Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မုသားသက်သေခံ ခြင်းကိုမပြုလင့်
နိုဝင်ဘာလ ၁၄၊ ၂၀၁၈
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပညတ်တော်ဆယ်ပါးတွင် (မုသားသက်သေခံ ခြင်းကိုမပြုလင့်) ဟူသော အဋ္ဌမ ပညတ်တော် ကို အခြေခံပြီး ဘာသာတရားသင်ကြားမှုကို ဆက်လက်သင်ကြားခဲ့ပါသည်။
ခရစ်ယာန်အသက်တာသည် မိမိတို့၏ အပြောအဆိုသာမက အသက်ရှင်သန်မှုတစ်ခုလုံး သူတစ်ပါးအပေါ်ဖြောင့်မတ်မှန်ကန်ရမည်၊ သခင်ခရစ်တော်သည် အမှန်တရားဖြစ်သည်။ အမှန်တရားကိုသက်သေခံရန် ဤလောကသို့ဆင်းသက်လာခဲ့သည်။ ထို့အတွက် သခင်ခရစ်တော်၏ နောက်လိုက်ခရစ်ယာန်များသည် သခင်ခရစ်တော်ကို အတုယူပြီး ဖြောင့်မတ်မှန်ကန်ရမည်၊ လိမ်ညာခြင်းသည် လူဘောင်လောကတွင် အကျင့်တစ်ခုကဲ့သို့ဖြစ်နေသော အရာကို အမြစ်ဖြတ် ပယ်ဖျက်ပစ်ရပါမည် ။အဘယ့်ကြောင့်ဆိုသော် လိမ်ညာမှုပြုသောသူ လိမ်ညာလုပ်ဆောင်သော နေရာတွင် ချစ်ခြင်းမေတ္တာ မရှိနိုင်။
သူတစ်ပါးအကြောင်းမဟုတ်မမှန်ပြောဆိုခြင်းသည် နုတ်အားဖြင့် တစ်ဖက်လူကိုသတ်ရာ ရောက်သည်။ ယင်ကဲ့သို နုတ်လျှာရှိသောသူသည် ဓားကဲ့သို့ အန္တရာယ် ရှိသည်။
သူတစ်ပါးအကြောင်း မဟုတ်မမှန်ပြောခြင်းသည် အကြမ်းဖက်တိုက်ခိုက်ခြင်းမည်၏။ သူသည် လက်ပစ်ဗုံးကို ပေါက်ကွဲစေရန် ပစ်ထားပြီးထွက်ပြေးသွားသူနှင့်တူသည်။ ခရစ်ယာန်များသည် ဆေးကြေားခြင် မင်္ဂလာအားဖြင့် ဘုရား၏ သာသမီးများဖြစ်ကြသည်။ ဘုရားသခင်သည် ကောင်းမြတ်သူဖြစ်ပြီး ကျွန်ုပ်တို့သည် ဘုရား၏ သားသမီးများ၊ ညီကိုယ်မောင်နှအချင်းချင်း စိတ်ဝမ်းမကွဲစေရန် ချစ်ခြင်းမေတ္တာ ကို ကျွန်ုပ်တို့အထဲ၌ ထည့်ပေးထားခြင်းဖြစ်သည်။ ထို့အတွက်ကြောင်းချစ်ခြင်းမေတ္တာမှတပါ အခြားသောအရားများ မဝေငှ မပြောဆိုကြရန်သတိထားရပေမည်။
ဘုရားကိုယုံကြည်၍ ဘုရားကို ချစ်သောသားသမီးတိုင်းသည် သူတပါးပျက်စီးစေမည့်အကြောင်းကို ဘယ်သောအခါမျှမပြုလုပ်ကြပါ။
အမှန်တရားပြောဆိုခြင်း၊ မှန်ကန်စွာနေထိုင်ခြင်းသည် ဘုရား၏ သားသမီးပီသလျှက် ဘုရား၏ အလိုတော်ကို ဖြည့်ဆည်းလေသည်။ ဘုရား၏ တရားအတိုင်းအသက်ရှင် နေသူအဖြစ်၊ ဘုရားကိုယုံကြည်ကြောင်းလက်တွေ့ပြသခြင်းသည် စစ်မှန်သော အမှန်တရား၌ နေထိုင်အသက်ရှင်သူဖြစ်သည်ဟု သွန်သင်ဆုံးမခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2018-11/pope-francis-audience.html
#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment