‘ခရစ္စမတ်၏ကြွယ်၀သောအမှန်တရားကိုပြန်လည်ဖွေရှာတူးဆွရမယ်’

‘ခရစ္စမတ်၏ကြွယ်၀သောအမှန်တရားကိုပြန်လည်ဖွေရှာတူးဆွရမယ်’

‘ဘုရားသခင်ကိုဖူးတွေ့ရန်မှာ သူရှိသည့်မည်သည့်အရပ်သို့မဆိုအရောက်သွားရမည်။ ယေဇူးသခင်ကြွလာ၍နွားစားခွက်၌ မွေးဖွားခြင်းခံခဲ့သကဲ့သို့ ကျွန်ုပ်တို့ ကိုယ်ကိုနှိမ့်ချရမည်။ ကျွန်ုပ်တို့ကိုယ်ကိုသေးသိမ်အောင်ထားရမည်။

ရဟန်းမင်းကြီးပြီးခဲ့သောစနေနေ့က ယခုနှစ်ဗာတီကန်၌ထားရှိမည့် သူငယ်တော်အိမ်တည် ဆောက်ရန်လိုအပ်သော ပစ္စည်းများ၏အလှူရှင်များဖြစ်ကြသော အီတလီနိုင်ငံ Sutrio၊ Rosello နှင့်ဂွာတီမာလာမှကိုယ်စားလှယ် (၃) ဦးကိုလက်ခံတွေ့ဆုံခဲ့သည်။ ၄င်းတို့သည် ခရစ္စမတ်သစ်ပင်နှင့်သူငယ်တော်အိမ်ရှုခင်းနှစ်ခုကိုလှူဒါန်းခဲ့ကြသည်။ ထိုသူငယ်တော်အိမ်နှစ်ဆောင်အနက် တစ်ဆောင်ကိုစိန့်ပီတာရင်ပြင်အလယ်၌ ဘုရားဖူးများဖူးမြော်နိုင်ရန်နှင့်ကျန်တစ်ဆောင်ကိုမူရဟန်းမင်းကြီးပေါလ်၏ခမ်းမဆောင်ထဲ၌ပြင်ဆင်ထားမည်ဖြစ်သည်ဟုဆိုသည်။

Like trees we need roots
သစ်ပင်ကဲ့သို့ကျွန်ုပ်တို့လည်းအမြစ်လိုအပ်သည်။

ခရစ္စမတ်လက်ဆောင်များကိုတာ၀န်ခံယူလာပေးသောသူများအကြောင်း၊ ဤအလုပ်ပြီးမြောက် ရန်ဆောင်ရွက်ခဲ့ကြသူများအကြောင်း၊ ခရစ္စမတ်သစ်ပင်၊ သူငယ်တော်အိမ်တွင် သူတို့ဖွင့်ဟပေးလိုသည့်အဓိပ္ပါယ်နှင့်အမှတ်သင်ကေတများအကြောင်းကိုဆင်ခြင်ခဲ့သည်။ အပင်ပေါ်၌ထွန်းလင်းနေသောမီးများ သည် ယေဇူးသခင်ကျွန်ုပ်တို့ထံကြွလာ၍မိုက်မှောင်နေသောဘ၀ကိုမီးထွန်းညှိပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်၊ ကြောက်စိတ်နှင့်နာကြင်မှုလောင်းရိပ်များ၌ပိတ်မိနေတတ်သည်။ ဤအဓိပ္ပါယ်ကား ကျွန်ုပ်တို့သည် သစ်ပင်ကဲ့သို့အမြစ်များလိုအပ်သည်။ အုတ်မြစ်ကျစ်လစ်ခိုင်မာရန်လိုသည်။ ကြီးထွားရန် လိုသည်။ မပြိုလဲရန်လိုသည်။ သို့မှသာလောကဓံ၏လေဒဏ်ရိုက်ခတ်မှုကိုခံနိုင်ပေမည်။ ထို့ကြောင့်ရှင် သန်ရန်အမြစ်အားကောင်းရန်လိုသကဲ့သို့ယုံကြည်ခြင်း၌လည်းထို့အတူပင်ဖြစ်သည်။

Jesus' littleness
ယေဇူးသခင်၏သေးသိမ်မှု

သူငယ်တော်အိမ်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏သားတော်လူ့အဖြစ်ကိုခံယူသည့်အကြောင်း၊ ကျွန်ုပ်တို့နှင့်နီးကပ်စွာစံပ္ပါယ်လို၍ဖြစ်ကြောင်းကိုဖော်ပြနေသည်။ သူမတူသောချို့တဲ့နွမ်းပါး ခြင်း၌ သူငယ်တော်၏မွေးဖွားခြင်းသည်တဖန် ခရစ္စမတ်၏ကြွယ်၀ခြင်းကိုဖော်ပြနေပြန်သည်။ ထိုကွာ ခြားချက်ကား ယေဇူးသခင်၏မွေးဖွားခြင်းကားမွှဲနေပြီး၊ လောကကျင်းပသောသူငယ်တော်မွေးနေ့ကား ပိုလျှံစွာသုံးစွဲထားသည်။ ချို့တဲ့မှု၊ ရိုးရှင်းသောမွေးဖွားခြင်းခံသောသူ၊ နှိမ့်ချစွာလှောင်းစက်နေမှု၊ နူးညံ့ သောအနှီးတို့၏ရစ်ပတ်နွေးထွေးမှုများသည်ကျွန်ုပ်တို့အားဘုရားသခင်နှင့်အတွင်းကျကျထိတွေရှိနေစေသည်။

The true richness of Christmas
ခရစ္စမတ်၏ကြွယ်၀မှုအမှန်

ရဟန်းမင်းကြီးက အံ့အားသင့်ဖွယ်ရာနှင့်အမှတ်တမဲ့အရာများ၊ မိမိကိုယ်ကို‌သေးဖွဲအောင်ပြုလုပ်သော၊ လူ့အမြင်၌ ကြီးကျယ်ခမ်းနားစွာမွေးဖွားခြင်းကိုမခံ။ ချို့တဲ့နုံချာလှသောတင်းကုပ်၌မွေးဖွားသန့်စင် သော ဘုရားသခင်၏သေးသိမ်မှုကို ယေဇူးသခင်၏မွေးဖွားခြင်းဖြစ် အစဥ်ရှာဖွေဖော်ထုတ်ရန်တိုက်တွန်းထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Y4mCBJ
 

Add new comment

6 + 5 =