Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပညတ်တော်ဆယ်ပါး နှင့် သခင်ခရစ်တော် ၏ အလင်းပြမှု
Thursday, November 29, 2018
ပညတ်တော်ဆယ်ပါး နှင့် သခင်ခရစ်တော် ၏ အလင်းပြမှု
နိုဝင်ဘာလ ၂၈၊ ၂၀၁၈
နိုဝင်ဘာလ ၂၈၊ ၂၀၁၈
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပညတ်တော်ဆယ်ပါး သည် အတွဲလိုက်ပြဌာန်းထားသော ဥပဒေများ သက်သက်မဟုတ် လူတို့အသက်ရှင်နေထိုင်မူတွင် ဘုရားသခင်အလိုတော်ကို လူတို့၏ နှိမ့်ချသော နှလုံးသားမှ မွေးဖွားလာသော ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း နှင့် ချစ်ခြင်းမေတ္တာ တရားတို့ကို ပြီးမြောက်ပြည့်စုံစေရန် သခင်ခရစ်တော် ပြပေးမူဖြင့် လမ်းပြပေးသော အရာအဖြစ် မြင်တွေ့ကြရမယ်၊ ဥပဒေသက်သက် အဖြစ်မမြင်တွေ့သင့်ကြောင်းကို အခြေခံပြီး ဘာသာတရားသင်ကြားမှုကို ဆက်လက်သင်ကြားခဲ့ပါသည်။
သခင်ခရစ်တော်သည် တရားဥပဒေ များကို ဖျက်သိမ်းရန်ကြွလာခြင်းမဟုတ် ပြီးမြောက်ပြည့်စုံစေရန်ကြွလာခြင်သာဖြစ်တယ်။ သခင်ခရစ်တော်၌ အသစ်သော အသက်တာဖြင့်ကျွန်ုပ်တို့ အသက်ရှင်နေထိုင်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီစောင့်ရှောက်မှုဖြင့် အပြစ်ပြုလိုသော သွေးသားဆန္ဒကိုပယ်ဖျက်ပြီး သခင်ခရစ်တော်၏ ဖြူစင်သော နှလုံးသား သခင်ခရစ်တော်၏ အလိုဆန္ဒအတိုင်း ကျွန်ုပ်တို့ အသက်ရှင်နေထိုင်နိုင်ကြရန် ဖြစ်တယ်။
ပညတ်တော်ဆယ်ပါးသည် ပထမဦးစွာ ဘုရားသခင်အပေါ်သစ္စာရှိခြင်း၊ ဘုရားသခင်နှင့် ချစ်ခင်ရင်နှီးစွာ နေထိုင်ခြင်း၊ လောကအရာတို့၏ကျွန်ပြုစေတတ်သောသဘောကိုနားလည်ပြီး ဘုရားသခင်၏နေရာကို မည့်သည့်အရာများဖြင့် အစားထိုးကိုးကွယ်မှုမပြုခြင်း နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီဖြင့် သခင်ခရစ်တော်၌ စစ်မှန်သော လွတ်လပ်မှုကို ရရှိစေရန် ယင်းပညတ်တော်များအားဖြင့် ဖိတ်ခေါ်နေခြင်းသာဖြစ်ပါသည်။
ယင်းပညတ်တော်များသည် မိမိနှင့် ထိတွေဆက်ဆံရသူတိုင်းအပေါ် ဖြူစင်ရိုးသားခြင်း၊ အပြည့်အဝ နားလည်မူရှိခြင်း၊ ယုံကြည်စိတ်ချခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ကယ်တင်ထားခြင်းခံရသော အသက်တာကို ကောင်းမွန်စွာနေထိုင်အသက်ရှင်နိုင်ရန် သင်ကြားပေးနေကြောင်း သိရှိရမည်ဖြစ်သည်။
ယင်းပညတ်တော်များသည် ဘုရားသခင်ပေးသနားသော ကယ်တင်ခြင်းကျေးဇူးတော်ကိုလက်ခံပြီး သခင်ခရစ်တော်၏ ရွေမျက်နှာတော်ကို ဖူးတွေ့ရစေရန် ကျေးဇူးတော်များကို ဖွင့်ပေးသောတံခါးများ ဖြစ်ပြီး ကျွန်ုပ်တို့ဘဝအစစ်အမှန်ကိုလမ်းပြပေးသော အရာများ၊ ထာဝရတည်သော ပျော်ရွင်ခြင်းဆီသို့ပိုဆောင်ပေးသော အရာများသာ ဖြစ်ပါသည်။
#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment