‘အောက်တင်ဆမ်ရောဂါခံစားနေရသူများသည် ကောင်းသောဆမာရီတန်ဖြစ်နိုင်သည်’ ဟု ပုပ်ရဟန်းမင်းကြီးမိန့်ကြား

‘အောက်တင်ဆမ်ရောဂါခံစားနေရသူများသည် ကောင်းသောဆမာရီတန်ဖြစ်နိုင်သည်’ ဟု ပုပ်ရဟန်းမင်းကြီးမိန့်ကြား

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သည့်သောကြာနေ့က အော်တင် ဆမ်ရောဂါခံစားနေရာသူများ မေတ္တာသာပြ ခြင်းမျိုးမျှမဟုတ်ဘဲ ၄င်းတို့အားလုံးပါ၀င်နိုင်ပြီး၊ လူ့အသိုင်းအ၀ိုင်းအားလည်း တစ်စုံတစ်ခုကူညီလုပ်ဆောင်ပေးနိုင်သူ များဖြစ်စေရေး ၄င်းတို့ ပါ၀င်နိုင်ခြင်း၊ သက်ဆိုင်ခြင်း၊ ထပ်တူ‌ထပ်မျှရှိသည့် ယဉ်ကျေးမှုအကြောင်းကို မိန့်ကြားခဲ့သည်။ 
ရဟန်းမင်းကြီးသည် ဧပြီ (၂) ရက်၊ စနေနေ့ ‘ကမ္ဘာ့အော်တင်ဆင်မ်များနေ့’ အကြိုအဖြစ် အီတလီနိုင်ငံမှ ‘အောတင် ဆင်မ်အဖွဲ့’ (Italian Autism Foundation (FIA)) ၏ကိုယ်စားလှယ် (၂၀၀) ကျော်နှင့်တွေ့ဆုံခဲ့သည်။   
            ဤရောဂါစွဲကပ်ခံစားနေရသူများသည် အမှုအကျင့်တစ်ခု၊ စကားတစ်ခွန်း၊ မသဲကွဲသော စကားများကို ထပ်ခါထပ် ခါပြန်လည်ပြုလုပ်တတ်သည်။ ရဟန်းမင်းကြီးက ဤအဖွဲ့အစည်း၏ ရောဂါရှာဖွေရေးစီမံကိန်းများနှင့်အားနည်းသူများ၊ အကျိုးပေးနည်း သူများအား ကူညီပေးရေး အစီအစဉ် များအတွက် ကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ ဤအဖွဲ့သည် တန်ဖိုးဖြတ် မရသောလှုပ်ရှားမှု တစ်ခုဖြစ်သည် လူမှုအသိုင်းအ၀ိုင်း၌ ‘ဖြုန်းတီးခြင်းယဉ်ကျေးမှု’ ကိုအပြင်းအထန်ပညာ ပေးနေ သောအဖွဲ့ဖြစ်သည်။ ဤယဉ်ကျေးမှုသည် ပြိုင်ဆိုင်မှုနှင့်အကျိုးအမြတ်ကိုသာ အဓိကထားသည်။ ကျွန်ုပ်တို့သည် ဖြုန်းတီးခြင်းယဉ်ကျေးမှု၏သားကောင်များဖြစ်ကြသည်ဟုလည်း ရဟန်း မင်းကြီးမိန့်ကြားခဲ့သည်။    

အားလုံးပါ၀င်ခြင်းနှင့်သက်ဆိုင်သည့်ယဉ်ကျေးမှုဆိုရာ၌

            ပုံစံမျိုးစုံဖြင့် မသန်စွမ်းသောသူများသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထို့အတူ လူမှုအဖွဲ့ အစည်း များ၌ အားလုံးပါ ၀င်နိုင်မှုကိုဖန်တီးရန် အခွင့်အရေးကောင်းလည်းဖြစ်သည်။ ထိုအားလုံးပါ၀င်မှု၌ မိသား စုများ၊ ဆရာဆရာမများ၊ FIA ကဲ့ သို့သော်အဖွဲ့အစည်းများသည် တစ်စုတစ်ဖွဲ့ တည်းရုန်း ကန်ရ သည် မဟုတ်။ အားလုံးသည် နိုင်သည့်ဖက်က ပံ့ပိုးပေးကြ သည်။ ဤသို့အားဖြင့် အော်တင် ဆင်မ်နှင့် ပတ် သက်၍ မှုမမှန်သော၄င်းတို့၏လှုပ်ရှားမှုကို လူတိုင်းသတိထားမိလာကြ မည်။ ၄င်းတို့အပေါ်ထားသော အထင်အမြင်များပြောင်းလာမည်။ ထိုအခါ ၄င်းတို့အားကူညီပံ့ပိုးမှုများ၊ ၀ိုင်း၀န်းလုပ် ဆောင်မှု များရှိလာမည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းဂုဏ်သိက္ခာရှိကြသည်။ အလွန်ထိလွယ်ရှလွယ်သော အမျိုး သားအမျိုးသမီးများသည် အများ၏ဘေးဖယ်ကျင်းခံရတတ်သည်။ အမှန်မှာ လူမှုအသိုင်း အ၀ိုင်း အတွက် အခွင့်အရေး ကောင်းတစ်ခုဖြစ်သည်။

            အော်တင်ဆင်မ်ခံစားနေရသူများအားကူညီစောင့်ရှောက်နေကြသူများသည် အခြားသူများ အားကူညီရင်း အလုပ် ကောင်းများရကြသည်။ ကပ်စတဲလိုမြို့မှ စိန့်မာဂရက်ကဲ့သို့ဖြစ်ပေမည်။ သူသည်မသန်စွမ်းသော အီတလီလူမျိုး အမျိုး သမီးတစ်ဦးဖြစ်ပြီး၊ သူ၏ဘ၀ကိုလည်း ချို့တဲ့ နွမ်းပါးသူများအားကူညီစောင့်ရှောက်ရန် ဘုရားသခင်ကိုပူဇော်ဆက်ကပ်ထားသူဖြစ်သည်။ ဤအနေအထား၌ မသန်းစွမ်းသောသူများသည် အခြားသူများ၏ဂရုစိုက်မှုကိုသာရရှိကြသည်မဟုတ် ဘဲ ၄င်းတို့ကိုယ်တိုင်လည်းပါ၀င်ကူလုပ်နိုင်လာသည်။ ဧဝံဂေလိကျမ်းစာထဲမှ ကောင်းသောဆမာရီတန်သည် အသန်းစွမ်း သူအခြေအနေ၌ သူကိုယ်တိုင်သည် အော်တင်ဆင်မ်ခံစားနေရသူကဲ့သို့ဖြစ်နေသော်လည်း မိမိ၏အကူအညီကိုလိုအပ်သူ များအား ကောင်းသောအိမ်နီးချင်းအဖြစ်ပြန်လည်ကူညီပေးသည်။

ပါ၀င်ခြင်း
            အားလုံးပါ၀င်ခြင်း၏သဘောတရားကား မသန်စွမ်းသူများလည်း မသန်စွမ်း သူများကို ကူညီသည့်အစီအစဉ်များ၌ ပြန်လည်ပါ၀င်စေခြင်းဖြစ်သည်။ ၄င်းတို့အားဗဟိုပြုခြင်းသည် ၄င်းတို့၏ မသန်စွမ်းမှုကိုသာလျော့ချပေးလိုက်ခြင်းမ ဟုတ်။ ၄င်းတို့ကိုယ်တိုင်လည်း ပါ၀င်ကူညီ ပေးနိုင်သည် ကိုသိရှိခံစားစေခြင်းဖြစ်သည်။ ဤသို့ဖြစ်လာရန်မှာ ပညာပေး ခြင်း၊ အလုပ်များလုပ်ခိုင်းစေခြင်း၊ အားလပ် သည့်အခါများ၌ ပါ၀င်လုပ်ဆောင်စေရန်ဖြစ်သည်။ အသိုင်းအ၀ိုင်း၏အမြင် များကိုပြုပြင် ပြောင်းလဲလျှက်ရှိသော်လည်း မသန်စွမ်းများအားအပေါ် အသိုင်းအ၀ိုင်း၏သဘောထားများ၊ တန်းတူအ ခွင့်အရေးမပေးနိုင်ခြင်းများ၊ အထင်အမြင်သေးမှုများမှာဆက်လက်ရှိနေပါသည်။ ဤတံတိုင်း ကြီးကိုဖြို ချနိုင်ရန်အတွက် လူမှုရေးအသင်းအဖွဲ့နှင့် ဘာသာရေး အသင်းအဖွဲ့များ ပူပေါင်း လုပ်ဆောင် ရန်တိုက်တွန်းခဲ့သည်။         

ကွန်ရက်ချိပ်ဆက်ခြင်း
            အလွန်နူးညံ့လွန်းသော ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးနှင့်ယူကရိန်းစစ်ကြောင့် သက်ကြီး ရွယ် အိုများ၊ မသန်စွမ်းသူ များနှင့်မိသားစုများအနေဖြင့် ‌ေ၀းကွာနေကြရသည်များရှိနေသော်လည်း ကွန်ရက်ချိပ်ဆက်၍ အော်တင်ဆင်မ်များကို အားပေးရန်၊ လူသားတို့၏ဒုက္ခများကို အစီအစဉ်များ၊ တင်ပြချက်များဖြင့် အသိမ်ငယ်ဆုံးသူများကို ဗဟိုပြုကြရန်၊ သာ သနာနှင့် လူမှုရေး အဖွဲ့အစည်း များ လည်း ချိပ်ဆက်လုပ်ကိုင်ရန်ကြရန်တိုက်တွန်းခဲ့သည်။   

စီးပွားရေးမျှ

            ရှေးဦးခရစ်ယာန်တို့၏အသက်တာကိုပြန်လည်ထောက်ပြပြီး စီးပွား ရေးရာမျှကူခြင်း အကြောင်း ကိုမိန့်ကြားခဲ့ သည်။ ဧဝံဂေလိကျမ်းစာသည် ညီအစ်ကိုမောင်နှမတို့အား စီးပွားရေး၏ဗဟိုတွင် ထားရှိ ရန်သင်ကြားသည်။ သို့မှသာ နွမ်း ပါးချို့တဲ့သူများ၊ မေ့လျော့ခံများ၊ မသန်စွမ်းသူများသည်လည်း ပါ၀င်လာနိုင်ကြမည်ဖြစ်သည်။ မိမိတို့၏အတ္တ၊ အကျိုးအ မြတ်ကိုသာ ဦးထိပ်မတင်ရန်တိုက်တွန်းခဲ့သည်။    

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3K53U5z

              

Add new comment

12 + 2 =