‘အလုပ်သမားများသည် လူသားများဖြစ်ကြသည်။ ကိန်းဂဏာန်းများမဟုတ်’

‘အလုပ်သမားများသည် လူသားများဖြစ်ကြသည်။ ကိန်းဂဏာန်းများမဟုတ်’

            ပြီးခဲ့သော ကြာသပတေးနေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အဆောက်အအုံများတည်ဆောက်သော အီတ လီအမျိုးသားကန် ထရိုက်တာအဖွဲ့ အစည်းအားမိန့်ခွန်းမိန့်ကြားခဲ့သည်။ ထိုအဖွဲ့အစည်းကို (၁၉၄၆) ခုနှစ်တွင် တည် ‌ထော င်ခဲ့သဖြင့် ယခုနှစ်၌ (၇၅) နှစ်ပြည့်ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက အီတလီ၏ သမိုင်းကိုပြန်လည် တွေးဆရန်အလွန်သင့်လျှော်သော အခွင့်အခါဖြစ်ကြောင်းမိန့်ကြားခဲ့သည်။ 

အလုပ်သမားများအား တန်ဖိုးရှိစွာဆင်ခြင်တတ်စေပါ။

            လက်ရှိ၌ ဤလုပ်ငန်းခွဲအဖွဲ့အတွက်အလွန်ခက်ခဲသည်။ ခံယူချက်ကိုလည်း ထည့်သွင်း စဉ်းစားရန်နှင့် အလွန် အခြေခံကျသောရွေးချယ်မှုကိုပြုလုပ်ရန် အရေးကြီးသည်။ အလုပ်သများအား ဧဝံဂေလိတရားတော်၏သွန်သင်ချက် နှင့်အညီ အလုပ်သမားများအား ကူညီပေးနိုင်သော နည်းလမ်း များကိုလည်းဝေမျှခဲ့သည်။ ခရစ်ယာန်များအတွက် တန်ဖိုးနှင့်ပတ်သက်၍ အနက်ပြန်ဆိုရာတွင် အသင်းအဖွဲ့၏တန်ဖိုး၊ ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ တာ၀န်ခံမှု၊ ရေ ရှည်တည်မြဲမှု၊ ကျင့်၀တ်နှင့် ညီလျှော်မှု၊ တရား၀င်မှုနှင့်လုံခြုံမှုများလည်းထည့်သွင်းရမည်ဖြစ်သည်။ 

            ဧဝံဂေလိကျမ်းက ယေဇူးသခင်အား သူ၏ဟောပြောချက်၌ ဆောက်လုပ်ရေးအကြောင်း များကိုလည်း ပမာ ဆောင်၍သူ၏တရားကိုလူတို့အားမိန့်ကြားခဲ့ကြောင်း၊ သံလုကာ၏ဧဝံဂေလိကျမ်း၌ စိတ်ကူးသက်သက်သာရှိပြီး၊ ပျင်းကြောသာဆန့်နေသောသူတို့အကြောင်း၊ အင်ဂျင်နီယာတို့၏ လုပ်ရည်ကိုင်ရည်များသည် ကျမ်းစာလာသည့်အ တိုင်း သဲပေါ်အိမ်ဆောက်သော သူမျိုးမဖြစ်ရန် လိုအပ်ကြောင်း၊ ယေဇူးသခင်ထံလာပြီး၊ သူ၏မိန့်မြွတ်ချက်များကိုနား ထောင်ကာလုပ်ဆောင်သူသည် ခိုင်မာသောမြေပေါ်၌ နက်စွာတူးပြီး အိမ်ဆောက်သောသူနှင့်တူကြောင်း (အခန်းငယ် ၄၇-၄၈)၊ ဤသို့တည်ဆောက်ခြင်းသည် အမြှော်အမြင်ရှိသောကြောင့် အိမ်တည်ဆောက်သူသည် ကြုံလာနိုင်ဖွယ်ရှိ သည့် ရေလွှမ်းမိုးခြင်းဘေးဒဏ်ကိုလည်း ကြိုတင်မှန်းဆတွက်ထားပြီးဖြစ်သည်။  

ယှဉ်ပြိုင်မူနှင့်ပွင့်လင်းမြင်သာမူ၊

            ရဟန်းမင်းကြီးက ဆက်လက်၍ ယှဉ်ပြိုင်ခြင်းနှင့်ပွင့်လင်းမြင်သာမှုရှိရေးအကြောင်းမိန့်ကြားရာ ယှဉ်ပြိုင်မှု တစ်ခုတည်းသည်မလုံလောက်ပေ။ ပြိုင်ပွဲ၌နိုင်သွားသူသည်သာ စီးပွားရေးကို ဦးဆောင်ရ မည်ဟူသောအစွဲမျိုးရသွား နိုင်သည်။ ထိုအခါ လူမှုရေးချိပ်ဆက်လုပ်ကိုင်မှုများ၌ ကောင်းစွာလုပ် ကိုင်မှုကိုအားနည်း‌လာစေသည်။ ယှဉ်ပြိုင်မှု သည် မိမိ၏လုပ်ငန်းကိုလူအများစိတ်၀င်စားလာရန်၊ ပိုမိုကောင်းမွန်လာစေရန်ဖြစ်ပြီး၊ လွှမ်းမိုးချုပ်ကိုင်ရန်၊ မလိုသူ များကိုပယ်ရန်မဟုတ်။ လုပ်ငန်း ရပ်များ လုပ်ဆောင်ရာ၌လည်းကောင်း၊ စီးပွားရေးလုပ်ငန်းကိုရွေးချယ်ရာ၌လည်း ကောင်း ပွင့်လင်းမြင် သာမှုသည် အလွန်အခရာကျသည်။ စီးပွားရေးနှင့်အလုပ်ခွင်များ၌ ဥပမာအားဖြင့် အလုပ်လက် မဲ့များ၊ တရားမ၀င်အလုပ်လုပ်ကိုင်နေရသူများ၊ လုပ်ခနည်းနည်းဖြင့်လုပ်အားခေါင်းပုံဖြတ်သည့်ကိစ္စများ၌ ပွင့်လင်း မြင်သာမှုရှိလျှင် သမာသမတ်မကျမှုကိုမကျူးလွန်အောင် ရှောင်ရှားနိုင်သည်။     

တာ၀န်ခံမှုနှင့်ရေရှည်တည်တံ့မှု၊

            ရဟန်းမင်းကြီးသည် ဆက်လက်၍ ‘တာ၀န်ခံမှုနှင့်ရေရှည်ထိန်းထားနိုင်မှု’ အကြောင်းကို ပြောပါသည်။ ယခင် က ရေရှည်ထိန်းထားနိုင်မှုအကြောင်းပြောဆိုသံမကြားဖူးခဲ့ပါ။ ရေရှည်ထိန်း ထားနိုင်မှုသည် စီးပွားရေးစနစ်ကို ပြန် လည် ပြန်လည်ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ ဆောက်လုပ် ရေးလုပ်ငန်းများ၌ လူများအတွက်စိတ်ချလုံခြုံမှုရှိသော ပစ္စည်းများကိုအသုံးပြုရန်လိုသည်။ ထို့အတူ လုပ်သမားများအပေါ် မတရားအခွင့်အရေးယူလွန်ခြင်းများကိုလည်း ရှောင်ကျင်ရမည်။  

ကျင့်၀တ်၊ တရား၀င်မှုနှင့်လုံခြုံမှု၊

            ဩ၀ါဒ၏နောက်ဆုံးအပိုင်း၌ ရဟန်းမင်းကြီးက ‘ကျင့်၀တ်၊ တရား၀င်မှုနှင့်လုံခြုံမှု’ အကြောင်း ကိုမိန့်ကြားခဲ့ သည်။ ယခင်နှစ်က အလုပ်ခွင်၌အလုပ်သမားများစွာ အသက်ဆုံးရှုံးခဲ့သည်။ ၄င်းတို့သည် ကိန်းဂဏာန်းမျှသာမ ဟုတ်။ လူသားများဖြစ်ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ၌လည်း အလားတူအဖြစ်ဆိုးမျိုးကြုံတွေရတတ် သည်။ လစ်လျူရူ၍မရပါ။ လုပ်ငန်းခွင်လုံခြုံမှု၌ စိုက်ထုတ် သော ပမာဏသည် များလွန်သည်ဟုထင်လျင် မှားယွင်း သောအတွေးအခေါ်ဖြင့် စတင်လိုက် ပြီဖြစ်သည်။ လူသားများသည် ရတနာအစစ်အမှန်ဖြစ်သည်။ ၄င်းတို့မရှိပါလျှင် အ လုပ်ခွင်သည် မည်သို့မျှမ လည် ပတ်နိုင်။ အလုပ်လည်းမဖြစ်။ စီးပွားရေးလည်းမဖြစ်တော့ပေ။ လုံခြုံမှုအပြည့်အ၀ရှိနေ ခြင်းသည် အလုပ်သမားများအား ၄င်းတို့မိသားစု၏စား၀တ်နေရေးကိုဖူလုံအောင် ရှာဖွေနိုင်ခွင့် ဖန်တီးပေးခြင်း ပင်ဖြစ် သည်။ အလုပ်၏ဂုဏ်သိက္ခာကိုပိုမိုကာကွယ်ပေးလေ အလုပ်၏အရည်အသွေး၊ အလှအပများ သည် ပိုမို၍တိုးလာမည် ဖြစ်သည်။ ရဟန်းမင်းကြီးသည် သူ၏ဩ၀ါဒကို အလုပ်သမားတို့အားမှိုင်းမသော ရဟန္တာဖြစ်သည့် စိန့်ဂျိုးဇက်ထံပြု သောဆုတောင်းမေတ္တာဖြင့်အဆုံးသတ်ခဲ့သည်။      

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ILNbmL

Add new comment

5 + 1 =