“ကရုဏာတော်ကို လက်ခံရရှိသည့်အလျောက် ကရုဏာထားတတ်သောသူများဖြစ်ကြပါစို့။

“ကရုဏာတော်ကို လက်ခံရရှိသည့်အလျောက် ကရုဏာထားတတ်သောသူများဖြစ်ကြပါစို့။

“ကရုဏာတော်ကို လက်ခံရရှိသည့်အလျောက် ကရုဏာထားတတ်သောသူများဖြစ်ကြပါစို့။

"ကရုဏာရှင်ယေဇူးပွဲနေ့"၏ တနင်္ဂ‌နွေ့နေ့၌ ပုပ်ရဟန်းမင်း ကြီးဖရန်စစ်အရှင်သူမြတ် သည် ခရစ်ယာန်များအား သခင်ခရစ်တော်၏ ကရုဏာသနားခြင်းကို လက်ခံရရှိကြဖို့ မိန့်ကြားခဲ့သည်။ ခရစ်တော်သည် သူ၏ ကရုဏာတော်ကို ငြိမ်းချမ်းခြင်း၊ ခွင့်လွှတ်ခြင်း နှင့် သူ၏ ဒဏ်ရာတော်မှတစ် ဆင့် ပေးကမ်းခဲ့သည်။ ထိုကရုဏာတော်ကို အခြားသူ များ နှင့် မျှဝေခြင်းအားဖြင့် တုံ့ပြန်ကြရန် နှိုးဆော်ခဲ့သည်။

“ငြိမ်းချမ်းခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ယေဇူးသခင်၏ ကရုဏာတော်အားဖြင့် လူသစ်များဖြစ် ကြပါစို့။ သနားကြင်နာခြင်းကို သက်သေခံသောသူများဖြစ်နိုင်ရန်အတွက် ကျေးဇူးတော်များ တောင်းခံကြပါစို့။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ရှင်သန်လျက် ကျွန်ုပ်တို့ဘဝအသက်တာသည်လည်း တစ်လုံး တစ် ဝတည်းရှိပါလိမ့်မည်။ ဤနည်းအားဖြင့်သာလျှင် သနားကြင်နာခြင်းကို ဖော်ပြသော ဘုရားရှင်၏ ဧဝံဂေလိတရားတော်ကို ဟောကြားကြရမည်။"ဟူ၍ ပုပ်ရဟန်းမင်း ကြီး ဖရန့်စစ် အရှင်သူမြတ်က ဒုတိယမြောက် အီစ္စတာတနင်္ဂ နွေနေ့တွင် ကျင်းပသော ကရု ဏာရှင်ယေဇူးပွဲနေ့ တနင်္ဂ နွေ နေ့ မစ္ဆားတရားတော်မြတ်တွင် ဟောကြားခဲ့သည်။

“ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အတွက်သာ ဖြစ်နေခဲ့မည်ဆိုလျှင် ယုံကြည်ခြင်းသည် ခန်းခြောက်၍ အကျိုးမဖြစ် ထွန်းပဲ စိတ်ကူးမျှသာ ဖြစ်နေပေမည်။ အခြားသူများမပါပဲ ယုံကြည်ခြင်းသည် အသက်မဲ့သော ခန္ဓာကိုယ်ဖြစ်နေမည်။ သနားခြင်းလုပ်ငန်းမပါလျှင် ယုံကြည်ခြင်းသည် အသေဖြစ်၏။" ဟူ၍ ပုပ်ရဟန်း မင်း ကြီးဖရန့်စစ်က ၁၉၉၄ ခုနှစ်က ရောမမြို့တွင် "Divine Mercy" ဘုရားကျောင်း ဟူ၍ ရဟန်းမင်းကြီး စိန့် ဂျွန်ပေါ်လ်-၂မှ တရားဝင်သတ်မှတ်ခဲ့သည့် ဗာတီကန်အနီးရှိ "ဆာစီယာ ( Sassia)" တွင် တည်သော "Santo Spirito" ဘု ရားကျောင်းတွင် ဟော ကြားတော်မူခဲ့သည်။

"ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် ဆာစီယာတွင် တည်သော "Santo Spirito" ဘုရားကျောင်း မစ္ဆားတရားတော် ပူဇော်ခြင်း"

ကိုဗစ် ကပ်ရောဂါကြောင့် လိုက်နာရမည့် စည်းကမ်းများကို ထိန်းသိမ်းလျက် မစ္ဆားတရားတော်မြတ်တွင် အယောက် (၈၀) သာ ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ရာ ထောင်တွင်ရှိနေကြသော အမျိုးသား၊ အ မျိုးသမီးများနှင့် သူနာပြုများ၊ ဒုခိတသည်များ၊ ဒုက္ခသည်များ၊ အမှီခိုကင်းမဲ့သောသူ များအပါအဝင် အချို့သော ‘Missionaries of Mercy’ ဘုန်းတော်ကြီးများသည်လည်း ရဟန်းမင်းကြီးနှင့်အတူ မစ္ဆားတရားတော် ပါဝင်ပူဇော်သူများအဖြစ် တက်ရောက်ခွင့်ရရှိခဲ့ကြသည်။ မစ္ဆားတရားတော်ကို အများပြည်သူပါဝင်တက်ရောက်နိုင်ရန်အတွက် လူမှုကွန်ယက်တွင်လည်း ထုတ်လွင့်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က မိန့်ကြားရာ တွင် သခင်ခရစ်တော်သည် တပည့်တော်ကြီးတို့၏ စိတ်ကို နှိုးကြားစေလျက် သူတို့၏ဘဝကို မည်သို့ပြောင်းလဲစေခဲ့ကြောင်းကို ပြန်သတိရခဲ့သည်။ တပည့်တော်တို့သည် ကရုဏာတော်ကို ခံစားခဲ့၍ သူတို့ကိုယ်တိုင် ကရုဏာရှင်များဖြစ်သွားကြသည်။ သခင့်ထံမှ ငြိမ်းချမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် နှင့် ခရစ်တော် ၏ ဒဏ်ရာတော်ဟူသော ကျေးဇူးတော်သုံးပါးမှတစ် ဆင့် သနားကြင်နာခြင်းကို လက်ခံရရရှိခဲ့ကြသည်။

ငြိမ်းချမ်းခြင်း (Peace)

ယေဇူးသခင် အသက်စွန့်တော်မူပြီးသည့်နောက် တပည့်တော်ကြီးများသည် သူတို့ဘဝ အဓိ ပ္ပါယ်ပျောက်ဆုံး၍ သူတို့သခင်ကို ငြင်းပယ်စွန့်ပစ်၍ နောင် တရကြလျက် ကြောက်စိတ်နှင့် အခန်းတွင်း၌ ပုန်းအောင်းလျက်ရှိနေခဲ့ကြသည်။ သို့ သော် ယေဇူးသခင်သည် သူတို့အလယ်၌ ရပ်လျက် သူတို့အား"သင်တို့၌ ငြိမ်းသက်ခြင်းရှိပါစေ" ဟူ၍ နှုတ်ဆက်ခဲ့သည်။ ယေဇူးသခင်သည် အခက်အခဲမပါသောငြိမ်းချမ်းခြင်းကို မပေးခဲ့ပေ။ သို့သော် ယုံကြည်ခြင်းဖြင့်အတွင်းစိတ်ထဲ၌ စွဲကပ်နေသော ငြိမ်းချမ်းခြင်းကို ပေးခဲ့သည်။ အပြင်ပန်းအားဖြင့် တွေ့မြင်ရသော ငြိမ်းချမ်းခြင်းမျိုးမဟုတ်၊ သို့ သော် အတွင်းစိတ်နှလုံးသားထဲ၌ ကိန်းအောင်းသော ငြိမ်း ချမ်းခြင်းမျိုးဖြစ်သည်။ ယေဇူးသခင်၏ ငြိမ်းချမ်းခြင်းသည် တပည့်တော်တို့အား နောင်တတရားမှ သာသနာလုပ်ငန်းသို့ ဖြတ်ကျော်စေသည်။ ယေဇူးသခင်၏ ငြိမ်းချမ်းခြင်းသည် လွယ်ကူခြင်း၊ သက်သာခြင်းများ မပါသော်လည်း ကျွန်ုပ်တို့၏စိတ်နေစိတ်ထားများဖြစ်သည့် ဒုက္ခိတဖြစ်စေသော မိမိကိုယ်ကိုအကာအကွယ်ပေးလွန်းခြင်း၊ စိတ်ဓာတ်များရုန်းထွက်မရအောင် ထောင်ချစေသော အနှောင်အဖွဲ့၊ သံ

ယောဇဉ်များမှ ခွဲထွက်နိုင်ရန် စွန့်စားရသည့် စိန်ခေါ်မှုတို့ပါဝင်သည်။ "စိန့် ဂျွန် ဟန်နရီ နယူးမဲင်း" က "ကျွန်ုပ်တို့ မိမိကိုယ်ကို ချစ်သည်ထက် ဘု ရားသခင်သည် ကျွန်ုပ်တို့အားပိုချစ်၏။" ဟူ၍ ရေးသားသကဲ့ သို့ တပည့်တော်ကြီးတို့ သည်လည်း ဘုရားရှင်သည် သူတို့အား မရှုတ်ချ၊ အပြစ် ဒဏ်မပေးကြောင်း နားလည်သဘောပေါက်ခဲ့ကြသည်။

သန့်ရှင်းသော ဝိညာဉ်တော်မှ တစ်ဆင့် အခွင့်လွှတ်ခြင်း"

သခင်ယေဇူး၏ ကရုဏာတော်ပြသခြင်း ဒုတိယနည်းမှာ အပြစ်များ အခွင့်လွှတ်ခြင်းအတွက် သန့်ရှင်းသော ဝိ ညာဉ်တော်အား စေလွှတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင်အားဖြင့် အပြစ်ကို မဖယ်ရှားနိုင်ပါ။ ဘုရားရှင်သာလျှင် ထိုအပြစ်များကို ဖယ်ရှားပေးနိုင်သည်။ ဘု ရားရှင်၏ ကရုဏာတော်အားဖြင့် စိတ်ပျက်ဖွယ်ကောင်းသော နေရာမှ ကျွန်ုပ်တို့အား လွတ် မြောက်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် ခွင့်လွှတ်ခြင်းရရန် လိုအပ်သည်။

“သန့်ရှင်းသောဝိညာဉ်တော်၌ အခွင့်လွှတ်ခြင်းသည် အတွင်းစိတ် ပြန်လည်ရှင်သန်အောင် လုပ်ဆောင်နိုင်သော အီစ္စတာ ၏ လက်ဆောင်ဖြစ် သည်။" ဟူ၍ ပုပ်ရဟန်းမင်းကြီး အ ရှင်သူမြတ်က မိန့်ဆိုလျက် ခရစ်ယာန်တို့အား အာပါတ်ဖြေခြင်းစက္ကရမင်တူးကို ထွေးပိုက်နိုင်ရန် ကျေးဇူးတော်မျယးတောင်းခံသင့်ကြောင်း တိုက်တွန်းခဲ့သည်။ အာပါတ်ဖြေခြင်းသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အပြစ်များအ ကြောင်းသာမဟုတ်။ သို့သော် ဘုရားရှင်နှင့် သူ၏ ကရုဏာတော်အ‌ကြောင်းဖြစ်သည်။ “အပါတ်ဖြေခြင်းသည် ဖြူစင်သော ကရုဏာတော်၊ ရှင်ပြန်ထမြောက်ခြင်း စက္ကရမင်တူးဖြစ်သည်။" ဟူ၍မိန့်ကြားလျက် အာပါတ်ဖြေခြင်းကို ကြားနာကြသောသူများအား ချိုမြိန်သော ကရုဏာတော်ကို ပေးဝေကြရန် တိုက်တွန်းခဲ့သည်။

ယေဇူးသခင်၏ ဒဏ်ရာတော်များ (Wounds of Jesus)

နောက်ဆုံးအချက်အနေဖြင့် ယေဇူးသခင်သည် ကျွန်ုပ်တို့၏ ဒဏ်ရာကို သူ၏ ဒဏ် ရာအဖြစ်ခံယူခြင်းအားဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ အားနည်းချက်များကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် ခံထမ်းခြင်းအားဖြင့်၊ သူ၏ ကရုဏာတော်အားဖြင့် အပြစ်ကြောင့် ရရှိသော ကျွန်ုပ်တို့၏ အနာ အဆာများကို ကုသပေးသည်။ ယေဇူးသခင်၏ ဒဏ်ရာတော် သည် ကျွန်ုပ်တို့၏ စိတ်ဆင်းရဲမှုများအပေါ်သို့ ကရုဏာတော်ကို သက်ဆင်းနေသော၊ သူနှင့် ကျွန်ုပ်တို့အကြားက လမ်း ကြောင်းများကို ဖွင့်ပေးသည်။ ထိုဒဏ်ရာတော်များသည် ဘု ရားရှင်၏ နူးညံ့သိမ်မွေ့သော ချစ်မေတ္တာနှင့် သူမည်သူဖြစ် ကြောင်း တွေ့ထိခြင်းသို့ ပါဝင်နိုင်သော ကျွန်ုပ်တို့အတွက် ဖွင့်ပေးသော လမ်းကြောင်းများဖြစ်သည်။ ၎င်းကို သခင်ခရစ်တော်သည် သူ၏ ဒဏ်ရာတော်နှင့် ရှင်ပြန်ထမြောက်သောခန္ဓာကိုယ်ကို ကျွန်ုပ်တို့အား ပေးသနားသည့် မစ္ဆားတရားတော်မြတ်၌ တွေ့မြင်နိုင်သည်။ ယ‌နေ့ ဧဝံဂေလိကျမ်းတွင် သံသယဖြစ်သော သောမားစ် အခန်းကို ညွှန်ပြထားသကဲ့သို့ ကျွုန်ုပ်တို့သည် ဘုရားရှင်အား ရှာတွေ့ကြ၍ သူနှင့်အတူ မည်မျှနီးကပ်စွာရှိကြောင်းကို သိမှတ်ကြလျက် "ကျွန်ုပ်၏ အရှင်၊ ကျွနုပ်၏ ဘုရား" ဟူ၍ ကျွန်ုပ်တို့အား ကြွေးကြော်စေသည်။ ကရု ဏာတော် ရရှိခြင်းကျေးဇူးသည် ခရစ်ယာန်တို့၏ခရီးလမ်းစရာ ဖြစ်သည်။ ဘုရား ရှင်၏ ချစ်ခြင်းမေတ္တာတော်ကို လက်ခံရရှိမှသာလျှင် ကျွန်ုပ်တို့သည် ကမ္ဘာကြီးအား အ သစ်ဖြစ်သော တစ်စုံတစ်ရာကို ပေးဝေနိုင်မည်ဖြစ်သည်။

ကရုဏာတော်ကို လက်ခံရရှိခြင်းနှင့် ဝေမျှခြင်း (Receiving and giving mercy)

ဤသည်မှာ တပည့်တော်ကြီးတို့ လုပ်ဆောင်ခဲ့ကြသည့်အ ရာဖြစ်သည် ဟူ၍ တမန်တော်ဝတ္တုကို ညွှန်လျက် ပုပ်ရဟန်း မင်းကြီးက မိန့်ဆိုခဲ့သည်။ ကရုဏာတော်ကို လက်ခံရရှိခြင်းအားဖြင့် သူတို့သည် က ရုဏာရှင်များဖြစ်ကြသည်။ ဆက်လက်၍ ကွန်မြူနစ်စနစ်မဟုတ်ပဲ ဖြူစင်သော ခရစ် ယာန်ဝါဒကို အလေးအနက် ပြောကြားရာတွင် "မည်သူတစ်ဦးတစ်ယောက်မျှ မိမိအပိုင်ဟူ၍ မကြွေးကြော်ပဲ အရာအားလုံးသည် အများပိုင် ဘုံပစ္စည်း အဖြစ် သုံးခဲ့ကြသည်။" ဟူ၍ မိန့်ကြားခဲ့သည်။ သူတို့၏ အကြောက်တရားများသည် သခင်ခရစ် တော်၏ ဒဏ်ရာတော်ကို တို့ထိခြင်းအားဖြင့် ပျောက်ကွယ်သွားခဲ့ကြ၍ ယခုတွင် သူတို့ သည် အကူအညီ လိုအပ်နေသူများ၏ ဒဏ်ရာများကို တို့ထိဖို့ရန် မကြောက်ရွံ့ကြတော့ပေ။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က "ဥပက္ခာပြု၍ မနေကြပါနှင့်။ ကရုဏာတော်ကို လက်ခံရရှိခြင်းအားဖြင့် ကရု ဏာထားတတ်သောသူများဖြစ်ကြပါစို့။" ဟူ၍ တိုက်တွန်းကာ ဩဝါဒတရားတော်ကို အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

photo courtesy of: Knisja.mt

https://bit.ly/3wS1CQX

Add new comment

1 + 0 =