Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကလေးသူငယ်များ ဘယ်နေရာမှာပဲရှိရှိ သူတို့အခွင့်အရေး၊ ရပိုင်ခွင့်အမြဲရှိရမယ်
နိုဝင်ဘာလ ၈၊ ၂၀၁၈
အမေရိကန် အလယ်ပိုင်ဒေသမှ ဒုက္ခသည်များ မက်စီကိုကို ဖြတ်ပြီး အမေရိက နိုင်ငံများသို့ ရွေ့ပြောင်းနေထိုင်ကြရန် ခရီးမိုင်မြောက်များစွာ လမ်းလျှောက်လာကြသော ဒုက္ခသည်
ရွေ့ပြောင်းနေထိုင်သူများနှင့်ပါလာသော သူတို့၏ ကလေးငယ်များကို ပိုမိုကောင်းမွန်သော ဘဝအခြေအနေတခုရရှိရန် UNICEF နှင့် NGOs များမှ သနားကြင်နာမှု ချစ်ခင်ကြင်နာမှု အခြေအနေများဖန်တီးပေးခဲ့ပါသည်။
အသက် လေးလ အရွယ်မှ ငါးနှစ် သားအရွယ်ထိကလေးငယ် အများအပြားပါ၍ ကလေးအများစုမှာ ကျန်းမာရေးချိုတဲ့ကာ ရေဓတ်ခမ်းခြောက်ခြင်းများ ဖြစ်နေသည်။ UNICEF မှ ကျန်းမာရေးလိုအပ်ချက်များထောက်ပံ့ပေးနေလျှက် ရှိပြီး ကလေးငယ်များ အတွက် စိတ်ပျော်ရွင်မှုရှိစေရန် ကစားခြင်များပြုလုပ်ပေးကြသည်။ သို့သော် မိဘ အများစုမှာ သူတို့၏ ကလေးငယ်များနှင့် သူတို့ကို ခွဲခွာထားမည်ကို စိုးရိမှု များလည်း ရှိနေကြသည်။
ကလေးသူငယ်များသည် ကလေးသူငယ်များသာဖြစ်သည်။ ဘယ်ကလာသည် ဘယ်ကိုသွားမည်ဆိုသော အရာသည် အဓိကမဟုတ်ဘဲ ကလေးသူငယ်များကို ကလေးသူငယ် တစ်ဦးအဖြစ်သာမြင်ရမည်၊ ယင်အချက်သည် အခြေခံကျသော နားလည်မှု ပေးရမည့်အချက်ဖြစ်သည်။ ကလေးသူငယ်များ ဘဝလုံခြုံမှုရှိရမည်။ မိသားစုနှင့်တစုတစည်းရှိနေရမည်။ သူတို့ဘာလူမျိုးဖြစ်သည် ဆိုတာအရေးမကြီး။ သူတို့သည် လူသားများဖြစ်၍ သူတို့အခွင့်အရေးသူတို့မှာရှိသည်။
#childright, #care,#rvamyanmarservice, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment