‘ကျွန်ုပ်တို့သည် ဂျုံကိုပွစေသောတဆေးများဖြစ်ရန်ခေါ်တော်မူခြင်းခံရ’ ဟုရဟန်းမင်းကြီးမိန့်ကြား

‘ကျွန်ုပ်တို့သည် ဂျုံကိုပွစေသောတဆေးများဖြစ်ရန်ခေါ်တော်မူခြင်းခံရ’ ဟုရဟန်းမင်းကြီးမိန့်ကြား

အီတလီကက်သလစ်လူမှုရေးအဖွဲ့၏တစ်ပတ်တာတွေ့ဆုံသည့်အစီအစဉ်သည် ပြီးခဲ့သော ကြာသပတေးနေ့က ပြီးဆုံးသွားပြီဖြစ်သည်။ ထိုတွေ့ဆုံပွဲကို အီတလီတောင်ပိုင်း၏ ကမ်းခြေမြို့ဖြစ်သော Taranto ၌ ကျင်းပခဲ့သည်။ ယခု တစ်ကြိမ်သည် (၄၉) ကြိမ်မြောက်ဖြစ်သည်။ ယခုတစ်ကြိမ်တွေ့ဆုံခြင်း၏ဆောင်ပုဒ်မှာ ‘ကျွန်ုပ်တို့မျှော်လင့်သောဂြိုလ်၊ ပတ်၀န်းကျင်၊ အလုပ်၊ အနာဂါတ် ဤအရာများအားလုံးသည် ဆက်စပ်နွယ်ယှက်လျှက်ရှိသည်’ ဟုဖြစ်သည်။ ဤတွေ့ ဆုံခြင်းအစီအစဉ်၌ပါ၀င်ခဲ့ကြသောသူများအား ရဟန်းမင်းကြီးက မျက်မှောက်ကာလ၏ကြေးမုံပြင်အခြေအနေကိုမိန့် ကြားခဲ့သည်။ ဤအစီအစဉ်ကို အောက် တိုဘာလ (၂၁) မှ (၂၄) ရက်နေ့အထိကျင်းပခဲ့သည်။

ပြောင်းလဲခြင်း

ရဟန်းမင်းကြီးသည် သူ၏ဩ၀ါဒ၌ ဤအဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုအစီအစဉ်သည် ကျန်းမာရေးကိုခြိမ်း ခြောက် သောကပ်ရောဂါဆိုးနှင့်လူမှုရေးအကြပ်အတည်းကြုံနေရချိန်ဖြစ်ကြောင်း၊ ထို့ကြောင့်ဤအခြေအနေကို မိမိတို့နှင့်မဆိုင် သကဲ့သို့ လက်ပိုက်ဘေးထိုင်၍ ကြည့်ကောင်းတိုင်းကြည့်ကာ အသင်းအဖွဲ့နှင့်လည်းကောင်း၊ အခြားသူများနှင့်ဆိုင်သော အမှုများကို လစ်လျူရူနေ၍မရ။ ကျွန်ုပ်တို့သည် ဂျုံမှုန့်ကိုဖောင်းပွလာအောင်လုပ်ဆောင်ရသော တဆေးကဲ့သို့ဖြစ်ရန် ခေါ်ဖိတ်ခြင်းခံရသည်။

ကပ်ရောဂါဆိုးကြီးသည် လူသားများအရာရာကိုလုပ်နိုင်စွမ်းသည်ဟူသော လွဲချော်သည့်အတွေးကိုရိုက်ချိုးပစ်ခဲ့ သည်။ ထို့အတူ နယ်နိမိတ်အကန့် အသတ်ကိုပါဖြတ်သန်းကျော်လွှား၀င်ရောက်လာခဲ့သည်။ မည်သည့်အသိုင်းအ၀ိုင်း၊ ပတ်၀န်းကျင်မျိုးကိုမဆို၀င်ရောက်မွှေနှောက်ခဲ့သည်။ ဤအနေအထား၌ ရဟန်းမင်းကြီးက သဘာ၀ပတ်၀န်းကျင်နှင့် ဆိုင်သောပြောင်းလဲမူကိုမေတ္တာရပ်ခံခဲ့သည်။ သန့်ရှင်းသော၀ိညာဉ်တော်၏ လမ်းပြဦးဆောင်မူကိုကမ်းလင့်ကြိုဆိုရန်၊ ဆင်းရဲနွမ်း ပါးသောသူ၊ အပယ်ခံ၊ စိတ်ပျက်အားလျော့နေကြသူများ၊ မသန့်ရှင်းသောလေများကိုရူရှိုက်နေရခြင်း၊ ခေါင်းပုံ ဖြတ်အနိုင် ကျင့်ခံရသူ၊ အိမ်ရာမီးရှို့ဖျက်ဆီးခံရမူ၊ အကျင့်ပျက်ခြစားသည့်ယဉ်ကျေးမူကြီးထွားအားကောင်းလာခြင်း တို့ ၏ငိုညည်းသံကိုလည်းနားထောင်ရန်၊ ရဟန်းမင်းမင်းကြီးဖရန်စစ်သည် ကက်သ လစ်ဘာသာတူများအား ‘လမ်းပြအမှတ် သကေတ’ သုံးခုကိုပြသထားသည်။

သွားလာစဉ် ဆုံဆည်းသောသူများကိုသတိထားရန်

သွားရင်းလာရင်ဆုံဆည်းရသူများကိုသတိထားပါ။ အချို့သည် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ အထူးသ ဖြင့်လူငယ်များသည် မိမိတို့၏ဇာတိချက်ကြွေမြေကိုမဖြစ်မနေစွန့်ခွာလာရပြီး၊ ရေခြားမြေခြား၌ အလုပ်လက်မဲ့ဖြစ် နေ ခြင်း၊ မတရားအနိုင်ကျင့်အမြတ်ထုတ်ခံနေရခြင်းများလည်းရှိနေသည်။ ကပ်ရောဂါဆိုးကြောင့် အလုပ် လက်မဲ့ဖြစ်နေ သောအမျိုးသမီးများလည်းရှိနေကြသည်။ အချို့မှာမူ မိခင်ဘ၀နှင့်ကျွမ်းကျင်သောအလုပ်တစ်ခုခုကို ဦးစားပေးရွေး ချယ်ရမည့်အခြေအနေမျိုးနှင့်ကြုံနေသောအမျိုးသမီးများ၊ အလုပ်အကိုင်အခွင့်အရေးမဲ့နေသူများ၊ ဆင်းရဲနွမ်းပါးသူများ၊ ရွေ့ပြောင်းသွားသောဒေသရှိ‌ဒေသခံများ၏နွေးထွေးစွာကြိုဆိုခြင်းမခံရသောသူများ၊ သက်ကြီးရွယ်အိုများ၊ စွန့်ပစ်ခံထား ရသူ၊ အထီးကျန်နေသူ၊ အကြွေးနွံထဲနစ်နေသောမိသားစုများ၊ လောင်းကစား၊ အကျင့်ပျက်ခြစားမှု၊ မာဖီးယားတို့၏ကြိုး ကိုင်ခံနေရမှု၊ မီးဘေးဒုက္ခသည်များရှိနေကြသည်။

နေထိုင်မကောင်းသောလူကြီး၊ လူငယ်၊ ကလေးများ၊ မဖွယ်မရာသော အလုပ်များကိုငွေပေးခိုင်းစေခံနေရမှု၊ လုံခြုံမှုမရှိသောအခြေအနေ၌ အလုပ်လုပ်နေရမှုများလည်းရှိသည်။ ဤသို့သောအ ခြေအနေမျိုး၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်မဆိုင်သကဲ့သို့နေထိုင်၍မရ။ ၄င်းတို့သည် ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။ ၄င်းတို့အတွက်လည်း ယေဇူးသခင်ကားတိုင်ပေါ်တွင်အသေခံပြီး၊ ရှင်ပြန်ထမြောက်ခဲ့သည်။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏အလင်းကျေးဇူးတော်ကြောင့် ဒုက္ခပင်လယ်‌ေ၀နေသောသူများအားလုံး၏မျှော်လင့်ချက်များ အမှန်တကယ်ပြည့်စုံလာစေရန်ဆုတောင်းပေးခဲ့သည်။

အစဉ်လှုပ်လှုပ်ရှားရှားရှိပါစေ။

ရဟန်းမင်းကြီး၏ ဒုတိယလမ်းညွှန်မှာ ‘ရပ်နားခြင်းမပြုရန်’ ဖြစ်သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့်၊ သို့မဟုတ်စိန် ခေါ်မှုများကြောင့် အလုပ်မှရပ်နားခြင်း၊ နုတ်ထွက်ခြင်းသည် ဧ၀ံဂေလိတရားကိုဆိတ်သုန်းသွားစေသည်။ ဤအနေအထားနှင့်ဆန့်ကျင့်ဘက်တရားမှာ ဘုရား သခင်၏ချစ်ခြင်းသည် ရပ်တန့်မသွားပေ။ ကျွန်ုပ်တို့အားလည်း ရပ်တန့်မသွား ရန်တွန်းအားပေးပေးသည်။ မျှော်လင့်ခြင်းသည် အစဉ်လှုပ်ရှားလျှက်ရှိသည်။ သင်္ကန်းလဲသည့်ခမ်းမ၌သာအချိန်မဖြုန်းနှင့်။ မိမိနှင့်အကြိုက်တူသော လူတစ်စုတစ်ဖွဲ့များနှင့်မိမိကိုယ်ကိုသီးခြားခွဲမနေရန်၊ ပိတ်မိမနေစေနှင့်။ မကောင်းမှုကို ရှောင်ကွင်းရန်ရည်ရွယ်၍ ခရစ်ယာန်များသည် လမ်းခုလပ်မှနားလိုက်ခြင်းကိုမပြုလုပ်သင့်။ ရင်ဆိုင်၍ ကယ်တင်ခြင်းကို ပေးသောအခြားအခြားသောအခွင့်အလမ်းသစ်ကိုပေးရမည်။ ဥပမာအနေဖြင့် နည်းပညာသစ်၊ စီးပွားရေးလမ်းကြောင်းအသစ် ဖြစ်စေ ပိုကောင်းသောကမ္ဘာနှင့်အရည်အသွေးကောင်းကိုမပေးနိုင်လျှင် တိုးတက်သည်ဟုသတ်မှတ်၍မရ။ ကျွန်ုပ်တို့ သည် တရားမ၀င်သောလုပ်ရပ်များကို ရှုံ့ချရန်နှင့်ဆန့်ကျင်ရန်မကြောက်ပါ။ ထို့အတူအကောင်း
ကိုကြဲရန်လည်းမ ကြောက်ပါ။

အများကောင်းကျိုးအတွက် ဘ၀နေထိုင်မှုကိုပြောင်းလိုက်ပါ။

ရဟန်းမင်းကြီး၏ တတိယလမ်းညွှန်ချက်မှာ မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏လျှောက်လမ်းကိုပြုပြင်နိုင်သည် ဆိုသည်ကိုသိရန်ဖြစ်သည်။ တွေ့ကြုံရသောပြဿနာကိုကိုင်တွယ်ဖြေရှင်းရန် တစ်စုံတစ်ခုပြုလုပ်နိုင်သည်။ အဓိက လိုအပ်ချက်မှာ အမှန်တကယ်ပြောင်းလဲချင်းစိတ်သာဖြစ်သည်။ ထိုပြောင်းလဲချင်စိတ်သည် သဘာ၀ပတ်၀န်းကျင်ကိုသာ အကျိုးရှိစေခြင်းမဟုတ်။ လူသားပတ်၀န်းကျင်စိမ်းလန်းရေးကိုလည်းအကျိုးများစေသည်။ စိတ်နှလုံးသား စိမ်းလန်းစို ပြေရေးဖြစ်သည်။ ပြောင်းလဲတိုးတက်ခြင်း၏ အချိုးအကွေ့သည် ဖြတ်လမ်းနည်းကိုရှာကာ အကာအကွယ်အပြည့်အ၀ရ ထားပြီးသူများကိုဆက်လက်ကာကွယ်ခြင်းမျိုးမဟုတ်ဘဲ ခက်ခဲကောင်းခက်ခဲမည်။ ကြာကောင်းကြာမည်။ သို့သော်ရရှိ လာမည့်အကျိုးသည် သင့်မျိုးဆက်အတွက်သာမဟုတ်။ အနာဂါတ်မျိုးဆက်များထိတိုင်ခံစားခွင့်ကြုံစေမည့် အပြောင်း အလဲကိုလုပ်ဆောင်ရန်စိတ်ပိုင်းရမည်ဖြစ်သည်။ ဤသို့ပြုလုပ်ပါက ကျွန်ုပ်တို့အားလုံးမျှော်လင့်ထားသော ဂြိုလ်ကိုဖန် တီးနိုင်ပေမည်။ ထိုဂြိုလ်သည် တွေ့ဆုံဆွေးနွေးသည့်ယဉ်ကျေးမှုကြီးစိုးပြီး၊ ငြိမ်းချမ်းရေးနေ့သစ်ကိုယူဆောင်လာပေး မည်ဖြစ်သည်။ အလုပ်သည်လည်း လုပ်သူကိုဂုဏ်တက်စေသည်။ ဖန်ဆင်းခြင်း၏ လက်ရာတော်ကိုကာကွယ်ပေးသည်။ ပထ၀ီအနေအထားအရ ‌ေ၀းသော်လည်း ပေါင်းစည်းကြပေမည်။ ဤသို့ဖြစ်ရခြင်းမှာ အများကောင်းကျိုးအတွက် ဝိုင်း ၀န်းစဉ်းစားပေးသောကြောင့်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/30SbSgy

Add new comment

8 + 11 =