‘‘ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာရှိသူများအတွက် ချစ်ခြင်းမေတ္တာဖြစ်သည်။”

‘‘ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာရှိသူများအတွက် ချစ်ခြင်းမေတ္တာဖြစ်သည်။”

မစ္ဆားတရားတော်မြတ်၌ ပုပ်ရဟန်းမင်းကြီး ‘‘ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာရှိသူများအတွက် ချစ်ခြင်းမေတ္တာဖြစ်သည်။”

ပုပ်ရဟန်းမင်းကြီး ‘‘ဖရန့်စစ်” သည် စနေနေ့၌ ခမ်းနားကြီးကျယ်သော မစ္ဆားတရားတော်မြတ်ကြီးကို ပထမ အာဒ်ဝင်တူး တနင်္ဂနွေနေ့၌ ကျင်းပခဲ့ပြီး ယုံကြည်သူများအား ဘုရားရှင်နှင့် ပိုမိုနီးနီးကပ်ကပ်ရှိဖို့နှင့် မိမိနှင့်နီးစပ်‌သောသူများအား အစေခံမှုပြုကြရန် မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ‘‘ဖရန့်စစ်” သည် လွန်ခဲ့သော အာဒ်ဝင်တူး တနင်္ဂနွေနေ့၌ ၁၁ ပါးသော ကာဒီနယ်အသစ်များနှင့် မစ္ဆားတရားတော်မြတ်ကို ကျင်းပရာတွင် ဆုတောင်းခြင်း၌ စိတ်အားထက်သန်ရန်နှင့် ချစ်ခြင်းမေတ္တာကို သူတို့အတွင်း၌ နိုးကြားမှုရှိရန် ဘုရားရှင်အား တောင်းခံရန်အတွက် ယုံကြည်သူများအား နှိုးဆော်ခဲ့ပါသည်။ စနေနေ့ မွန်းလွဲပိုင်း၌ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် တိုက်ကြီးအသီးသီးမှ ကာဒီနယ် အသစ် ၁၃ ပါးကို တင်မြှောက်ခဲ့ပါသည်။ ထိုကာဒီနယ်များထဲမှ နှစ်ပါးဖြစ်သော ‘‘ဘရူနိုင်း” မှ Cardinal Cornelius Sim နှင့် ‘‘ဖိလစ်ပိုင်” မှ Jose Advincula တို့သည် ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကိုယ်တိုင်တက်ရောက်ရန် မစွမ်းနိုင်ခဲ့ချေ။ ပုပ်ရဟန်းမင်းကြီးရဲ့ ဩဝါဒတရားတော်မြတ်၏ အဓိကအချက်မှာ ‘‘အိပ်စက်နေခြင်းမှ ကျွန်တော်တို့ကို နိုးကြားစေရန်” ဘုရားသခင်အားအသနားခံခြင်းနှင့် ‘‘လှစ်လျူရှုခြင်း မှောင်မိုက်မှ ကျွန်တော်တို့ကို နိုးထ‌စေရန်” ဘုရားရှင်အားတောင်းခံခြင်းဖြစ်သည်။ ထိုနေ့ရက်၏ ဧဝံဂေလိကျမ်းမှ အာဒ်ဝင်တူးကာလ၏ သော့ချက်စကားလုံး နှစ်ခုဖြစ်သော ‘‘ရင်းနှီးမှုနှင့် စောင့်ကြည့်ခြင်း” သည် ဘုရားရှင်၏ ‘‘ရင်းနှီးမှု” နှင့် ကျွန်ုပ်တို့၏ ‘‘စောင့်ကြည့်ခြင်း” ဟူသော စကားလုံးနှစ်ခုကို မှတ်ချက်ချခဲ့သည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ပရောဖက် ‘‘ဟေရှာယ” က ‘‘ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် နီးစပ်ကြောင်း” ပြောကြားခဲ့ပြီး ‘‘ဧဝံဂေလိကျမ်းစာတော်မြတ်၌ ယေဇူးသခင်သည် သူပြန်လာမည်ကို မျှော်လင့်လျက်စောင့်နေရန်” တိုက်တွန်းထားသည်။ ‘‘ရင်းနှီးမှု” ပရောဖက် ‘‘ဟေရှာယ” ၏ ဟောကြားချက်အရ ‘‘ရင်းနှီးမှု” ဟူသော စကားလုံးကို ပြန်လည်သုံးသပ်ရာတွင် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “အာဒ်ဝင်တူးကာလသည် ကျွန်ုပ်တို့အလယ်၌ ကျိန်းဝပ်စံပယ်တော်မူသောဘုရားသခင်၏ ရင်းနှီးမှုကို အောက်မေ့ရန်အချိန်ဖြစ်သည်” ဟူ၍ မြွက်ကြားခဲ့သည်။

ဘုရားသခင်အား ကျွန်ုပ်တို့ထံ တဖန် ရင်းနှီးမှုရစေရန် တောင်းလျှောက်သော ပရောဖက်အား “ကောင်းကင်ကိုဖွင့်လျှက် ဆင်းသက်တော်မူပါ” ဟူ၍ ဆုတောင်းခဲ့သည်။ (ဟေရှာယ ၆၄ : ၁) ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ဘုရားရှင်သည် ကျွန်ုပ်တို့ထံသို့ ကောင်းကင်ကိုဖွင့်၍ ဆင်းသက်ရန် ကျွန်ုပ်တို့သည် ယနေ့ဆာလံ၌ ဆုတောင်းခဲ့ကြပြီး “ယုံကြည်ခြင်း၏ ပထမခြေလှမ်းမှာ ဘုရားသခင်အား ကျွန်ုပ်တို့လိုအပ်ကြောင်း၊ ကျွန်ုပ်တို့သည် သူနှင့်အတူ နီးစပ်ရန်လိုအပ်ကြောင်း ပြောပြရန်ဖြစ်သည်” ဟု ရှင်းပြခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ထပ်လောင်း၍ ပြောကြားသည်မှာ “၎င်းသည် အာဒ်ဝင်တူးကာလနှင့်ဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်ရာနှစ်၏ ပထမဆုံး သတင်းစကားဖြစ်ကြောင်း ပြောကြားခဲ့ပြီး “ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရင်းနှီးမှုကိုအသိအမှတ်ပြုရန်နှင့် ကျွန်ုပ်တို့နှင့်အတူ တဖန် ရင်းနှီးမှုရှိရန် ကြွလာတော်မူပါမည့်အကြောင်း ဘုရားရှင်အား တောင်းလျှောက်သင့်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ထံ ချဉ်းကပ်လိုကြောင်း၊ ယနေ့ ကျွန်ုပ်တို့၏ဘ၀တွင် ဘုရားရှင်အား ဖိတ်ခေါ်ခြင်းသည် မိမိတို့အပေါ်တွင်သာ မူတည်နေကြောင်း ပြောကြားခဲ့သည်။ အာဒ်ဝင်တူးကာလသည် “သခင်ယေဇူးသည်ကျွန်ုပ်တို့၏အလယ်၌ ကြွလာတော်မူပြီး၊ နောင်ကာလအဆုံး၌ တဖန် ကြွလာလိမ့်မည်အကြောင်း” သတိပေးသည်။ ထို့ကြာင့် ယုံကြည်သူများအနေဖြင့် “အိုယေဇူးသခင်၊ ကြွလာတော်မူပါ” ဟူ၍ ဆုတောင်းခြင်းကို “နေ့ရက်တိုင်း အစတွင် မကြာခဏ ရွတ်ဆိုပြီး၊ အစည်းအဝေးများ မတိုင်မီ၊ ကျွန်ုပ်တို့၏ လေ့လာမှုများနှင့် လုပ်ဆောင်မှုများ၊ ဆုံးဖြတ်ချက်များမချမီ၊ ဘဝ၏ အရေးကြီးသောအချိန် (သို့မဟုတ်) ခက်ခဲသောအချိန်များ၌ - အိုသခင်ယေဇူး၊ ကြွလာတော်မူပါ” ဟူ၍ ရွက်ဆိုသင့်ကြောင်း မှာကြားခဲ့လေသည်။

“စောင့်မျှော်ခြင်း”

ထို့နောက် ပုပ်ရဟန်းမင်းကြီး “ဖရန့်စစ်” က “စောင့်မျှော်လျက်ရှိခြင်း” ဟူသော စကားလုံးအပေါ်အာရုံစိုက်လျက် “သခင်ယေဇူးကို ကျွန်ုပ်တို့ထံချဉ်းကပ်ရန် ကျွန်ုပ်တို့တောင်းခံလျှင် စောင့်မျှော်ခြင်းရှိဖို့ လိုပါလိမ့်မည်”။ ယနေ့ ဧဝံဂေလိကျမ်း၌ “ရှင်မာကု” သည် “သခင်ယေဇူးသည် မိမိတပည့်တော်များအား နောက်ဆုံးမိန့်ခွန်း ပြောကြားခြင်းကို ဖော်ပြရာ၌ “စောင့်မျှော်ကြလော့” ဟူသော စကားလုံးနှစ်လုံးဖြင့် နိဂုံးချုပ်နိုင်သည်။

“စောင့်မျှော်လျက်ရှိနေဖို့ အရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ ဘဝမှာ ကြီးလေးတဲ့အမှားတစ်ခုက သခင်သတိမထားမိဘဲ အရာရာ ထောင်ပေါင်းများစွာထဲ စွဲစွဲလန်းလန်း ရှိနေခြင်းပဲ ဖြစ်တယ်” ဟူ၍ မိန့်ကြားခဲ့သည်။ များစွာသော အချည်းနှီးသောအရာနှင့် ကျွန်ုပ်တို့၏ စွဲလမ်းမှုများအားဖြင့် ကျွန်ုပ်တို့သည် အာရုံထွေပြားလျက် မရှိမဖြစ်လိုအပ်သော အရာများကိုပင် မျက်ခြေပြတ်တတ်ကြခြင်းသည် စစ်မှန်သော အလွန်အန္တရာယ်ကြီးသော အရာဖြစ်သည်။ “ကျွန်ုပ်တို့ စောင့်မျှော်လျက်ရှိရန် လိုအပ်သည်” ဆိုလိုသည်မှာ ယခု ညဥ့်ရောက်လာပြီဖြစ်၍ ကျွန်ုပ်တို့သည် အမှောင်နှင့် စိုးရိမ်ပူပန်မှုများကြားက မနက်မိုးလင်းချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ နေ့၏ အလင်းရောင်သည် သခင်ဘုရားနှင့်အတူ နေရမည့်အချိန်ကာလ၌ ရောက်လိမ့်မည်” ဟူ၍ ရှင်းပြခဲ့သည်။

“မျှော်လင့်ချက်ဖြင့် နေထိုင်ခြင်း”

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ည၏ မှောင်မိုက်ခြင်းသည် ပျောက်ကွယ်သွားမည်ဖြစ်သည်။ “သခင်ကြွလာခြင်းကို မျှော်လင့်ခြင်းအားဖြင့် စောင့်မျှော်ခြင်းဆိုသည်မှာ စိတ်ပျက်အားလျော့ခြင်းအားဖြင့် မိမိကိုယ်ကို အနိုင်ယူခွင့်မပေးဘဲ မျှော်လင့်ချက်ဖြင့် ရှင်သန်ရန်ဖြစ်သည်”။ ပုပ်ရဟန်းမင်းကြီးက “အိပ်စက်ခြင်းမှ ကျွန်ုပ်တို့ သည် မိမိကိုယ်ကို မည်သို့နိုးကြားအောင် လုပ်ရမည်နည်း” ဟူသောမေးခွန်းကို “ဆုတောင်းခြင်းအားဖြင့်” နိုးကြားအောင် လုပ်နိုင်ကြောင်း မိန့်ကြားခဲ့သည်။ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ကို ပိုမိုမြင့်မားသော အရာများကို မျှော်ကြည့်စေသည်။ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား သခင်ဘုရားနှင့် သဟဇာတ ဖြစ်စေသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို နီးကပ်စေ၍ ကျွန်ုပ်တို့၏ သီးခြားနေခြင်းမှ လွတ်မြောက်စေပြီး မျှော်လင့်ခြင်းကို ပေးသည်။ အသက်တာအတွက် ဆုတောင်းခြင်းသည် မရှိမဖြစ် လိုအပ်သည်။ အသက်မရှူနိုင်လျှင် မရှင်သန်နိုင်သကဲ့သို့ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းမပါဘဲ ခရစ်ယာန် မဖြစ်နိုင်ပါ။

“ချစ်ခြင်းမေတ္တာ၏ နိုးကြားမှု”

ပုပ်ရဟန်းမင်းကြီးက ဆက်ပြီး လျစ်လျူရှုခြင်း၏ ငိုက်မျဉ်းခြင်းမှ မိမိကိုယ်ကို နိုးကြားစေနိုင်သော နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၏ နိုးကြားမှု ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်များ၏ နှလုံးသားကို ရိုက်ခတ်သောအရာ ဖြစ်သည်။ နှလုံးခုန်ခြင်းမပါဘဲ မရှင်သန်နိုင်သကဲ့သို့ လူတစ်ဦးသည် ချစ်ခြင်းမေတ္တာမရှိဘဲ ခရစ်ယာန်မဖြစ်နိုင်ပါ။ သူတစ်ပါးအား သနားကြင်နာခြင်း၊ ကူညီခြင်းနှင့် အစေခံခြင်းသည် ကျွန်ုပ်တို့အားအောင်ပွဲရစေသော အရာများဖြစ်သည်။ အကြောင်းမှာ အခြားအရာအားလုံး ပျောက်ကွယ်သွားသော်လည်း ချစ်ခြင်းမေတ္တာသည် တစ်ခုတည်းသော ဆက်လက်တည်ရှိမည့် အနာဂတ်ကို ရည်ညွှန်းနေခြင်းကြောင့် ဖြစ်သည်။

“သနားကြင်နာခြင်းနှင့် ဂရုဏာလုပ်ငန်းသည် ကျွန်ုပ်တို့အား သခင်ဘုရားနှင့် နီးကပ်စေသည်”

ပုပ်ရဟန်းမင်းကြီး “ဖရန့်စစ်” က ခရစ်ယာန်များအား - “ယခု ဘုရားရှင်ကို ခေါ်ကြပါစို့။ သခင်ယေဇူး ကြွလာတော်မူပါ။ ကိုယ်တော့်ကို ကျွန်ုပ်တို့ အလိုရှိပါသည်။ ကျွန်ုပ်တို့အနီး၌ ကြွလာတော်မူပါ။ ကိုယ်တော်သည် အလင်းရှင်၊ အချည်းနှီးသော အိပ်စက်ခြင်း၊ လှစ်လျူရှုခြင်းတို့မှ ကျွန်ုပ်တို့ကို နိုးကြားစေပါ။ သခင်ယေဇူးဘုရား ကြွလာတော်မူပါ။ အာရုံထွေပြားနေသော ကျွန်ုပ်တို့အား နိုးကြားစေ၍ ဆုတောင်းခြင်း၊ လိုသောဆန္ဒနှင့် ချစ်ခြင်းမေတ္တာလိုအပ်ကြောင်း ကျွန်ုပ်တို့အတွင်း၌ နိုးကြားစေတော်မူပါ” ဟူ၍ ဆုတောင်းရန်နှင့် ချစ်ခြင်းမေတ္တာထားကြရန်သတိပေး၍ ဩဝါဒကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/36wiylb

Add new comment

13 + 7 =