‘ကပ်ရောဂါဆိုးကြီးသည် အချင်းချင်းဂရုစိုက်စောင့်ရှောက်တတ်ရန်သင်ကြားပေးသည်’ ဟုပုပ် ဖရန်စစ်မိန့်ကြား

‘ကပ်ရောဂါဆိုးကြီးသည် အချင်းချင်းဂရုစိုက်စောင့်ရှောက်တတ်ရန်သင်ကြားပေးသည်’ ဟုပုပ် ဖရန်စစ်မိန့်ကြား

 

            ရောမ၌အခြေပြုထားသော OSA လူမှုအဖွဲ့အစည်းတစ်ခုသည် ၄င်းတို့၏လှုပ်ရှားမှုများဖြစ်သည့် လိုအပ်သူများ ကိုကူညီခြင်း၊ ပြန်လည်ထူထောင်သည်လုပ်ငန်း၊ ဆေးရုံနှင့်ဆိုင်သော၀န်ဆောင်မှုများ၊ လူမှုရေးကိစ္စများနှင့်ပတ်သက် ၍ အများသိရှိ၍ အကူအညီအမှန်တကယ်လိုအပ်လာပါက အကူအညီ တောင်းခံတတ်ရန်လည်းရည်ရွယ်ပြီး မဂ္ဂဇင်း ထုတ်ဝေခဲ့သည်။ ၄င်းတို့ကူညီခဲ့သောသူတို့၏ သနားစရာ၊ စိတ်မကောင်းစရာ၊ ပျော်ရွှင်စရာများအကြောင်းကိုထည့် သွင်းဖော်ပြထာသည်။ ဤမဂ္ဂဇင်၌ ရဟန်းမင်းကြီးဖရန်စစ်လည်းအောက်ပါစာကိုရေးသားခဲ့သည်။ ထိုစာထဲ၌ ရဟန်း မင်းကြီး မှ ‘အချင်းချင်းစောင့်ရှောက်တတ်တတ်သည့် ယဉ်ကျေးမှုကိုတိုးမြင့်လုပ်ဆောင်ကြရန် အားပေးတိုက်တွန်း ထားသည်။     

 

သိမ်မွေ့ခြင်း

 

            ‘သိမ်မွေ့ခြင်း’ လိုအပ်သည့်အကြောင်းကို မီးမောင်းထိုးပြထားသည်။ သိမ်မွေ့ခြင်းဟုဆိုရာ၌ အနေနီးကပ်နေ ခြင်းကိုဆိုရုံသာမဟုတ်ကြောင်း၊ လူတို့၏ဘ၀ထဲသို့ ထိရောက်စွာရောက်ရှိရန်လိုသည်။ ဝေမျှခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခြင်းသည် သိမ်မွေ့ခြင်းဖြစ်သည်မှာသဘောပေါက်ပြီးဖြစ်ပါသည်။ ကပ်ရော ဂါကာလရှည်ကြီးအတောအတွင်း ကျွန်ုပ်တို့ရလိုက်သောအသိမှာ ကျွန်ုပ်တို့ အချင်းချင်း နီးနီးကပ် ကပ်ရှိရန်ဖြစ်သည်။   

 

ကလေးနှင့်သက်ကြီးရွယ်အိုများကို အာရုံထားခြင်း

 

            ရဟန်းမင်းကြီးသည် ခါတိုင်းကဲ့သို့ပင် သူပြောနေသောအကြောင်းအရာများကို ကလေးများနှင့် သက်ကြီးရွယ် ဘက်ဆီသို့ယိမ်းသွားကာ လူမှုအသိုင်းအ၀ိုင်း၌ ဖယ်ကျင် ခံထားရ သောလူ တန်းစားများဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်လူမှု၀န်းကျင်သည် လုပ်နိုင်ကိုင်နိုင်မှသာတန်ဖိုးရှိသည်ဟု စံထားသတ်မှတ်သောအသိုင်း အ၀ိုင်းဖြစ်နေကြောင်း၊ ကလေးများ၊ သက်ကြီးရွယ်အိုများ၏အသက်တာသည် အသုံးမ၀င်သကဲ့သို့သတ်မှတ်ကြသည်။ ထို့ကြောင့် ကလေးနှင့်သက်ကြီးရွယ်အိုတို့၏ ကွာဟနေမှုကို ကြားပေါင်းကူးပေးမည့် ယဉ်ကျေးမူတစ်ခုလိုအပ်ပါကြောင်း  အဘယ်သို့ပေါင်းကူးပေးမည်နည်းဆိုသည်မှာ လူသားထု အတွက်စဉ်းစားစရာမေးခွန်းတစ်ခုဖြစ်နေပါသည်ဟုဆိုသည်။  

 

            အပယ်ခံ၊ အမေ့ခံလူသားများအား ဂရုစိုက်သည့်အလေ့အထသို့ပြန်လှည့်သွားမှသာလျှင် အမှန်တကယ်လို အပ်ချက်ကိုလုပ်ဆောင်နိုင်မည်။ မျိုးတစ်ခုနှင့်တစ်ခုကား ကွာဟမှု၊ ပဋိပက္ခများမရှိအောင်လုပ်ဆောင်နိုင်မှရမည်။  သို့မှသာ ကျွန်ုပ်တို့သည် အတူတကွရှိနေနိုင်မည်။ ဤသို့ဖြင့် လူငယ်မျိုးဆက်နှင့်သက်ကြီးရွယ်အိုမျိုးဆက်တို့ အတူတကွရှိနေခြင်းသည် လူမူအသိုင်း အ၀ိုင်းအား အရည်အသွေးသစ်တစ်ခုကိုခံစားစေနိုင်ပါသည်။   

 

ကြည်ရူခြင်း၊ နားထောင်ခြင်းနှင့်ဂရုစိုက်ခြင်း၊

 

            OSA အဖွဲ့သည် အိမ်တိုင်ရာအရောက်ကူညီပေးသည်။ အမှန်ဆိုသော် ‘အိမ်’ သည်နားခိုရန်နေ ရာတစ် ခုမျှသာ မဟုတ်ပေ။ လူမှုဆက်ဆံရေးကူးလူးဖလှယ်ရာနေရာဖြစ်ပြီး၊ ထိုတရားနည်းလမ်း ကျသော လူမှုဆက်ဆံရေးမှ အခက် အခဲ၊ စိန်ခေါ်ချက်များကိုကျော် ဖြတ်နိုင်ရန်ခွန် အားများကိုမွေးဖွား ပေးသည့်နေရာဖြစ်သည်။ ဤသို့ဆိုခြင်းတွင် ကျန်း မာရေး၀န်ဆောင်မှုများသည် အသုံးမတည့်။ အကျိုးမရှိဟုမဆိုလိုပါ။ ကျန်းမာရေးကုထုံးများသည် စိတ်ဓာတ်ရေးရာ ကုထုံးများပြီး နောက်အားကိုး ရမည့်နေရာဖြစ်သည်။ ရဟန်းမင်းကြီးသည် OSA အဖွဲ့၏လုပ်ဆောင်မှုကိုချီးကျူးထား သည်။ အဘယ် ကြောင့်ဆိုသော် အကူအညီလိုအပ်သူများ၏နာကျင်မှုနှင့်ရောဂါများကိုသိရသည်။ အကူအညီပေးမည့် သူများကိုလှိုက်လှဲနွေးထွေးစွာစောင့်ကြိုနေသည်။ ‌ေ၀ဒနာကြား၌ လူသားပိုမိုဆန်လာသည်။ ဝေဒနာကြောင့် လူသည်ပို၍အထိကျန်းခံစားလာရသောအခါ အဖော်လိုအပ်သည်ကိုပိုမိုသိရှိလာသည်။ ရဟန်းမင်းကြီးကိုယ်တိုင်သည် လည်း များမကြာမီလများက ဆေးရုံတက်၍အူမ ခွဲစိတ်မှုကိုပြုလုပ်ခဲ့ ရသောအတွေ့အကြုံမှ ကျန်းမာရေး၀န်ထမ်းများ အား လူမမာများအား၀န်ဆောင် မှုပေးရာ၌ လိုက်နာအပ်သော အလွန်ရိုးရှင်းသည့် မှတ်သားဖွယ်ရာအချို့ကိုပြောပြ ထားသည်။ လူနာများကိုမျက်စိဖြင့်ကြည့်ပါ။ မိမိနှင့်မဆိုင်သကဲ့သို့မနေဘဲ ၄င်းတို့ခံစားနေရသော ပြင်း ထန်သည့်ဝေဒ နာကိုဆင်ခြင်ပါ။ သူတို့ပြောသည်ကိုသေချာစွာနားစွင့်ထောင်ပါ။ သို့မှသာ ၄င်းတို့သည် ကျန်းမာရေး၀န်ထမ်းများအား ယုံကြည်စွာဖြင့် ၄င်းတို့ခံစားနေရသောဝေဒနာ၊ အခက်အခဲများကို ဖွင့်ပြောလာမည်ဖြစ်သည်။ ဂရုစိုက်သည်ဆိုရာ၌ ၄င်းတို့၏လိုအပ်ချက်ကိုကူညီပေးခြင်း၊ ထောက်ပံ့ပေးခြင်းနှင့်ကျွမ်းကျင်သော၀န်ဆောင်မှုပေးခြင်းကိုဆိုလိုသည်။ ဤ ၀န်ဆောင်မှုမျိုးကိုပေးလျှင် မည်သည့်အခါမျှအကြမ်းဖက်မည်မဟုတ်။ စက်တပ်ယာဉ်ကဲ့သို့သာ မည်သည့်ခံစားချက် မျှမပြဘဲလုပ်ဆောင်မည်မဟုတ်ပေ။         

 

ယေဇူးသခင်၏ လေးလံလှသောလက်၀ါးကပ်တိုင်ကိုကူထမ်းပေးခဲ့သည့် စိုင်ရင်း မြို့မှ ဆီမွန်ကဲ့သို့ သောသူ လိုအပ် သည်။

 

            ရဟန်းမင်းကြီးအား နောက်ဆုံးမေးမြန်းခဲ့သောမေးခွန်းကား နာကျင်မှု နှင့်သေခြင်း အကြောင်း ဖြစ်သည်။ ယေဇူးသခင်၏အမည်နာမကိုမခေါ်တသော်လည်း ယေဇူးသခင်ကိုလစ်လျူရူ၍မရပေ။ လက်တွေ့မကျဘဲ စကားသာပြော နေခြင်းသည် ဝေဒနာကိုပိုပြင်းထန်စေသည်။ ထွက်ပြေးရန်ကြိုးစား ခြင်းထက် ဝေဒနာပြင်းထန်စွာခံစားနေရချိန်၌ အနီးအနားတွင်ရှိပါ။ အထူးသဖြင့် မည်သည့် အပြစ်မျှမပြု တတ်သေးသည့် ပြင်းထန်သောဝေဒနာခံစားနေရသော ကလေးများအား စောင့်ရှောက် ကုသပေး သင့်သည်။ မိမိတို့ဖာသာသီးသီးသန့်သန့်နေသည့်အကျင့်ကိုဖျက်ရမည်။ အဘယ်ကြောင့်ဆိုသော် ဝေဒနာပိုမိုခံစားရလေ ယေဇူးသခင်၏လေးလံသောလက်၀ါးကပ်တိုင်ကိုကူထမ်းပေးခဲ့သော စိုင်းရင်းမြို့မှဆီမွန်လိုလူစားမျိုးကိုလိုအပ်သည်။

 

ကျွန်ုပ်တို့၏ဝေဒနာပေါ့ပါးသွားအောင်ကူထမ်းပေးမည့်သူလိုအပ် သည်။

 

            ဘုရားသခင်သည် ကျွန်ုပ်တို့၏အသက်တာ၌ သူရှိနေကြောင်းကိုပြသရန် အမြဲနည်း ကောင်း လမ်းစရှာဖွေ တတ်သည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်‌ ဝေး လံလှ သည်ဟု ခံစားရချိန်၌ဖြစ်စေ၊ စွန့်ပစ်ခံရသည် ဟုခံစားရချိန်၌ဖြစ်စေ ကျွန်ုပ်တို့နှင့် အတူရှိနေ ကြောင်းကို ပြသလေ့ရှိသည်။ ဤအချက်သည် ကျွန်ုပ်တို့၏အားဖြစ်သည်။ ကျွန်ုပ်တို့မသိနားမလည်သော်လည်း ပါစကားအသက်တာသည် ဒုက္ခကြား၌အသက်၀င်လှုပ်ရှားလျှက်ရှိသည်။ အချိန်ကာလကြာ လာမှသာ လျှင် အမှောင်ထုကြား၌ဘုရားသခင်ရှိကြောင်းကိုသိရှိလာမည်ဖြစ်သည်။ ဤသို့နားလည် လာသည့် အထိရှေ့ဆက်သွားရန်မှာ အချင်းချင်းဂရုစိုက် စောင့်ရှောက်ခြင်းဖြစ်သည်။ သင်တို့လုပ် ဆောင်နေမှုများ အ တွက်ကျေးဇူးတင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘ၀၏အမှောင်ထုကို တစ်ကိုယ် တည်းဖြတ်သန်း ရှင်သန်နေကြသော လူပေါင်းများစွာကို အထီးမကျန်စေရန်၊ စိတ်ဓာတ်မကျစေရန်၊ ၄င်းတို့တစ်ဦးတည်း အသက်ရှင် ကျန်မနေချင်တော့သည့် သူများအား ရဲဝံ့စွာရင်ဆိုင်ရန်ကူညီနိုင်ခဲ့ကြသည်ဟု အရှင်သူမြတ်က မိန့်ကြား၍ အဆုံးသတ်လိုက်သည်။        

 

 RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DId1oH

 

 

Add new comment

20 + 0 =