‘မျှော်လင့်ချက်မပျောက်ပါစေနှင့်။ စစ်မှန်သောမျှော်လင့်ခြင်းသည် စိတ်ပျက်စေမည်မဟုတ်’ ဟုရဟန်းမင်းကြီးမိန့်ကြား

‘မျှော်လင့်ချက်မပျောက်ပါစေနှင့်။ စစ်မှန်သောမျှော်လင့်ခြင်းသည် စိတ်ပျက်စေမည်မဟုတ်’ ဟုရဟန်းမင်းကြီးမိန့်ကြား

ပါစကားပွဲတော်ကြီးအတွက် ရဟန်းမင်းကြီးမှဘာသာတူများအား ‘မျှော်လင့်ချက်မ ပျောက်စေရန်၊ စစ်မှန်သောမျှော်လင့်ချက်သည် စိတ်ပျက်မှုကိုမဖြစ်စေကြောင်း၊ မျှော်လင့်ချက်သည် စောင့်ဆိုင်းရသည်’ ဟု အီတလီသတင်းသမား Lorena Bianchetti ၏တွေ့ဆုံမေးမြန်းချက်၌ မိန့်ကြားတိုက်တွန်းခဲ့သည်။ ဤသတင်းသမား သည် အစိုးရပိုင်းသတင်းဌာနတစ်ခုဖြစ်သော RAI1 မှစီစဉ်ထုတ်လွှင့်သော ဘာသာရေးအစီအစဉ်အစဉ်တစ်ခုဖြစ်သော ‘A Sua Immagine’ ကိုတည်းဖြတ်ထုတ်လုပ်သူဖြစ်သည်။ အဆိုပါအစီအစဉ်သည် အပတ်စဉ်တနဂ်နေနေ့၌ထုတ်လွှင့်သော်လည်း သန့်ရှင်းသောရက်သတ္တပတ်၌မူ ‘သောကြာနေ့ကြီး’ မွန်းလွှဲပိုင်းတွင်ထုတ်လွှင့်ခဲ့သည်။

ယေဇူးသခင်သင့်အားစကားပြောခွင့်ပေးပါ။

သောကြာနေ့ကြီး၌ ယေဇူးသခင်၏ ခရူးစူးကားတိုင်ရှေ့၌တိတ်ဆိတ်စွာနေပြီး သင့်နှလုံးသားကိုထိတွေ့ ခွင့်ပေးပါ။ သူ၏တိတ်ဆိတ်နေသော၊ နာကြင်နေသောဒဏ်ရာတော်မှ စကားပြောခွင့်ပြုပါ။ အဆိုပါတွေ့ဆုံမေးမြန်းခြင်း ၌ ရဟန်းမင်းကြီးနှင့်တွေဆုမေးမြန်းသူတို့သည် စစ်၊ ကပ်ရောဂါဆိုး၊ ဤကံဆိုးမိုးမှောင်ကျနေချိန်မျိုး၌ယုံကြည်ခြင်းမြဲ ခိုင်ရမည့်အကြောင်းနှင့်အမျိုးသမီးတို့၏သတ္တိအကြောင်းများကိုပြောဆို‌ဆွေးနွေးခဲ့ကြသည်။

မကြာမီကျင်းပမည့် ပါစကားပွဲအတွက်ပေးမျှလိုသောသတင်းစကားနှင့်စပ်လျင်း၍ ကြိုတင် မေးမြန်းရာ ‘အတွင်းစိတ်ပျော် ရွှင်မူကိုရှာဖွေရန်’ အရေးကြီးကြောင်း၊ စိတ်ပျက်စရာများစွာကြားမှ မျှော်လင့်ချက်ရှိရန်၊ ပျော်၍မျက်ရည်ကျသောအတွေ့ အကြုံမျိုးရှိရန်လိုသည်။ ထို့ကြောင့်မျှော်လင့်ချက်မပျောက်ပျက်စေရန်၊ စစ်မှန်သော မျှော်လင့်ချက်သည် စိတ်ပျက်မှုကိုမဖြစ်စေကြောင်း၊ ယခုနှစ်ပါစကားသည် စစ်မီးကြား၌ကျင်းပရသည်။ ထို့ကြောင့် ‘ကျေးဇူးတော်မျက်ရည်၊ နှစ်သိမ့်ခြင်းနှင့် မျှော်လင့်ချက်’ များကို တောင်းခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့ မျက်ရည်ပိုမိုကျလျှက်ဆုတောင်းရမည်ဖြစ်သည်။ လူ့အသိုင်း အ၀ိုင်းသည် အဘယ်သို့ငိုကြွေးရမည်ကိုမေ့လျော့နေကြသည်။ မိမိ၏အပြစ်အတွက် ရှိုက်ကြီးတစ်ငင်ငိုကြွေးခဲ့သော တပည့်တော်သံပေတရုထံမှအဘယ်သို့ငိုကြွေးရမည်ကိုသင်ယူကြပါစို့။ တစ်ဦးတစ်ယောက်ထိခိုက်ခံစားနေရချိန်၌ တစ် စုံတစ်ခုနှင့်ပတ်သက်၍ မဆင်မခြင်စကားမပြောမိရန်သတိရှိရမည်ဟုဆိုသည်။

ကျယ်ပြန့်သော စကားပြောဆိုမှု

ကမ္ဘာပေါ်၌ဖြစ်ပွားနေသော စစ်မီးများအကြောင်းကို ရဟန်းမင်းကြီး ဆင်ခြင်သုံးသပ်ခဲ့သည်။ အထူးသဖြင့် ယူက ရိန်း၌ဖြစ်ပွားနေသောစစ်ကိုပမာပြု၍ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ရကြောင်း၊ လူပေါင်း (၄.၇) သန်းကိုနေရပ်စွန့်ခွာထွက်ပြေး ရန်အကြောင်းဖြစ်စေခဲ့ကြောင်း၊ ကလေးနှင့်မိခင်များသည်အဓိကဖြစ်ကြောင်း၊ စစ်ရှောင်များအား အမျိုးအစားအမျိုးခွဲခြားသတ်မှတ်ခြင်းကိုလည်းရဟန်းမင်းကြီးသည် သတိပေးဆန့်ကျင့်ခဲ့သည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်ယေဇူးသခင် သည်ပင်လျှင် အီဂျစ်နိုင်ငံသို့ရွေ့ပြောင်းတစ်ဦးအဖြစ်သွားရောက်ခိုလှုံခဲ့ရကြောင်း၊ ရောဂါနှင့်တူသောအမုန်းတရားအ ကြောင်းကိုလည်းကောင်း၊ စစ်၏မကောင်းမှုကိုလည်းကောင်းမိန့်ကြားခဲ့သည်။

နတ်ဆိုးသည်သွေးဆောင်ဖြားယောင်းနေသည်။ သတိရှိကြပါ။

နတ်ဆိုးသည် လိမ်လည်လှည့်ဖြားတတ်၏။ အပြစ်သိုကျရောက်ရန်မြှူဆွယ်လေ့ရှိသည်။ နတ်ဆိုးသည် ဒဣာရီ မဟုတ်။ အမှန်အကန်ရှိသည်။ နတ်ဆိုးနှင့်စကားမပြောမိစေနှင့်။ နတ်ဆိုး၌မကောင်းမှုဖြင့်ပြည့်နေသည်။ သို့သော် လူမှု အသိုင်းအ၀ိုင်းကိုဘေးသင့်အောင်လုပ်ဆောင်သူများကိုမှုဆွေးနွေးပြောဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၌ ကောင်းသောမျိုးစေ့များရှိနေတတ်သည်။ အလွဲသုံးစားပြုခြင်းကိုလည်းသတိထားရမည့်အကြောင်းနှင့်ဤသို့ပြုလုပ်ခြင်း ဖြင့်နောက်တပ်စစ်ပွဲများကိုထပ်မံဖြစ်ပွားလာစေနိုင်ကြောင်း၊ ဤသို့ဖြင့် ဖျက်ဆီးမှုများလည်းထပ်မံကြုံလာမည်ဖြစ် ကြောင်း၊ ထို့သို့ပြုလုပ်ရန်မှာ ခေတ်မှီလူသတ်လက်နက်၊ တင့်ကားများမလိုပေ။

အမျိုးသမီးများသည် အလွန်ကြံ့ခိုင်သည်။

အမျိုးသမီးများသည် အလွန်ကြံ့ခိုင်ကြသည်ဟုလည်း ထည့်သွင်းမိန်ကြားခဲ့သည်။ မိခင်တစ်ဦးသည် သူ၏သား သမီးများကို အဆုံးထိတိုင်စောင့်ရှောက်ထိန်းကျောင်းသွားနိုင်သည်။ အမျိုးသမီးများသည် ဘ၀ကိုအဘယ်သို့ပြင်ဆင်ပေး ရမည်၊ သေခြင်းတရားသည်အဘယ်သို့ရှိသည်တို့ကိုကောင်းစွာနားလည်သည်။ ထိုဘာသာစကားကိုပြောသည်။
ပြောသည်။ နား လည်သည်။ အမှန်မှာ အမျိုးသမီးများသည် သတိပေးသူများဖြစ်သည်။ ကျမ်းစာတော်မြတ်နှင့်ချိပ်စက်၍မိန့်တော်မူ သည်မှာ ပုံဆီအုစ့်ပီလတ်တူ၏အမျိုးသမီးက သူ၏ခင်ပွန်းအား အပြစ်မရှိသူ၏ကြံမ္မာနှင့်ပတ်သက်၍ ၀င်ရောက်စွပ်ဖက် ခြင်းမပြုရန်သတိပေးခဲ့သည်။ သို့သောခင်ပွန်းဖြစ်သူမှာနားမထောင်ခဲ့ပေ။

အထီးကျန်ဆန်ခြင်း

ရဟန်းမင်းကြီးသည် မတူညီသောအထီးကျန်ဆန်နေမှုအကြောင်းကိုလည်းမိန့်ကြားခဲ့သည်။ ဥပမာအားဖြင့် မတ် လ (၂၇၊ ၂၀၂၀) စိန့်ပီတာရင်ပြင်၌ ကိုးဗစ် (၁၉) ကပ်ရောဂါကင်းပျောက်စေရေးအတွက်ရည်ရွယ်ချက်ထားရှိပြီး ‘ကား တိုင်တော်’ လှည့်ခဲ့ကြသည်။ ရင်ပြင်ကြီးသည် လူသူမဲ့နေလိမ့်မည်ဟုမတွေးခဲ့ကြောင်း၊ ဤသို့ဖြစ်သွားရခြင်းသည်လည်း အသွင်မတူသော အထီးကျန်ဆန်မှုတစ်ခုအဖြစ် ဘုရားသခင်ကတရားပေးလာခြင်းဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်အား အလွန်ကောင်းမြတ်သည်။

‘အမှုတော်မြတ်ကို တစ်ပါးတည်းထမ်းဆောင်ခဲ့ဖူးသလော’ ဟုသတင်းထောက်က ရဟန်းမင်းကြီးအားမေးမြန်းခဲ့ ရာ ရဟန်းမင်းကြီးက ‘မရှိခဲကြောင်း၊ ဘုရားသခင်သည် သူ့အား အလွန်ကောင်းမြတ်ကြောင်း၊ သူနှင့်အတူအမြဲရှိနေ ကြောင်း၊ အလွန်ရက်ရောကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူတစ်ပါးတည်းမစွမ်းဆောင်နိုင်ကြောင်း ဘုရားသခင်သိ သောကြောင့်လည်းဖြစ်နိုင်ကြောင်း၊ သာသနာအားထိခိုက်နစ်နာစေသော ဒဏ်ရာဒဏ်ချက်အချို့ကိုလည်းရဟန်းမင်း ကြီးကထောက်ပြ၍ လောကီဆန်သောစိတ်ဓာတ်သည် သာသနာကိုကြီးစွာထိခိုက်နစ်နာစေသည်။ လောကီစိတ်ပေါက် သွားလျှင် သာသနာတော်ကြီးသည် ရှုံးနိမ့်သွားခြင်းပင်ဖြစ်သည်။

သောကြာနေ့ကြီး၌ တိတ်ဆိတ်ခြင်း

ဤတွေ့ဆုံမေးမြန်းခြင်းကိုရိုက်ကူးနေသည်မှာ မွန်းလွှဲ (၃) နာရီပင်ထိုးပြီဖြစ်သည်။ ထို့ကြောင့် သတင်းထောက် က အဘယ်သို့နေထိုင်သည့်ကြောင်း မေးမြန်းရာ ရဟန်းမင်းကြီးက ချက်ချင်းပြန်မဖြေဘဲ စက္ကန့်အနည်းငယ် တိတ်ဆိတ် စွာနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မွန်းလွှဲ (၃) နာရီသည် ဧဝံဂေလိကျမ်းစာတော်မြတ်၌ ယေဇူးသခင်သက်တော် ကုန်ဆုံးသည့်အချိန်ဟုဖော်ပြထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xCnrqB

 

Add new comment

5 + 1 =