“ အပြုသဘော သယ်ဆောင်မည့်သူများ ”

တစ်ပတ်ဘ၀အတွက် အလင်းရောင်ခြည်ကဏ္ဍာမှတော့ “ အပြုသဘော သယ်ဆောင်မည့်သူများ ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဖိလစ်ပိုင်မှာ ပညာသင်ယူနေတဲ့ Sr.Emiliy ရဲ့ရေးသားပေးပို့ချက်ကိုဝေငှပေးသွားမှာဖြစ်ပါတယ်။

၂၀၁၃ခုနှစ်ဧပြီလ၉ရက်နေ့မှထုတ်တဲ့ဘယ်တော့မှမစီရင်နဲ့ ဘယ်တော့မှ မကျိန်ဆဲနဲ့ဆိုတဲ့ ပါးပါးဖရန်စစ်ရဲ့စာတစ်စောင်ခေါင်းစဉ် အောက်မှာ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားဟာ ခရစ်ယာန်အဖွဲ့အစည်း တွေဆီကိုငြိမ်းချမ်းခြင်း သယ်ဆောင်လာပြီး အသင်းဖွဲ့တွေအားလုံးဟာ သူတစ်ပါးကို ညှစ်ညမ်းပြော ဆိုခြင်းမပြုပဲ နူးညံ့သိမ်မွေ့ခြင်းကို သင်ကြားပေးပါစေဆိုပြီးတော့ အစချီပြီး မေတ္တာပို့ရေးသားထားတာကိုတွေ့ရပါတယ်။ဆက်သွယ်ရေးနည်းပညာတွေ တိုးတတ်လာတာနဲ့အမျှ လေထဲမှာလွင့်မျှောနေတဲ့ ကျွန်မတို့ရဲ့သတင်းတွေ ဟာလည်း ငြိမ်းချမ်းရေးကိုသယ်ဆောင်တဲ့သတင်း၊ သာယာနာပျော်ဖွယ်သတင်း ဖြစ်ဖို့အင်မတန်မှ အရေးကြီးပါတယ်ရှင်။ အဖွဲ့အစည်းထဲမှာ လူပေါင်းများစွာပါဝင် သလိုစကားလုံးများစွာလည်းအဖွဲ့အစည်းထဲမှာလွင့်မျှောလျက်ရှိပါတယ်။စကားဆိုတာ စတာနဲ့ ကားသွားတဲ့အရာဖြစ်တယ်။ တစ်ဖြေးဖြေးနဲ့ ကျယ်ပြန့်လာ တယ်။ ရောဂါပိုးတွေက လူတစ်ဦးနဲ့တစ်ဦးကူးစက်နိုင်သလို စကားထဲမှာပါဝင်တဲ့ အနှစ်သာရတွေဟာလည်း ရယူနားဆင်သူရဲ့ နှလုံးသားကိုကူးစက်စေပါတယ်။ အကောင်းဘက်ကို ဦးတည်ပြီးပြောတဲ့စကားတွေဟာ နားထောင်သူရဲ့နှလုံးသား ထဲမှာ အားအင်တွေဖြစ်စေတယ်။ နှလုံးသားအာဟာရကို ရရှိစေတယ်။ မကောင်း တဲ့ဘက်ကို တိမ်းညွတ်ပြီးပြောတဲ့စကားတွေဟာလည်း နားထောင်သူရဲ့နှလုံးသား ထဲကို အနုတ်လက္ခာဆောင်တဲ့ အတွေးတွေကူးစက်စေတယ်။ လူတစ်ဦးကရရှိ လိုက်တဲ့ အနှုတ်လက္ခာဆောင်တဲ့အတွေးတွေဟာ တစ်ခြားသူတွေဆီကို နောက် တစ်ခါဆင့်ကာဆင့်ကာ ကူးစက်ပါတယ်။ လူတစ်ယောက်ရဲ့ အားသာချက်တွေကို ပြောဆိုချီးမွမ်းတဲ့ စကားလုံးတွေတွက် ဆက်သွယ်ရေးလိုင်းတွေက တော်တော် လေးကိုနှေးနေပေမဲ့ အားနည်းချက်ကို ပြောတဲ့စကားလုံးတွေတွက်ကတော့ ဆက် သွယ်လိုင်းတွေဟာ အင်မတန်အားကောင်းနေပြန်တာ တွေ့ရပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးထဲမှာ အဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ အဖွဲ့အစည်းနဲ့နေရတဲ့ ကျွန်မတို့တစ်ဦးဆီကို ပါးပါးဖရန်စစ်က ဒီလိုမျိုးအားပေးထားပါတယ်ရှင်။ ပထမဦး ဆုံးခရစ်ယာန်အဖွဲ့အစည်း၊ ရှေးဦးခရစ်ယာန်အဖွဲ့အစည်းတွေဟာ ဒီနေ့ခရစ် ယာန်တွေအတွက် နှိုင်းယှဉ်လို့မရတဲ့စံပြတွေဖြစ်ကြပြီး သူတို့တွေဟာ စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိကြတယ်။ သူတို့ကို အသစ်သောဘ၀မှာမွေးဖွားဖို့ ခေါ် ဆောင်လာခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ကျေးဇူးဆပ်တင်ကြ တယ်။ သူတို့ဟာ အပြန်လှန်ချစ်ခင်မှု့၌ စည်းလုံးညီညွတ်ခြင်း၊ သွေးစည်းမှု့တွေ ရှိခဲ့ကြတယ်ဆိုပြီးတော့ ရှေးဦးခရစ်ယာန်အဖွဲ့အစည်းတွေကို အတုယူဖို့ကျွန်မတို့ ကိုသတိပေးထားပါတယ်။ကျွန်မတို့ဟာတစ်ဦးနှင့်တစ်ဦးအပြန်အလှန်အမှန်တစ်ကယ်ချစ်ခင်ကြမယ်ဆိုရင် မိသားစုထဲမှာပဲဖြစ်ဖြစ် အဖွဲ့အစည်းထဲမှာပဲ ဖြစ်ဖြစ် စည်းလုံးညီညွတ်မှုတွေ တည်ဆောက်ပြီးသားဖြစ်ပါတယ်။ ချစ်ခင်ကြင်နာ မှုကင်းတဲ့နေရာမှာ စည်းလုံးညီညွတ်မှုတည်ဆောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ အဖွဲ့အစည်းထဲမှာ အမှန်တစ်ကယ်ချစ်ခင်ကြင်နာမှုမရှိတော့ရင် တစ်ဦးရဲ့အား နည်းချက် အပြစ်တွေကို အမြန်အဆန်ပဲရှာတွေ့လာကြတယ်။ ပြိုင်ဆိုင်ချင်တဲ့ စိတ်တွေမွေးဖွားလာစေတယ်။ သူတစ်ပါးရဲ့အားနည်းချက်ကို ချဲ့ကားပြောဆိုဖို့ အဆင်သင့် မောင်းတင်ထားတတ်ကြပါတယ်။ အားနည်းချက်ကိုယ်စီရှိကြတဲ့ ကျွန်မတို့ဟာ ကိုယ့်ရဲ့အပြစ်တွေကိုမေ့လျော့ပြီး သူတစ်ပါးရဲ့အားနည်းချက်ကို ပြောတတ်ကြတဲ့ကျွန်မတို့ကို ဆက်လက်ပြီးတော့ ပါးပါးဖရန်စစ်က ခရစ်ယာန်တွေ အတွက် အမှန်ကန်ဆုံးအပြုအမှုဟာ ပထမချက်အနေနဲ့ ဘယ်သူ့ကိုမှတရားစီရင် ချက်မပေးနဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦးတည်းသောတရားသူကြီးဟာ ကိုယ် တော်တစ်ပါးသာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ မိမိနှုတ်ကိုပိတ်လိုက်ပါ။ တစ်ကယ်လို့သင့်မှာ ပြောစရာတစ်ခုခုရှိခဲ့ရင် သက်ဆိုင်တဲ့လူ အဲ့ဒီဖြစ်ရပ်ကိုဖြေ ရှင်းပေးနိုင်မဲ့ပုဂ္ဂိုလ်ဆီကို တိုက်ရိုက်ပြောလိုက်ပါ။ ရပ်ကွက်တစ်ခုလုံးကို မပြောပါ နဲ့။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်မတို့ဟာ အတင်းဖျင်း ပြောဆိုခြင်းတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအရာဟာ ရှေ့ကိုတတ်လှမ်း ဖို့ခြေလှမ်းဖြစ်ပြီး လူတစ်ဦးဆီတိုင်းတွက် ကောင်းပါတယ်ဆိုပြီးတော့ ကျွန်မတို့ တွေကို အရှင်သူမြတ်ပုပ်ဖရန်စစ်က အားပေးထားပါတယ်။ ဟုတ်ပါတယ်ရှင် လူတစ်ဦးရဲ့အားနည်းချက် ဒါမှမဟုတ် သူ့ရဲ့ပျော့ကွက်တစ်ခုကို လေကုန်ခံပြီး ပြောနေတာဟာဆိုရင် ဘယ်သူ့ကိုမှအကျိုးမပြုတဲ့အရာဖြစ်သလို ကိုယ့်တွက် လည်းအကျိုးယုတ်စေပါတယ်။ ကျွန်မတို့တွေဟာ အပျက်သဘောတွေရဲ့နေရာ တွေမှာ အပြုသဘောတွေကိုအစားထိုးပါမယ်။ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်ဟာ အပျက်သဘောတွေဝန်းရံလာတဲ့အခါ အပြုသဘောစွမ်းအင်တွေကို ရွေးချယ်ပါ မယ်။ ကျွန်မတို့ဟာ ကြောက်ရွံ့လာတဲ့အခါမှာ ယုံကြည်မှုကိုရွေးချယ်ပါမယ်။ မုန်းတီးလာတဲ့အခါမှာ ချစ်ခြင်းမေတ္တာကိုရွေးချယ်ပါမယ်။ စိတ်ခေါ်မှုတွေယှဉ်ဆိုင် လာရတဲ့အခါမှာ အခွင့်အလမ်းအဖြစ်မှတ်ယူပြီး သင်ယူပါမယ်။ အရှုံးတွေကိုယှဉ် ဆိုင်ရတဲ့အခါမှာ လဲကျရာမှပြန်လာပြီး အရှေ့ကိုဆက်ပါမယ်။ ဒါကြောင့်မို့ ဒီနေ့ အပါအ၀င် နေ့စဉ်နေ့တိုင်းအပြုသဘောဓာတ်ကို ကမ္ဘာကြီးဆီကိုကူးစက်သလို ကမ္ဘာကြီးဆီက အပြုသဘောဓာတ်ကိုလည်း ကျွန်မတို့ဆီကိုကူးစက်စေပါမယ် ဆိုပြီး ခွန်အားယူစရာတွေ့ရှိရပါတယ်။ အပြုသဘော ဆောင်တဲ့အရာတွေကို ကျင့်ကြံကြခြင်းအားဖြင့် ပါးပါးဖရန်စစ်က ကျွန်မတို့ကိုဆန္ဒ ပြုထားတဲ့အတိုင်း အချင်းချင်းအတင်းအဖျင်း၊ညှစ်ညမ်းပြောဆိုခြင်းကင်းဝေးကြပြီး ကမ္ဘာကြီးကိုငြိမ်းချမ်းခြင်း သယ်ဆောင်လာသူများဖြစ်ကြဖို့ ဆက်လက်ပြီးတော့ ကြိုးစားကြပါစို့လို့အားလုံးကိုဖိတ်ခေါ်ရင်းနဲ့ဒီတစ်ပတ်ဘ၀တွက်အလင်းရောင်ခြည် ကဏ္ဍကိုဒီမှာပဲရပ်နားလိုက်ပါတယ်။သောတရှင်အပေါင်းပါးပါးဖရန်စစ်ရဲ့မင်္ဂလာ စကားများကနေ ဘ၀တွက်နေ့စဉ်ခွန်အားတွေ ရယူနိုင်ကြပါစေလို့ ကျွန်မ Sr.လူစီယားသန္တာအောင်ကဆုတောင်းမေတ္တာပို့သလိုက် ပါတယ်ရှင်။

       

Add new comment

5 + 13 =