Casa Santa Marta တွင် အင်္ဂါ နေ့က ရဟန်းမင်း ကြီးဟောကြားသော သြဝါဒ

အောက်တိုဘာ ၂၃ ရက် အင်္ဂါ နေ့ Casa Santa Marta
Casa Santa Marta တွင် အင်္ဂါ နေ့က ရဟန်းမင်း ကြီးဟောကြားသော သြဝါဒ
အောက်တိုဘာ ၂၃၊ ၂၀၁၈

အောက်တိုဘာ ၂၃ ရက် အင်္ဂါ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် နေ့စဉ် သမ္မာကျမ်းစာ ကိုအခြေခံပြီး ခရစ်ယာန်မျှော်လင့်ခြင်းသည် ခရစ်တော်နဲ့တွေဖို့ ရှင်သန်နေရမည် ဟု ဟောကြားခဲ့ပါသည်။
မျှော်လင့်ခြင်းဆိုတာ တွေးနေရုံ၊ စိတ်ကူးယဉ် နေရုံ စိတ်ကူးသက်သက်မဟုတ်ဘူး၊ ခရစ်ယာန်မျှော်လင်ြ့ခင်းက သခင်ခရစ်တော်နဲ့ တကယ်တွေ့ရမယ်ဆိုတဲ့ နေတိုင်ရှင်သန်နေတဲ့မျှော်လင့်ချက်၊ ဥပမာ ကိုယ်ဝန်ဆောင် မိခင်က မွေးဖွားလာမည့် ကလေးငယ်ကို ဝမ်းသာမှုအပြည့်နဲ့မျှော်လင့်နေသလို မျိုးမျှော်လင့်နေရမယ်။
အင်္ဂါနေ့ရဲ့ပထမကျမ်းစာ တမန်တော်ပေါ်လူမှ ဧဖက်ဆု အမျိုးတို့ထံပေးစာ မှာပါတဲ့ နိုင်ငံသားဖြစ်ခြင်းအကြောင်းကိုအခြေခံပြီး၊ ကောင်းကင်နိုင်ငံတော်ရဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ဘုရာက တို့အတွက် လက်ဆောင်အဖြစ်ပေးခဲ့တယ်၊ အဲ့ဒါက ခရစ်ယာန်တစ်ယောက်ရဲ့ငါဘာလဲဆိုတဲ့အရာကိုဖော်ပြတယ်၊ ငါဟာ ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရှိသူ၊ ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ ဘုရားခွင့်ပေးထားခြင်းခံရသူ ဆိုတာကိုဖော်ပြနေခြင်းဖြစ်တယ်။
သခင်ခရစ်တော်အားဖြင့်ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံသားအခွင့်အရေးကို ပေးခဲ့တယ်၊ ဘုရားသခင်ကိုယ်၌က ကျွန်ုပ်တို့ကောင်းကင်နိုင်ငံ အမွေကိုရရှိစေဖို့ဦးဆောင်ပေးနေတာဖြစ်တယ်၊ အဲ့ဒီအမွေရခြင်းသည် ဘုရားနှင့်အတူနေခွင့်ရခြင်း၊ အရာရာအားလုံးပြီးမြောက်ပြည့်စုံစေစခြင်းဖြစ်တယ်။ ငါတို့လုပ်ရမှာက ငါတို့တစ်နေ့ကောင်းကင်နိုင်ငံမှာ ဘုရားနဲ့အတူနေခွင့်ရမယ်ဆိုတဲ့ ရှင်သန်နေတဲ့ မျှော်လင်ခြင်းနဲ့ အဲ့ဒီ အမွေကိုရရှိဖို့ နေ့စဉ် ဘုရားရဲ့အလိုတော်ကိုရှာဖွေနေရမယ်။
မျှော်လင်ခြင်း ဆို တဲ့ ကျေးဇူးတော်လေးဟာ သေးငယ်ပြီး ပြောရလွယ်ပေမဲ့ အလွန် ခက်ခဲနက်နဲတဲ့ အဓိပ္ပါယ် တွေနဲ့ပြည့်နေတာကိုသိရမယ်။
မျှော်လင်ြ့ခင်းဆိုတာဘာလဲ။ ကောင်းကင်နိုင်ငံတော်မှာ ရဟန္တာ တွေနဲ့ ဘုရားသခင်ကို ထာဝရဖူးတွေ့ခွင့်ရနေတာကိုမျှော်လင့်တာလား၊
မင်းအတွက်ကောင်းကင်နိုင်ငံရှိလို့လား၊ ရှိတယ် ရှိနေတယ်၊
အသက်ရှင်နေတဲ့မျှော်လင်ြ့ခင်းက ရရှိလာမယ့် ဆု လဘ်ကိုခရီးဆက်နေတယ်ဆိုတာသိရမယ်။ အဲ့ဆုက စစ်မှန်ပြည့်ဝတဲ့ပျော်ရွှင်ခြင်းပဲ။

အထက်မှာပြောခဲ့သလို မျှော်လင်ခြင်းမှာ နက်နဲတဲ့အဓိပ္ပါယ်တွေနဲ့ပြည့်နေတယ်၊ ဟုတ်တယ် မျှော်လင်ခြင်းဟာ နှုးညံ့ပြီး နှိမ့်ချတဲ့ကျေးဇူးတော်လည်းဖြစ်တယ်၊ မျှော်လင့်ခြင်းဟာ စိတ်ပျက်အားငယ်မှုကို ကျော်လွှားသွားစေတယ်။ မျှော်လင်ြ့ခင်းဆိုတာ တခုခုစီကို ငါ့တို့ကိုခေါ်သွားနေတယ် သယ်သွားနေတယ်၊ ဘယ်ကိုလဲ၊ ဘုရားစီကိုပဲဖြစ်တယ်။ သူနဲ့ပေါင်းစပ်သွားဖို့၊ အဲ့ဒီကို ခေါ်ဆောင်နေခြင်းဟာ မျှော်လင်ြ့ခင်းပါပဲ။
ကိုယ်ဝန်ဆောင်မိခင်က သူကလေးမွေးလာတဲ့နေ့မှာ မျှော်လင်ချက်ပြည့်စုံသွားသလို ဘုရားစီကို ရောက်ရှိသွားတဲ့အချိန်ဟာ မျှော်လင့်ခြင်းကျေးဇူးတော်ရဲ့ပြီးမြောက်ပြည့်စုံတဲ့နေပါပဲ။
အဲ့ဒီကိုရောက်ဖို့အတွက် သန့်ရှင်းသောဝိညာဉ်ဘုရားက နေစဉ် ညဏ်အလင်းခွန်အားတွေပေးပြီးလမ်းပြပေးနေတယ်၊ အဲ့ဒီညဏ်ပညာက ငါတို့ရရှိမယ့် ဆုလဒ်တော်စီကို ငါတို့ကိုသယ်ဆောင်ပေးနေတယ်။ အဲ့ဒါဟာ ခရစ်ယာန်တစ်ယောက်ဖြစ်ရခြင်းရဲ့ဂုဏ်သိက္ခာပါပဲ ဟု ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-10/pope-francis-homily-daily-mass-hope-encounter-jesus.html

#pope, #mass, #hope, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 2 =