‘ခရစ္စယာန်များ၏စည်းလုံးညီညွှတ်ခြင်းအတွက်နည်းလမ်းရှာကြံပြီး အတူတကွခရီးနှင်ကြပါစို့’

‘ခရစ္စယာန်များ၏စည်းလုံးညီညွှတ်ခြင်းအတွက်နည်းလမ်းရှာကြံပြီး အတူတကွခရီးနှင်ကြပါစို့’

‘ခရစ္စယာန်များ၏စည်းလုံးညီညွှတ်ခြင်းအတွက်နည်းလမ်းရှာကြံပြီး အတူတကွခရီးနှင်ကြပါစို့’ 

ငွေသည်လူ့သီလ၊ ဂုဏ်သိက္ခာကို၀ယ်ယူနိုင်လောက်အောင်မစွမ်း။ စွမ်းပါက သင်မစွမ်း၍ပင် ၊ ရဟန်းမင်းကြီးသည် ဖင်လန်နိုင်ငံမှခရစ္စယာန်များစည်းလုံးညီညွှတ်ရေးအဖွဲ့၏ကိုယ်စားလှယ်များနှင့်တွေ့ဆုံ ခဲ့သည်။ သူငယ်တော်ယေဇူးကို မတွေ့တွေ့အောင်ရှာ၍ ရှိခိုးခဲ့သည့် မင်းပညာရှိတို့၏ဘ၀ကိုထောက်ရှုဝေမျှခဲ့သည်။ မင်းပညာရှိတို့သည် ပန်းတိုင်ကိုရောက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ရှာဖွေခဲ့၍ဖြစ်သည်။ အဘယ်ကြောင့်ရှာဖွေ နိုင်ခဲ့သနည်းဟုမှု ဘုရားသခင်သည် ကြယ်တော်၏ထူးခြားချက်ကို ၄င်းတို့အားမြင်တွေ့စေခြင်းဖြင့် စတင်သည်။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့ကိုရှာဖွေနေသည်။ မင်းပညာရှိများကဲ့သို့ပင် ကျွန်ုပ်တို့လည်း ဘုရားသခင်ကိုတုန့် ပြန်ရမည်။ ထို့နောက်အတူတကွ ခရီးနင်ရမည်။

အတူတကွခရီးနင်ခြင်း

ဘုရားသခင်၏ကျေးဇူးတော် ထိတွေမှုကိုခံရသူသည် ထိုအခြေအနေကိုလွန်ဆန်၍မရ။ ကိုယ်ကျိုးအတွက် လည်းအသက်မရှင်ကြတော့ပေ။ သူတို့သည်ရှေ့သို့သာချီနေကြသည်။ ရှေ့သို့အတူတကွချီတက်နေကြသည်။ မင်း ပညာရှိများသည် မတူညီသောယဉ်ကျေးမှုနှင့်လူမျိုးစုကိုကိုယ်စားပြုသကဲ့သို့ ယနေ့ခေတ်၏ခရဏ်ယာန်များသည် လည်း ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများ၏လက်ကိုတွဲလက် ရှေ့ဆက်လျှောက်ရမည်။ ဘုရားနှင့်ပိုမိုနီးကပ်အောင် ခရစ်ယာန်အချင်းချင်းလည်းကူညီရမည်။

ဤအတူတကွခရီးပြုရာတွင် အချို့သောအဆင့်များသည်လွယ်ကူသည်။ ပိုမိုစိတ်ရှည်သီးခံတတ်စေသည်။ ဥပမာအားဖြင့် ကရုဏာရေးလုပ်ငန်းများပြုလုပ်ခြင်းမျိုးသည် ကျွန်ုပ်တို့အား ချို့တဲ့နွမ်းပါးသူများ၊ အကူအညီလိုအပ် သူများနှင့်သာနီးကပ်စေသည်မဟုတ်။ ကျွန်ုပ်တို့အချင်းချင်းကိုလည်းနီးကပ်စေသည်။ အခြားတစ်ဖက်၌မူ လုံး၀စည်း လုံးရေးတွင် တစ်ခါတစ်ရံ၌ပို၍ခက်ခဲတတ်သည်။ ကျွန်ုပ်တို့အားနွမ်းပါးစေတတ်သည်။ စိတ်ဓာတ်ကျစေတတ်သည်။ ခရစ်ယာန်များအနေဖြင့် ဤအတူတကွခရီးနင်ခြင်း၌ ဘုရားသခင်ကိုပိုင်ဆိုင်ထားပြီးကြသူများကဲ့သို့နင်‌နေ ခြင်းမ ဟုတ်။ ဆက်လက်၍ဘုရားအားရှာဖွေနေသူများအဖြစ်နှင့်လျှောက်နေခြင်းဖြစ်သည်။ ခရီးလမ်းတစ်လျှောက်၌ သတ္တိ ရှိရမည်။ စိတ်ရှည်ရမည်။ သို့မှသာအချင်းချင်းကိုအားပေးတတ်၊ ပံ့ပိုးပေးတတ်မည်။

အရေးကြီးသော အချိန်နှစ်ချိန်

ခရစ်ယာန်များစည်းလုံးခြင်းသို့ အတူတကွဦးတည်လျှောက်လှမ်းရာ၌ အရေးကြီးသောအချိန်နှစ်ချိန်ဖြစ် သည့် (၂၀၂၅) ခုနှစ်တွင် (၁၇၀၀) ကြိမ်မြောက် နှစ်ပတ်လည်ကျရောက်မည့် နိုင်ဆင်းအစည်းအ‌ေ၀းကြီးနှင့်နှစ် (၅၀၀) ပြည့်သည့် Lutheran Augsburg မှတစ်ခုတည်းသော ကက်သလစ်သာသနာမှခွဲထွက်ခဲ့သည့်နှစ်ပတ်လည်ဖြစ် သည်ကို ရဟန်းမင်းကြီးထောက်ပြခဲ့သည်။ ကိုနိုင်ဆင်း အစည်းအ‌‌ဝေးကြီး၌ ‘ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားနှင့်ခရစ္စ တူးသခင်၏ဘုရားအဖြစ်တော်’ ကိုကြေညာခဲ့ခြင်းဖြင့် ဆေးကြောခြင်းခံယူထားသူများအား စုစည်းစေသည်။ ခရစ် တော်နောက်သို့ စိတ်အားထက်သန်စွာလျှောက်လှမ်းခြင်းကိုလည်းပြန်လည်ဆန်းသစ်ကြရန်၊ ခေတ်ကာလတိုင်း၏ အမျိုးသား၊ အမျိုးသမီးများ၊ ကျွန်ုပ်တို့အပါအ၀င် ခရစ္စတူးသခင်ကို မသိစိတ်ဖြင့် လိုက်လံရှာဖွေနေကြသည်ဟုမိန့် ကြားခဲ့သည်။

လူသာ၏ကြေညာချက်သည် ‘Protestant Reformation’ (သင်းကွဲခရစ်ယာန်များပြုပြင်ပြောင်းလဲခြင်း) ဟုခေါ် သည့် ခရစ္စယာန်များအတွက်ခက်ခဲသောအချိန် ကာလမှရုန်းထွက်တော့မည့်ဆဲဆဲ၌ထွက်ပေါ် လာခဲ့သည်။ ထိုကြေ ညာချက်သည် ခရစ်ယာန်များ၏စည်းလုံးခြင်းကိုရည်ရွယ်ခဲ့သည်။ သို့သော် ကွဲပြားခြင်းကိုမကာကွယ်နိုင်ခဲ့ပေ။ သို့ သော် မကြာမီကျင်းပမည့် အခမ်းအနား၌မူ စည်းလုံးခြင်းကိုအားပေးအားမြောက်ပြုသည့် အသီးအပွင့်ကိုမြင်တွေ့ရ ဖွယ်ရှိ‌ကြောင်း၊ ထိုအသီးအပွင့်ကား စည်းလုံးခြင်းနှင့်ခရီးနင်ခြင်းကိုတွန်းပို့ခြင်းဖြစ်ကြောင်း၊ ဤသို့ဖြင့် ကျွန်ုပ်တို့ သည် လူသားနည်းနာများထက် ဘုရားသခင်၏အလိုကိုပို၍နာခံတတ်ကြမည်ဖြစ်ကြောင်း၊ ထိုနာခံခြင်းကြောင့် လော ကအရေးထက် ကောင်းကင်သို့ညွှန်ပြသောလမ်းကြောင်းကိုသာအသားပေးလိုက်လျှောက်ကြမည်ဖြစ်သည်။

ဒေသခံလူမျိုးစုတို့အတွက်အရေး

ရဟန်းမင်းကြီးသည် ဖင်လန်နိုင်ငံသား လူသာရင်ဆရာတော် Jukka Keskitalo အားလည်းကျေးဇူးတင် ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေဇုံအစည်းအ‌ဝေး၏ ဆုံးဖြတ်ချက်ကိုလက်တွေ့ဖော်ဆောင်သည့်အနေဖြင့် ဖင်လန်နိုင်ငံ ဒေသခံများအားလည်းခေါ်ဆောင်လာပေးကြောင်း၊ သိုးထိန်းသည် မိမိတို့၏လိုအပ်ချက်ကို လက်တွေ့ ဖော်ဆောင်ရမည်။ စိတ်ကူးရုံ၊ အပြောသက်သက်မဖြစ်ရဟုမိန့်ကြားခဲ့သည်။

စည်းလုံးခြင်းကို ကျွန်ုပ်တို့ ဘယ်တော့ရယူနိုင်မည်နည်း။

ရဟန်းမင်းကြီးက သူ၏မိန့်ခွန်းအဆုံးပိုင်း၌ မေးခွန်းတစ်ခုကိုမေးမြန်းခဲ့သည်။ ‘စည်းလုံးခြင်းကို ဘယ်တော့ ရယူနိုင်မည်နည်း။ ထို့အတူ ဩသောဒေါ့စ်ဓမ္မတွေးခေါ်ပညာရှင်တစ်ဦး၏ အတွေးအခေါ်ကိုကိုးကား၍ ‘စည်းလုံးညီ ညွှတ်ခြင်းသည် လာမည့်ထာ၀ရအသက်၌ဖြစ်လိမ့်မည်’ ဖြစ်ကြောင်း၊ ကမ္ဘာကုန်သည့်နေ့မှသာရရှိမည်ဖြစ်ကြောင်း၊ သို့သော် စည်းလုံးခြင်းဆီသို့သွားသောလမ်းကြောင်းသည်အရေးကြီးကြောင်း၊ မှန်ကန်သော ဓမ္မတွေးခေါ်ပညာရှင် များ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များ၌ကျွမ်းကျင်သူတို့၏လုပ်ငန်းများသည် ဆက်လက်လုပ်ဆောင်ရန် ၊ မှန်ကန်ရန်လိုအပ်သည်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်၏သားသမီးများလည်း အတူတကွရှေ့ဆက်လျှောက်လှမ်း ခြင်းသည်လည်းကောင်းပါကြောင်း၊ ဘုရားသခင်ကို ရဲရင့်ပြတ်သားစွာ၊ တိကျသောနည်းလမ်းများဖြင့် အတူတကွ လျှောက်လှမ်းရင်းရှာဖွေကြရန်၊ ကျွန်ုပ်တို့၏အကြည့်ကို ယေဇူးခရစ္စတူး၌သာစူးစိုက်ထားကြရင်း၊ နီးစပ်သူများနှင့်ဆု တောင်းခြင်း၌နီးနီးကပ်ကပ်ရှိနေရန်တိုက်တွန်းရင်းနိဂုံးချုပ်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FICnDV

 

Add new comment

3 + 0 =