည့်သည်တစ်ယောက်အဝေးကရောက်တယ် ဧည့်ခံစရာမရှိလို့၊ အိမ်ရှင်က ငါတို့အားလုံးအိပ်ယာထည်းရောက်ကုန်ပြီ အိပ်ကြပြီမနှောက်ယှက်ပါနဲ့ဟုပြောဆိုသော်လည်း၊ မိတ်ဆွေဖြစ်သောကြောင့် အိပ်ယာကထပြီး သူလိုအပ်တဲ့မုန်ကိုပေးခဲ့တယ်။
တောင်းတဲ့သူက သူမိတ်ဆွေကသူလိုတာပေးနိုင်တယ် ပေးလိမ့်မယ်ဆိုတာကိုယုံကြည်စိတ်နဲ့ ဇွဲမလျှောပဲတောင်းခဲ့တယ်၊ ဒီအချက်ပေါ်အခြေခံပြီး ဘုရားသခင်က ကျွန်ုပ်တို့ဆုတောင်းတဲ့အခါမှာ မရ ရအောင်းဆုတောင်းကြဖို့သင်ပေးနေတယ်၊
အတောင်းခံတဲ့မိတ်ဆွေက ဘုရား သူမှာ တို့ လိုတာအားလုံးကိုပေးနိုင်တယ်၊ ပေးဖို့လည်းရှိတယ်၊ တောင်းတဲ့သူက တို့လူသားတွေ ဖြစ်တယ် အဲ့တာကြောင့် ဒီနေ့ဥပမာထဲကလို ဆုတောင်းတဲ့နေရာမှ စိတ်ဓါတ်မကျနဲ့၊ အားမလျော့နဲ့၊ တောင်းပါ တောင်းရင်ရလိမ့်မယ်။
ဆုတောင်းတာက မျက်လှည့်ဆရာကိုင်တဲ့တုတ်လို တချက်ဝှေ့လိုက်ရုံနဲ့ရတဲ့အရာမဟုတ်ဘူး၊ ကောင်းကင်ဘုံ၌မေတ္တာလေး ၂ခါလောက်ဆိုတာ၊ ဂုဏ်ကျေးဇူးတော်မေတ္တာလေး ၂ခါလောက်ဆိုတာကို ဆုတောင်းတယ်မခေါ်ဘူး။ ဆုတောင်းတဲ့နေရာမှာ သင့်ရဲ့အားစိုက်မှု့၊ ဇွဲလုံ့လ၊ ပြည့်ဝတဲ့ယုံကြည်ခြင်း၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်၊ မရှက်မကြောက်၊ အနစ်နာခံမှု့ ပေးဆပ်မှုတွေနဲ့တောင်းရမယ် ၊ သင်တောင်းနေတဲ့ပုဂ္ဂိုလ်က သင့်မိတ်ဆွေ ဘုရားသခင် သင်မှာ သူတံခါးကိုသွားခေါက်ပိုင်ခွင်ရှိတယ်၊ ဇွဲရှိစွာနဲ့နောင်းဖို့ပဲလိုတယ်။ ရဟန္တာမ မော်နီကားလို သူသားအကျင့်တရားပြောင်းလဲဖို့ နှစ်ပေါင်းများစွာ မျက်နဲ့ဆုတောင်းခဲ့တယ်။ နောင်ဆုံးမှာ ဘုရားသခင်က တံခါးဖွင့်ပေးခဲ့တယ်။ သူလိုတာကိုပေးခဲ့တယ်။
Buenos Aires က အလုပ်သမားတစ်ယာက် သူသမီးက သေတော့မယ့်အခြေအနေမှာ ဆရာဝန်ကလည်းလက်လျှောပြီ ၇၀ ကီလိုမီတာဝေးတဲ့နေရာမှာရှိတဲ့ Our Lady of Lujan မယ်တော်ရင်ပြင်မှာ တညလုံးဆုတောင်းတယ် သူတောင်းတာက ငါသမီးကိုငါပြန်လိုခြင်တယ်၊ သင်ငါ့ကိုပြန်ပေးနိုင်တယ်၊ ဆုတောင်းနေခဲ့တာ မနက်မိုးလင်းတော့ သူဆေးရုံကိုပြန်သွားတယ်၊ သမီးက ထပြီး စားစရာတောင်းတယ် အခုဘာမှလည်းမဖြစ်တော့ဘူး။ ဆရာဝန်က မသင်္ကာလို့ထပ်စစ်ဆေးဖို့ခေါ်သွားတယ် ဆိုပြီးသူအမျိုးသမီးက သူကို ပြောပြခဲ့တယ်။ အဲ့တာဇွဲလုံ့လနဲ့ဆုတောင်းခြင်းကြောင့် ဘုရားသခင် တံခါးဖွင့်ပေးလိုက်တာပါပဲ။
နတ်ဆိုးတောင် သူသားသမီး ကောင်းတာပေးရမယ် ဆိုတာသိရင်၊
တို့မိတ်ဆွေက ဘုရား၊ တို့မိတ်ဆွေက တို့ကို အကောင်းဆုံးတွေပေးဖို့စောင်းမျှော်နေတယ်
စိတ်အားထက်သန်စွာနဲ့တောင်းကြပါစို့။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-10/pope-francis-mass0.html

#pope, #mass, #good, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 1 =