Basilica of St. Mary Major နှင့် St. Augustine ဘုရားကျောင်း နှစ်ကျောင်းသို့ ရဟန်းမင်းကြီးသွားရောက်လည်ပတ်

Our Lady of Salus Populi Romani

Basilica of St. Mary Major နှင့် St. Augustine ဘုရားကျောင်း နှစ်ကျောင်းသို့ ရဟန်းမင်းကြီးသွားရောက်လည်ပတ်
သြဂုတ်လ ၂၇၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/apostolic-journey-irelan...

#pope, #vatican, #st.monica, #visit, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် ၉ကြိမ်မြောက် ကမ္ဘာမိသားစုများတွေဆုံပွဲကျင်းပခဲ့သော အိုင်ယာလန်နိုင်ငံမှပြန်ရောက်ပြီး နောက်တစ်နေ့ တနင်္လာနေ့ တွင် သူ၏လုပ်နေကျ အစီစဉ်အတိုင်း Basilica of St. Mary Major ဘုရားကျောင်းသို့သွားပြီး ရောမလူမျိုးတို့ကို ကူညီစောင်မသော Our Lady of Salus Populi Romani မယ်တော်ဆင်းတုရှေ့တွင် ဆုတောင်းခဲ့ပြီး ဗာတီကန်သို့ မပြန်ခင် စိန်သြဂုတ်စတင်း ဘုရားကျောင်းသို့ အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်လည်ပတ် ဆုတောင်းခဲ့ပါသည်။ St. Augustine ဘုရားကျောင်း ၏ တရားဟောပလ္လင် ဘယ်ဖက်တွင် ရဟန္တာ သြဂုတ်စတင်း၏ မိခင် သူတော်စင်မ မော်နီကား ၏ ရုပ်ခန္ဓာ ကိုမြုပ်နှံထားသောနေရာတွင် ခေတ္တခဏ ရပ်၍ ဆုတောင်းခဲ့ပါသည်။ သြဂုတ်လ ၂၇ ရက်နေသည် ရဟန္တာမ မော်နီကား ၏ အောက်မေ့ဖွယ်ရာပွဲနြေ့ဖစ်ပြီး ၂၈ ရက်နေ့သည် သူမ၏ သား ရဟန္တာသြဂတ်စတင်း၏ ပွဲနေ့ဖြစ်ပါသည်။ ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

 

Add new comment

13 + 1 =