Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta
Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
နိုဝင်ဘာလ ၂၆၊ ၂၀၁၈

နိုဝင်ဘာလ ၂၆ ရက် တနင်္လာ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ခရစ်ယာန်များအနေနှင့် ဆင်းရဲသားများကို ရက်ရောစွာပေးကမ်းလှုဒါန်း​ကြဖို့နှင့် များများထုတ်၊ များများသုံးဝါဒကိုသတိထားဆန့်ကျင်ကြရန်ေ​ဟာကြားခဲ့ပါသည်။ 
ခရစ်ယာန်များအနေနှင့် ဆင်းရဲသားများကို ရက်ရောစွာပေးကမ်းလှုဒါန်း ​ခြင်းသည် နှလုံးသားကြီးမြတ်စေခြင်း နှင့် မလိုအပ်ဘဲ ဝယ်ယူခြင်း၊ ရက်ရော​သော စေတနာစိတ်ကို လျော့နည်းပျောက်​စေပါသည်။ သခင်ခရစ်တော်​က ဆင်းရဲသူတွေ၊ ချမ်းသာသူတွေနှင့် မကြာခဏ​တွေ့ဆုံတဲ့အကြောင်းတွေကို သမ္မာကျမ်းစာ မှာ ကြားရဖတ်ကြရတယ်။ ရှင်မာတေဦး ၁၉း၂၃ မှာ ဥစ္စာကြွယ်ဝသောသူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန်ခဲယဉ်းလှ၏။ ယင်းစကားကိုပြောဆိုရခြင်းသည် (မည်သူမျှသခင်နှစ်ပါးကိုအစေမခံနိုင်) ချမ်းသာကြွယ်ဝမှု၏ နောက်ကွယ်တွင် လောကတပ်မက်စိတ် နတ်ဆိုးကြောင့်ဖြစ်သည်။ ပေးကမ်းရက်ရောသော စိတ်သည် ဘုရားသခင်အပေါ်မှာ ယုံကြည်သောစိတ်မှ ထွက်ပေါ်လာသော အရာဖြစ်ပါသည်။

သူ​ဌေးများ၊ ချမ်းသာသူများသည် ဗိမာန်တော် အလှုငွေထဲသို့ များစွာထည့်ကြသည်၊ ထိုသူများ၏ ချမ်းသာခြင်းသည် အပြစ်မဟုတ် သူတို့ဘုရားကိုသိနေသေးသည်။ သို့သော် ယုံကြည်ခြင်းအရကြည့်မည်ဆိုလျှင်မုဆိုးမ၏ အလှုကို မှီအာင်မလှုနိုင်ခဲ့ကြပါ။ မုဆိုးမက သူမှာရှိတာအားလုံးကိုပေးလိုက်တာ စားစရာမရှိတော့ဘူး၊ စားဖို့မသေချာတော့တဲ့အခြေအနေထိရောက်အောင်ပေးတယ်၊ ဘုရားကအခြေခံလိုအပ်ချက်အစားအသောက်ထက်ကို ပိုအရေးကြီးကြောင်းသိတယ်၊ ငါမှာမရှိရင်သူပြန်ပေးမယ်၊ သူငါ့ကို ပြစ်မထားဘူးဆိုတဲ့စိတ်မျိုးနဲ့ မုဆိုးမက လူခဲ့တာဖြစ်တယ်၊ ဘုရားအပေါ်မှာအပြည့်အဝယုံကြည်ခဲ့လို့ အသက်အတွက်စားရမယ့်​ဟာကို လှုခဲ့တာ၊ ပိုလျှံလိုလှုတာမဟုတ်ဘူး။
ပေးကမ်းရက်ရောခြင်းစိတ်သည် ၊ နေ့စဉ်ထားရရှိမည့်စိတ်ဖြစ်ကြောင်း၊ နေ့စဉ် အသေးအဖွဲ​လေးတွေကနေ မိမိ၏ ရက်ရော​သောစိတ်စေတနာကို နေတိုင်းကြီးထွားလာအောင်လုပ်ဆောင်ကျင့်ကြံနေရမယ်။  မလိုအပ်ဘဲ အသုံးမပြုဘဲ ဝယ်ထားတဲ့ အဝတ်တွေ၊ ဖိနပ်တွေ၊ လှလို့၊ကြိုက်လို့ ဝယ်တယ် မသုံးဘူး သိမ်းထားတယ်​။ အဲ့စိတ်က ရက်ရော​သောစေတနာစိတ်ကို ပျက်ပြားစေတယ်ဆိုတာသတိထားပါ။ အသေးအဖွဲ​လေးတွေကစ သတိထားပြီး မိမိစိတ်စေတနာကို ကြီးထွားလာပါစေ။

အဲ့ဒီ များများထုတ်များများသုံးစနစ်ကိုအားပေးနေသူတွေသတိထားပါ။ မလိုအပ်ဘဲ ဝယ်၊ အသုံးမပြုဘဲသိမ်းထားတယ်၊ မိမိအတွက်မလိုအပ်တာတွေကို ဝယ်ယူလို့ တကယ်လိုအပ်သူတွေမှာ သုံးစရာမရှိ၊ ဝယ်နိုင်စွမ်းမရှိ၊ မိမိလည်းအသုံးမပြု၊ ချောင်ထိုးထားတဲ့အရာတွေ အများကြီးရှိနေရင် မင်း ဟာ ရက်ရေားပေးကမ်းမူမရှိသူနဲ့အတူတူပါပဲ၊ မင်းကြောင့် အသုံးပြုဖို့လိုအပ်နေသူတွေမသုံးရတော့ဘူး၊ အဲ့ဒီ များများထုတ်များများသုံး စနစ်က ယနေ့ခေတ်ကြီး လူတွေကြားမှာ ရောဂါတစ်​ခုလိုပြန့်နှံ့လာနေတယ် သတိထားရမယ်။ ပေးကမ်းစွန့်ကြဲစိတ်က သင့်ကို သဘောထားကြီးသူတစ်ေ​ယာက်ဖြစ်လာစေတယ်၊ ဘုရားကို သိတဲ့သူက ဘုရားကို ဆင်းရဲသားမှာမြင်တွေ့တယ်၊ လိုအပ်နေသူတွေစီမှာမြင်တွေ့ကြတယ်၊ အဲ့ဒါကြာင့်သူတို့ရဲ့ နှလုံးသားက သဘောထားပြည့်ဝသူတွေဖြစ်လာကြတယ်၊ ရက်ရော​သော စိတ်သဘောထားကို နေ့စဉ်တိုးပွားအောင်ပြုလုပ်ကြရင် မလိုအပ်ဘဲ မိမိထံမှာ အသုံးမပြုသော အရာများ စုမနေစေကြဖို့ များများသုံးများများထုတ် ဝါဒ၏ ရောဂါမကူးစက်စေဖို့ သတိထားကြရမည်ဖြစ်ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/pope-francis-mass-generosity-enlarges-heart.html

#pope, #mass, #service, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 4 =