“ ကျွန်ုပ်ဘယ်လို သတင်းကောင်း ဖြန့်ဝေရမလဲ ”

အရမ်းခက်ခဲတဲ့ အခြေအနေကြောင့် ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေ ဟောကြားဖို့ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အချိန်တွေမှာ ကျွန်ုပ်တို့လုံးဝအရှုံးမပေးဘဲ ခရစ်ယာန် အသက်တာရဲ့အဓိက အကျဆုံး ဖြစ်တဲ့ သတင်းကောင်း ဖြန့်ဝေခြင်း လုပ်ဆောင်ကြပါ။

ဒီဟာက ခရစ်ယာန်တွေရဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ “ကျွန်ုပ်ဘယ်လို သတင်းကောင်း ဖြန့်ဝေရမလဲ” လို့ ကျွန်ုပ်တို့ စဉ်းစား ကြပါလိမ့်မယ်။ သင့်ကိုသင် မတတ်နိုင်ဘူး ထင်နေရင် ထင်ရှားကျော်ကြားတဲ့ ရဟန္တာတွေကို ကြည့်လိုက်ပါ။ ဒါပေမဲ့ကျွန်ုပ်တို့ရဲ့သေးငယ်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုစတင် သတင်းကောင်းဖြန့်ဖို့ စဉ်းစားလုပ်ဆောင်ကြည့်ပါ။

ရွှင်လန်း ဝမ်းမြောက်ခြင်း အားအင်အပြည့်နဲ့ နှလုံးသားကနေ သခင်ယေဇူး အကြောင်း ပြောဆိုပြီး သတင်းကောင်း ဖြန့်ကြပါ။ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရဲ့ ကျေးဇူးတော်နဲ့အဲဒီလို လုပ်ဆောင် သတင်းကောင်း ဖြန့်ဝေ နိုင်ပါတယ်။

“သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွလာတဲ့ပွဲနေ့”ကို ကြိုဆိုနိုင်ဖို့ ကျွန်ုပ်တို့ မိမိကိုယ်ကို ကြိုတင် ပြင်ဆင်ကြပါစို့။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆီမှာ သတင်းကောင်းဖြန့်ဝေ အမှုဆောင်နိုင်တဲ့ သတ္တိရရှိဖို့ ကျေးဇူး တောင်းခံခြင်းအားဖြင့် သခင်ယေဇူးရဲ့ နှုတ်ကပါဌ်တော်ကိုအမြဲတမ်း သတင်းကောင်း ဖြန့်ဝေ ဟောပြော ဝေမျှ နိုင်ကြမှာ ဖြစ်ပါတယ်။

✍️ ထန်းဟာ SJ

Video courtesy of Catholic News Service

#rvamyanmar #ravpastoralcare #PopeFrancis #rvamyanmarpopefrancismessage #Evangelization

Add new comment

1 + 3 =