Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားခဲ့သော သြဝါဒ

Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားခဲ့သော သြဝါဒ
Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားခဲ့သော သြဝါဒ
အောက်တိုဘာ ၈၊ ၂၀၁၈

စက်တင်ဘာလ ၂၀ ရက် ကြာသပတေး နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားခဲ့သော မစ္ဆားတရားတွင် စိတ်အားထက်သန်သော ခရစ်ယာန်များဖြစ်ကြရန်နှင့် တပါးသူကိုကူညီခြင်းမှာ မိမိ၏လက်များ၊ အဝတ်အစားများ ညစ်ပေသွားမှာကို မကြောက်ရွံကြရန် နေ့စဉ်သမ္မာကျမ်းစာကို အခြေခံပြီးဟောကြားခဲ့ပါသည်။
ဘယ်သူက ကျွန်ုပ်၏ မိတ်ဆွေလဲ ဟူသောမေးခွန်းကို အခြေ ခံပြီး ဓါးပြတွေရဲ့ရိုက်နှက်ခြင်းခံရပြီးသေလုမျောပါး အခြေအနေတွင် ပစ်ထားခံခဲ့ရသူအား ကူညီပေးသော ကောင်းသော ဆာမာရီတန် အကြောင်း ကို သခင်ခရစ်တော်က ဥပမာပေးခဲ့တယ်၊
ဒဏ်ရာတွေနဲ့လဲနေသူဘေးက ဘုန်းကြီး ဖြတ်သွားသည်။ သူ့သာသနာပြုအလုပ် မစ္ဆားတရား ကလွဲရင် ဘာမှဂရုမစိုက်။ နောက်တစ်ခါ ဥပဒေ သမားဖြတ်သွားသည်။ ဇတ်လမ်းရှည်လိမ်မယ် ဆိုပြီး ရှောင်သွားပြန်၏။ ဂျုးလူမျိုးများက အပြစ်သားအဖြစ်၊ အမျိုးဖျက်သူအဖြစ်ပယ်ခံထားရတဲ့ ဆာမာရီတန် ကုန်သည် တစ်ဦးက ထိုလူနာကိုတွေ့သွားသည်။ သူက ကျော်မသွားဘူး။ သူ အလုပ်ပျက်မှာ သူအဝတ်အစားတွေညစ်ပေးမှာ ဘာမှတွေးမနေဘူး။ လူနာကိုပြုစု၊ ကုသပေးခဲ့သည်။ နီးစပ်ရာ တည်းခိုခန်းကိုသူမြည်းနဲ့တင်ခေါ်သွားကာ ရှိတဲ့ပိုက်ဆံနဲ့ဆေးကုဖို့ ကူညီပေးခဲ့သည်။ ထိုလူက နှလုံးသားကိုလူတိုင်းအတွက်ဖွင့်ပေးထားသူ ဖြစ်သည်။
မိမိကိုယ်ကို ခရစ်ယာန်လို့လဲ ပြောသည်။ ဘုရားကျောင်းလည်းနေတိုင်တက်သည်။ ကောင်းတာလည်းလုပ်သော်လည်း နှလုံးသားများ ဖွင့်ထားပါရဲ့လား။ တာဝန်ကျေ ခရစ်ယာန်များတို့ သင်တို့ရဲ့နှလုံးသားကို တကယ်ဖွင့်ထားရဲ့လား။ ဘုရားသခင်သင့်ကိုပြုလုပ်စေခြင်တာကိုသင်မြင်ရဲ့လား။ မြင်တော့မြင်တယ် ဘုရားကို မတွေ့ဘူး၊ သိတော့သိတယ် မလုပ်ပေးကြဘူး၊ ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်း၊ ခရစ်ယာန်အသက်တာ အသက်ရှင်ခြင်း၊ သက်သေခံခြင်းဆိုတာဘာလဲ သိရဲ့လား။
ဘုရားသခင်ကနေစဉ်နေတိုင်း သင်ကြားပေးနေသည်။ ကိုယ်ကိုတိုင်လူနာဘဝရောက်ခဲ့လျှင်
လောကဒဏ်ရာတွေနဲ့ပြည့်နေတဲ့သူက တခြားလူမဟုတ်ဘူး သင်ကိုတိုင်ပါပဲ။ ကုသပေးသူ ဆာမာရီတန်က သခင်ခရစ်တော်ပါ။ တည်းခိုခန်းက အသင်းတော်ပဲ။ သခင်ခရစ်တော်က သူလုပ်ပေးနိုင်သမျှအရာအားလုံး လုပ်ပေးခဲ့ပြီး သင့်ကိုကုသပေးရန် မလောက်ရင် သူပြန်လာရင် ထပ်ပေးအုံးမည်။
သင်လည်း ဒုက္ခရောက်နေသူတွေကို ကူညီနိုင်ပါစေ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-10/pope-francis-mass.html

#pope, #mass, #good, #samaritan, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 2 =