လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံက လူငယ်တွေဘာမျှော်လင့်သလဲ

လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံက လူငယ်တွေဘာမျှော်လင့်သလဲ
အောက်တိုဘာ သူတို့၏

"လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် ကျင်းပနေသော ၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ တွင်ရောက်လျှက်ရှိသော ၃၄ ဦးသောလူငယ်များထဲမှ လူငယ်ကိုယ်စလှယ်တဦးဖြစ်သူ Julian Paparella မှ သူ၏ မျှော်လင့်ချက်ကို အင်တာဗြူးတစ်​ခုတွင်ဖြေကြားခဲ့ပါသည်။

အသင်းတော်မှ လူငယ်များ၏ အသံကို နားထောင်ဖို့ သူတို့ရဲ့ အမှန်တရားကို နားလည်ပေးဖို့၊ သူတို့ရဲ့မေးခွန်းတွေ၊ သူတို့ရဲ့လိုအပ်ချက်တွေ၊ သူတို့ရဲ့စိတ်ဝင်စားမှု​တွေ၊ သူတို့နဲ့တွေ့နိုင်ဖို့အခွင်အရေးတွေ၊ သူတို့ သခင်ခရစ်တော်ဆီကိုလျှောက်လှမ်းနေသော သူတို့ရဲ့ယုံကြည်ခြင်းအသက်တာမှာ အတူရှိဖို့ မျော်လင့်ပါတယ်၊

မေး။ ။ ဒီညီလာခံမှာရှိတဲ့ ဆရာတော်ကြီးတွေကို မင်းဘာတွေတင်ပြမှာလဲ
ဖြေ။ ။ အသင်းတော်ထဲမှာ တိကျ​သေချာတဲ့သက်သေခံမှုတွေကို လူငယ်တွေလိုချင်တယ် လိုအပ်တယ်၊ ဘာလို့လဲဆိုတော့ လူငယ်များဖြင့်သာလျှင် တခြားသောသူတို့ရဲ့သူငယ်ချင်းလူငယ်တွေ အထူးသဖြင့် အသင်းတော်နှင့်ဝေးကွာနေသော လူငယ်များ ဘုရားကို ရှာဖွေတွေ့နိုင်ဖို့ရန်၊ သူတို့ကိုယ်၌က သက်သေခံသူတွေဖြစ်လာဖို့ပါပဲ။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-young-person-auditor.html

#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 0 =