Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မည်သည့်ကလေးတစ်ယောက်မျှ ချန်လှပ်ထားခြင်းမခံစေရ
နိုဝင်ဘာလ ၂၀၊ ၂၀၁၈
နိုဝင်ဘာလ ၂၀ ရက်နေ့သည် ဥရောပ ကရုဏာ အဖွဲ့အစည်း၏ တကမ္ဘာလုံးဆိုင်ရာကလေးသူငယ်များနေ့ဖြစ်ပြီး မည့်သည့်ကလေးတယောက်မျှ ချန်လှပ်ထားခြင်းမခံစေရ ဟူသောခေါင်းစဉ်ဖြင့် လှုံ့ဆော်မှုတစ်ခုကို လူအများ သတိထားမိစေရန်ပြုလုပ်ခဲ့ကြပါသည်။
ဥရောပ နိုင်ငံများ အဖွဲ့အစည်တွင် လူဦးရေ ၂၃.၅ ရာခိုင်နုန်း (၁၁၈ သန်းခန်) ဆင်းရဲသော အခြေအနေ နှင့် စွန့်စားရုန်းကန်နေရသော အခြေအနေတွင် ရှိနေကြောင်း ပိုမိုထိတ်လန့်စေသော အရာမှာ ၂၇ ရာခိုင်းနုန်းသော ကလေးငယ်များသည် ဥရောပ ပြင်ပမှဖြစ်ကြောင်း ကလေးငယ်များ ဆင်းရဲစွာ နေထိုင်စားသောက်နေရမှု အခြေအနေဖြစ်ကြောင်း ထို့အတွက် တကမ္ဘာလုံးရှိကလေးသူငယ်များ
မည့်သည့်ကလေးတယောက်မျှ ချန်လှပ်ထားခြင်းမခံစေရန် ထိရောက်စွာ လှုပ်ရှာ ကြရန် နိုးဆော်ခဲ့ပါသည်။
တိုးတက်မှုအခွင့်အလမ်းမရှိသော မိဘအခြေအနေ၊ ဝင်ငွေနဲပါးသော မိဘအခြေအနေ နှင့် မိဘ၏ ပညာရေးအဆင့်အတန်းတို့သည် ကလေးသူငယ် ၏ ဘဝ တိုးတက်မှု ဆင်းရဲမွဲတေတို့အပေါ် အင်မတန်သက်ရောက်မှုရှိကြောင်း၊ ဆင်းရဲမွဲတေမှုသည် ကလေးတဦးကို နည်းလမ်းပေါင်းစုံမှ ဆိုးကျိုးသက်ရောက်စေကြောင်း
ဥရောပ ဆိုင်ရာမူဝါဒ နှင့် တရားရုံးရှေ့နေတာဝန်ခံ Peter Verhaeghe မှ ပြောကြားခဲ့ပါသည်။
ဥရောပ နိုင်ငံများ အဖွဲ့အစည်း မိသားစုများနှင် ကလေးသူငယ်များ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် နှင့် ဥရောပနိုင်ငံများ ဘဏ္ဏာရေး ကောင်စီတွင် ဆင်းရဲမွဲတေမှုကြုံတွေ့နေရသော မိသားစုများကို ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် လျှင်မြန်ထိရောက်သော ထောက်ပံမှုများပြုလုပ်စေကြောင်း၊ ၂၀၃၀ ခုနှစ်တွင် မည့်သည့်ကလေးတယောက်မျှ ချန်လှပ်ထားခြင်းမခံစေရ ဟူသော စီမံကိန်းကို တိကျသေချာစွာ အကောင်အထည်ဖော်ဆောင်ကြဖို့
ဥရောပ ကရုဏာ အဖွဲ့အစည်းမှ တောင်းဆိုလိုက်ပါသည်။
https://www.vaticannews.va/en/church/news/2018-11/caritas-europa-no-chil...
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment