Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
၂၀၁၉ လူငယ်များနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံ အဆင်သင်ြ့ဖစ်နေ
အောက်တိုဘာလ ၂၆၊ ၂၀၁၈
၂၀၁၉ လူငယ်များနှစ်သည် ဖိလစ်ပိုင်နိုင်ငံ အတွက် ၂၀၂၁ မှာ ခရစ်ယာန်ဘာသာရောက်ရှိခြင်း နှစ် ၅၀၀ ပြည့် ကျင်ပရန်ပြင်ဆင်ခြင်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသော ပြင်ဆင်မှုတစ်ခု ဖြစ်ပါသည်။
၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ ၂၀၁၈ အောက်တိုဘာလ ၃ မှ ၂၈ ရက်ထိကျင်းပလျှက်ရှိပါသည်။ "လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်" အစည်းအဝေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါတယ် ယင်းညီလာခံကို အခြေခံပြီး ၂၀၁၉ ခုနှစ်ကို လူငယ်များနှစ်အဖြစ်ကျင်းပရန် ဖိလစ်ပိုင်နိုင်ငံ ဆရာတော်ကြီးများ အဖွဲ့ချုပ်က ပြင်ဆင်နေကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့ ယေဇူဘုရင်ပွဲနေ့တွင် စတင်မှာ ဖြစ်ပြီး ၂၀၁၉ လူငယ်များနှစ် တရားဝင် ဖွင့်ပွဲကို ဒီဇင်ဘာလ ၂ ရက်နေမှာ စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ဆရာတော်ကြီးများ အဖွဲ့ချုပ် လူငယ်ကော်မီရှင် မှ တရားဝင်ကျေငြာခဲ့ပါသည်။
ပြင်ဆင်ခြင်းအပိုင်းအနေနှင့် သာသနာနယ် ၈၆ ခုမှ လူငယ်ခေါင်းဆောင်များ ကိုဖိတ်ကြားခဲ့ပြီး လူငယ်များနှစ်အတွက် တရားဝင် အမှတ်တံဆိပ်ပြုလုပ်ခြင်း၊ လူငယ်များနှစ်အတွက် အဓိက သီဆိုမည့် သီချင်း သီကုံးခြင်း၊ စသည့် အထွေထွေအဖွဲ့အစည်းဖွဲ့စည်းခြင်း များကို ပြုလုပ်ပြင်ဆင်နေကြောင်း၊
ယင်းလူငယ်များနှစ်ကျင်းပခြင်းတွင် လူငယ်များအတွက် ဘုရားသခင်၏ ချစ်ခြင်မေတ္တာကို တစ်ပါးသူအားဝေငှခြင်း၊ ဆုတောင်းခြင်း၊ ဝေမျှခြင်း၊ စသည့်အတွေ့အကြုံများဖန်တီးပေးရန် ရည်ရွယ်ထားကြောင်း၊ ယင်းလူငယ်များအတွက် ကျင်ပပေးခြင်းသည် လူငယ်များအတွက် ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလိမ့်မည်ဟု မျှော်လင့်ကြောင်း လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သူ Jovanie Bacolcol မှ ပြောကြားခဲ့ပါသည်။
https://www.vaticannews.va/en/church/news/2018-10/philippines-church-year-youth-2019.html
#philippine, #yearofyouth, #catholic, #church, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment