Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် ကြာသာပတေးနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
နိုဝင်ဘာ ၂၉၊ ၂၀၁၈
 

နိုဝင်ဘာလ ၂၉ ရက် ကြာသပတေး နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ဗျာဒိတ်ကျမ်းစာကို အခြေခံပြီး ကမ္ဘာကုန်ဆုံးမည့်အကြောင်း ကိုရှင်းပြရာတွင် ယုံကြည်သူ ခရစ်ယာန်ဘာသာဝင်များ ဘာသာမဲ့တွေလိုနေထိုင်ကြရင် ခရစ်ယာန်ဘာသာတရား အဆုံးသတ်သွားလိမ့်မည် ဟု ဟောကြားခဲ့ပါသည်။

 
 
ဘာဘီလုံမြို့ပျက်စီးရခြင်းအကြောင်းအရင်းသည် အကျင့်ပျက်ခြစားမှုများ ကြောင့်ပျက်စီးခဲ့ရကြောင်း၊ အမှန်တရားသည် အရာရာအားလုံးကိုအနိုင်ယူသွားမည့်အကြောင်း၊ အမှန်တရား၏ လှပမှုရှေ့တွင် မကောင်းမူဒုစရိုက်အားလုံး ဖော်ပြခြင်းခံကြရမည့်အကြောင်း၊ မကောင်းသောသာယာမှုနောက်၊ လောကသာယာမှုနောက်လိုက်နေသောသူတို့သည် စစ်မှန်သော ပျော်ရွှင်မူကိုဆုံးရှုံးကြရမည့်အကြောင်း၊
 
 
ဂျေရုဆလင်မြို့ ပျက်စီးရခြင်းအကြောင်းအရင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကိုသစ္စာဖောက်သောကြောင့်၊ ဘုရားကိုဆန့်ကျင်သော အရာများကို လက်ခံခဲ့သောကြောင့်၊ ဘုရား၏ ချစ်ခြင်းမေတ္တာ ဖြင့်စေလွတ်ခဲ့သော သူ၏ တစ်ပါးတည်းသော သားတော်ကို လက်မခံငြင်းပယ်ခဲ့သောကြောင့် ပျက်စီးရခြင်းဖြစ်ကြောင်း၊
သိုးသူငယ် (အပြစ်ကင်းစင်သူ ဘုရားသားတော်)၏ မင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခံရသူသည် မင်္ဂလာ ရှိ၏။ ကောင်းကင်နိုင်ငံသို့ဝင်စားရန်ဖိတ်ခေါ်ခံရသူတို့သည် မင်္ဂလာ ရှိကြ၏၊

အကျင်ပျက်ခြစားမှုကင်းသူ၊ ဘုရားသခင်၏ နေရာ၌ မည်သည့်လောကအရာတစ်ခုမျှ အစားထိုး အသက်ရှင်မှုမပြုသော သူတို့သည် ကယ်တင်ခြင်းခံကြရမည်၊ စစ်မှန်သော အမှန်တရား၊ ပျော်ရွှင်ခြင်းကို သိုးသူငယ်၏ မင်္ဂလာ ဆောင်ပွဲတွင်အပြည့်အဝခံစားကြရမည်။ ကောင်းကင်နိုင်ငံတော် စားသောက်ပွဲတွင် အပြည့်အဝခံစားကြရမည်။

 
 
 
တန်ခိုးအရှိန်အဝါ နှင့် ဂုဏ်မောက် မာနထောင်လွားခဲ့သော ဘာဘီလုံမြို့ကြီး သည်ပျက်စီးခဲ့ရသည်။ ဘုရားသခင်၏ နေရာကို နတ်ဘုရားကိုးကွယ်မှု မှားယွင်းသော လောကအရာများနှင့်အစားထိုးခဲ့သော ဂျေရုဆလင်မြို့ ပျက်စီးခဲ့ရသည်။
 
 
ဘုရားသခင်အပေါ်မှာ သစ္စာရှိသူ၊ ဘုရား၏ ချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုသူ၊ အကျင်ပျက်ချစားမှုကင်းသူ၊ နှိမ့်ချခြင်းအပြည့်နှင့်အသက်ရှင်သူ၊မျှော်လင့်နေသောသူသာ အသက်ရှင်မယ်၊ ထာဝရအသက်ကိုရရှိမယ် ဟုဟေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/pope-francis-mass-christian-societies-end-if-pagan.html

#pope, #mass, #recognition, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 4 =