“မိမိကိုယ်ကိုယ် ခြိုးခြံချုပ်တည်းခြင်းသည် ကျွန်ုပ်တို့၏ ပျော်ရွှင်ဝမ်းမြောက်ခြင်းများကို ဓါးပြတိုက်ယူသွားမည် မဟုတ်ဘဲ ကျွန်ုပ်တို့၏ ပျှော်ရွှင် မှု ကိုပင် ဖြည့်ဆည်း ပေးပါလိမ်မည် “

“မိမိကိုယ်ကိုယ် ခြိုးခြံချုပ်တည်းခြင်းသည် ကျွန်ုပ်တို့၏ ပျော်ရွှင်ဝမ်းမြောက်ခြင်းများကို ဓါးပြတိုက်ယူသွားမည် မဟုတ်ဘဲ ကျွန်ုပ်တို့၏ ပျှော်ရွှင် မှု ကိုပင် ဖြည့်ဆည်း ပေးပါလိမ်မည် “
 

(ပါပါး ဖရန်စစ် )

ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် လူထု ပရိတ်သတ် နှင့် တွေ့ဆုံပွဲတွင် ပါပါးဖရန်စစ် က အရက်သေစာ ရှောင်ကျဉ် ခြင်းနှင့် ပါတ်သက်၍ အလေးအနက်ထား ဟောကြားခဲ့သည်မှာ “ မိမိကိုယ်ကို ချုပ်တည်း နိုင်စွမ်း ပါရမီ စွမ်းရည်သည် ကျွန်ုပ်တို့ ဘဝခရီးတလျောက်လုံး၏ အရသာကို တစိမ့်စိမ့် ခံစားရနိုင်စေရန် ကူညီထောက်ပံ့ ပေးလိမ့် မည်။ အဓိပ္ပါယ် ပိုမို ပြည့်ဝ ပြီး ပျော်ရွှင် ဝမ်းမြောက်ဖွယ် ဘဝ လမ်းကို ဖန်တီးပေးမည်။ ဝိုင်တခွက်ကို အလျင်စလို သောက်ချ ခြင်း ထက် တကြိုက်ခြင်း အရသာခံ သောက်ခြင်း နှင့် ခပ်ဆင်ဆင်ပင် ဖြစ်သည်” ဟု ပါပါးက
စိန်ပီတာရင်ပြင်တွင် မြွက်ကြား ခဲ့သည်။

ဤတပါတ်တွင်လည်း ပါပါးက သူ၏ပုံမှန် ဘုရားစကားသင်ကြား ခြင်း ၏ အဆက် ဖြစ်သည့်
“သုစရိုက် နှင့် ဒုစရိုက် “အကြောင်းအရာ ဘုရားစကားကို ဆက်လက် သင်ကြားခဲ့သည်။ သုစရိုက် အကြောင်းသို့ ဆွေးနွေးမှုကို ဆက်စပ် သင်ကြား နိုင် ရန် အတွက် ဆင်ခြင်ကြံဆ နိုင်မှု ၊စိတ်ရှည်သည်းခံမှု ၊တရားမျှတမှု နှင့် ခံနိုင်ရည် ဇွဲ ရှိမှု များအကြောင်း ဟောကြားပြီး နောက် ယခု ခြိုးခြံ ခြင်း အကြောင်းကို အလေးထား ဟောပြောခြင်း ဖြစ်သည်။

ပျော်ရွှင်ပျော်ပါးခြင်း နှင့် ကျွန်ုပ်တို့ အကြား ဆက်နွှယ် မှုကို သင့်တင့် မျှတ စေပါ

ပါပါး၏ဘုရားစကား သင်ကြားမှုမှာ ခြိုးခြံ ခြင်း ပါရမီ ၏ အဓိက တန်ဖိုးကို ရှင်းလင်း ဖော်ပြခြင်း ဖြစ်သည်။ ကိုယ်ကျင့်တရား ဆိုင်ရာ တန်ဖိုး ဆိုသည်မှာ ပျော်ပါးခြင်း၏ ဆွဲဆောင်မှု ကို သင့်တင့်မျှတစွာ ရယူခြင်း နှင့် ဖန်ဆင်းခံ အရာများကို ချိန်ညှိ၍ မျှတစွာ သုံးဆွဲခြင်း ပင်ဖြစ်သည်။

ထို့အပြင် ခြိုးခြံခြင်းသည် ပင်ကိုယ်ဗီဇ အပေါ် ပိုင်နိုင်သေချာစွာ ထိန်းနိုင်စွမ်းကို သေချာ ရရှိစေသည့်အပြင် ၊ လိုအင်ဆန္ဒ ကို လည်း ဂုဏ်သိက္ခာ ရှိသည့် အတိုင်းတာ အတွင်း၌သာ ထားရှိနိုင်ခြင်းပင် ဖြစ်သည်။ ခြိုးခြံသော လူပုဂ္ဂိုလ် တဦးသည် ကောင်းသောအရာပေါ်၌သာ အာသီသရှိကာ ကျန်းမာသန်စွမ်းသည့် ဦးတည်ရာ ကိုသာ ထိန်းသိမ်း ထား နိုင်ပြီး အောက်ခြေ လိုအင်ဆန္ဒများ နောက်သို့ မလိုက် ဘဲ ဆန္ဒ အာသီသ ကို ထိန်းချုပ် ထားနိုင် သူပင် ဖြစ်သည်။

အခြားသော အခြေခံ ကျသည့် ပါရမီ သုံးပါး နှင့်အတူ ပင် ဤပါရမီသည်လည်း အဓိက ကျ ပြီး ခရစ်ယာန်များ သာ ပိုင်ဆိုင်သည့် အရာ မဟုတ်ပေ။

မိမိကိုယ်ကိုယ် ထိန်းချုပ်ခြင်း

ပါပါးက အရစ္စတိုတဲလ် ၏ အဆိုဖြစ်သည့် enkráteia ဂရိဘာသာစကား အားဖြင့် “ ကိုယ့်ကိုယ်ကိုယ် ကို ထိန်းနိုင်စွမ်း” ဆိုသည့် အရာသည် ထို အတွေးခေါ် ပညာရှင်ကြီးက ပျော်ရွှင်မှု ၏ အနှစ်သာရကို ရှာဖွေ ထုတ်ဖော် ရန် ကြိုးစား နေစဉ် လေ့လားဆည်းပူးခဲ့ သည် ပါရမီ ပင် ဖြစ်သည် ဟု သင်ကြားပေးခဲ့သည်။

ခြိုးခြံချုပ်တည်း မှု ကို “တဦးတယောက် ၏ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းပမာဏ အတိုင်းအတာ “အဖြစ် မှတ်ယူသဘောပေါက် နိုင်ပေသည် ။ မိမိကိုယ်ကိုယ် လွယ်လင့်တကူ လုပ်ခွင့်မပြုတတ်ခြင်း အနုပညာသည် ခုခံပုန်ကန် လိုသည့်စိတ်ဇော အားဖြင့် ကျော် လွှားနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ချုပ်တည်းတတ်ခြင်း သည် မှန်ကန်သည့် လုပ်ဆောင်ရမည့် အရာပင် ဖြစ်သည်ဟု ရဟန်းမင်းကြီးက အကြံပြု ဟောကြားထားသည်။

လှုံ့ဆွမှုများ အလယ်တွင် မှန်ကန်သည့် ဆုံးဖြတ်မှု ၏ အနှစ်သာရ

ချုပ်တည်းနိုင်သည့် ပုဂ္ဂိုလ် သည် ချင့်ချင့်ချိန်ချိန် ပြုမူနေထိုင် တတ်ပြီး စိတ်ကျေနပ် မှုနှင့် တွေ့ကြုံရင်ဆိုင်နိုင်မည် ။

ပါပါးက ဆက်လက် ​မြွက်ကြားသည်မှာ “ စိတ်ကျေနပ်မှု ကို လိုက်လျော လျက် အပြည့်အဝ လုပ်ပိုင်ခွင့်ပြုသည့် လိုင်စင် နှင့် လွတ်လပ် သည့်လှုံဆွ မှု အတိုင်း လုပ်ဆောင် မှုတို့သည် ကျွန်ုပ်တို့ကို ပြောင်းပြန် ခံစားမှုရလဒ်ကို သာ ပေးလိမ့်မည် ဖြစ်ပြီး ငြီးငွေ့ မှု အခြေ အနေသို့ သက်ဆင်းကျရောက် စေလိမ့်မည်” ဟု ဖြစ်သည်။

မိမိတို့၏ လောဘတကြီးစိတ်ဖြင့်အရာရာတိုင်းကို ကြိုးစားရယူရန် ကြိုးစား လုပ်ဆောင်ဖူး သူများအနက် လိုချင်တက်မက်သည့်အရာများကို ဆုံးရှုံးမှု နှင့်သာ ကြုံရသည့် အရသာကို လူမည်မျှ ကြုံဖူး နေပြီနည်းဟု ပါပါးက မေးခွန်း ထုတ်ခဲ့ သည် ။

ခြိုးခြံ မှုကိုသာ ပေးလိုက်ပါ သင့်တင့် မျှတစွာ ကျွန်ုပ်တို့ ပျော်ရွှင် ဝမ်းမြောက်ရ ပါလိမ့်မည် ဟုလည်း ဟောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး က “ ကောင်းမွန်သည့် ဝိုင် တခွက်၏ အရသာကို တပြိုင်နက် အမြန် သောက် ချလိုက်ခြင်း ထက် တဖြည်းဖြည်းချင်း အရသာခံ သောက်ခြင်း က ပို၍ နှစ်သက်ဖွယ် ဖြစ်ကြောင်း “ ဥပမာပေးခဲ့သည်။

သင့်လျော်မှန်ကန်သည့် လုပ် ဆောင်ချက်ကို သိရှိခြင်း

သင့်တင့်မျှတ သည့် လူတဦးသည် စကားလုံးများကို မည်ကဲ့သို့ ချိန်ဆရမည်ကို သိရှိပြီး ၎င်းတို့ကို ကောင်းမွန်စွာ လက်တွေ့ လုပ်ဆောင် တတ်သည့် အပြင် လူတဦးနှင်းတဦးကြား ဆက်ဆံ ရေး နှင့် မိတ်ဆွေ အပေါင်းအသင်းကြား ဆက်ဆံရေးကို ယိုယွင်း ပျက်ဆီးစေနိုင်သည့် ဒေါသ ဖြစ်ရသည့် အချိန်ကာလကို ဖြစ်ခွင့်ပြုမည် မဟုတ်ပေ အကြောင်းမှာ ကောင်းမွန်သည့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရာတွင် ခက်ခဲ ၍ဖြစ်သည်။ အထူးသဖြင့် မိသားစုဘဝတွင်မူ အဟန်အတား နည်းပါးပြီး ချုပ်တည်း မှု့ ၊ ဖိဆီးမှု့ နှင့် ဒေါသ ၏လှုံ့ဆွ ပေးမှုှု တို့ ကို ထိန်းသိမ်းနိုင်မှု အား သိပ်မကောင်း သဖြင့် အန္တရာယ် ပို ကြီး သည်ဟု ပါပါးက သင်ကြား ပေးခဲ့သည်။

ထိုသူတို့သည် မည်သည့်အချိန်တွင် တိတ်တိတ် နေပြီး မည်သည့် အချိန်တွင် ဖွင့်ဟပြောဆိုရမည် ကို ကောင်းစွာ သိရှိပြီး ၊ သူတို့၏ ကိုယ်ပိုင် စိတ်ကြီးမှု ကို မည်ကဲ့သို ထိန်းချုပ် ရမည်ကို သိရှိကြကြောင်း ပါပါးက အသိမှတ် ပြု ပြောကြားခဲ့သည်။

ကျွန်ုပ်သည် သူတို့ကို တည်ငြိမ် ငြိမ်းချမ်း ပြီး ပြူံးပျော်နေသည့် မျက်နှာကိုသာ အမြဲ တွေ့ရှိ နေ ရလိမ် မည် ဟု လည်း မဆို လိုပါ ၊အခါအားလျော်စွာ မခံမရပ်နိုင် ဖြစ်ရပ်များ တွေ့ကြံုရမည် ဖြစ်သော်ငြား မှန်ကန်သော နည်းလမ်း အားဖြင့်သာ အမြဲ သတိပြုကျော်လွှားနိုင်သူ များ ဖြစ်လာ ကြမည်ဟု ရဟန်းမင်းကြီးက ပြောကြား ခဲ့သည်။

အပြစ်တင် ကြိမ်းမောင်း သော စကားတလုံးသည် အမြဲလိုလို ခါးသည်းမှု ၊ ငြူဆူ မှု နှင့် ဆိတ်ဆိတ်နေခြင်းတို့ထက် ထက် ပိုမိုကျန်းမာသန်စွမ်း စေပြီး၊ မိမိကိုယ်ကိုယ် ချုပ်တည်း နိုင် သည့် ပုဂ္ဂိုလ် တဦးသိရှိ ခံစားမိသည် မှာ “အခြားသူတယောက်ကို ပြုပြင် ထောက် ပြရခြင်းထက် ပို၍ သက်တောင့် သက်သာ မဖြစ် ရသည့် အရာ မရှိကြောင်း ခံစားသိရှိသော်ငြား ထိုအရာသည် လိုအပ်သည့်အရာပင် ဖြစ်သည်ဟု လက်ခံယုံကြည် ကြသည် “ ဟု ပါပါးက ထောက်ပြပြောဆို ခဲ့သည်။

အလွန်အကျူးဖြစ်ခြင်းကို ကျေးဇူးတော် ဖြင့် စီမံ ခန့်ခွဲပါ

ဆက်လက်ပြီးပါပါးက “ သင့်သင့်မျှတ စွာနေထိုင်တတ်သော ပုဂ္ဂိုလ် တဦးသည် အချို့ ကိစ္စများတွင် အလွန်အကျူးဖြစ်ခြင်း အရာများကို အတူတကွပေါင်းစည်းပြီး ဖြေရှင်းရာတွင် အောင်မြင်မှုှုှုှု ရရှိကြောင်း၊ ထိုသူတို့သည် ပဂတိ စည်းမျဉ်းစည်းကမ်းများကို ခိုင်မာစွာ ကိုင်စွဲ ထားပြီး မလျော့ပေါ့ပေးနိုင်သည့် တန်ဖိုးများကို ပြတ်သားစွာ စုပ်ကိုင်ထားကြောင်း ၊ သို့သော် သူတို့သည် သူတပါးကို စာနာ မှု့ကို ပြသနိုင်ပြီး လူအများကို မည်ကဲ့သို့ နားလည်ရမည် ကိုလည်း သိရှိကြသူများပင် ဖြစ်သည်” ဟု ဖွင့်ဟ ထုတ်ဖော် မြွက်ကြား ခဲ့သည်။

ချုပ်တည်း နေထိုင် နိုင်ကြသည့် သူတို့၏ တထူးတခြား လက်ခံရရှိသည့် အရာ မှာ မျှတအချိုးညီစွာ ထိန်းညှိ နေထိုင် တတ်ခြင်း ပင် ဖြစ်ပြီး ထိုအရာ သည် တန်ဖိုးကြီးမားသည့် ရှားပါး လက်ဆောင်ပင် ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ ကမ္ဘာကြီး ပေါ်ရှိ အရာရာတိုင်းက အလွန်အကျုးဖြစ်ခြင်းကို တွန်းတိုက်ဖိအား ပေး နေချိန်တွင် မိမိကိုယ်ကိုယ် ချုပ်တည်းရာ၌ သမ္မာကျမ်းစာ၏ တန်ဖိုး များဖြစ်သည့် သေးနုပ်ခြင်း ၊ သိုသိပ် လိမ္မာ နှုတ်လှုံမှု့၊ရိုးသားဖြောင့်မတ်မှု့ ၊သည့်ခံမှု့ တို့ နှင့် ပေါင်းစည်းထားရန်” ပါပါးက သတိပေး ပြောကြားခဲ့သည်။

ရဟန်းမင်းကြီး ပါပါးဖရန်စစ် က “ ချုပ်တည်းခြင်းပါရမီသည် လူတယောက်ကို အိုမင်းရင့်ရော်စေ၍ ပျော်ရွှင်မှု့ မဲ့စေမည့် အရာမဟုတ်ကြောင်း အလေးအနက် ရှင်းပြပြီး ထိုအရာနှင့် ဆန့်ကျင်စွာ လူတဦးတယောက်ကို ပိုမိုကောင်းမွန်သော ဘဝ ၏ ကောင်းမြတ်ခြင်းများကို ပျော်ရွှင်ခံစားရရှိရန် လုပ်ဆောင်ပေးနိုင်ကြောင်း “ နိဂုံးချုပ် အနေနှင့် မြွက်ကြား ခဲ့သည် ။

 

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

 

Add new comment

3 + 5 =