ရိုးသားစွာ အစေခံခြင်းသည် ကြွားဝါခြင်း၊ ဂုဏ်ဖော်ခြင်းကိုခြေဖျက်နိုင်

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်း
ရိုးသားစွာ အစေခံခြင်းသည် ကြွားဝါခြင်း၊ ဂုဏ်ဖော်ခြင်းကိုခြေဖျက်နိုင်
အောက်တိုဘာ ၂၁၊ ၂၀၁၈

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ကြွရောက်လာသော လူထုပရိသတ်​ကို တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး အစေခံခြင်းအနစ်နာခံခြင်း၌သာ စစ်မှန်သော ခေါင်ဆောင်စိတ်ဓါတ်ရှိကြောင်း ဟောကြားခဲ့ပါသည်။
သမ္မာကျမ်းစာမှာ ယာကုပ် နဲ့ ယောဟန် လောကအထင်အမြင်၊ ရာထူးဂုဏ်ထူးတပ်မက်စိတ်တွေနဲ့ ရော​ထွေးနေတဲ့ ညီကိုနှစ်ယောက် သခင်ခရစ်တော်ရဲ့ နိုင်ငံတော်မှာ လက်ယာဖက်တယောက်လက်ဝဲဖက်တယောက် ထိုင်ခွင့်ရဖို့တောင်းခဲ့တဲ့အခြေအနေမှာ မင်းတို့တောင်းတာ မင်းတို့မသိကြဘူး ဟုပြောဆို ဆုံးမပြီး သခင်ခရစ်တော်က
သူနောက်လိုက်တွေကို လောကစိတ်ထားကနေ၊ ဘုရားစိတ်ထား ကို ပြောင်းလဲ​စေဖို့ သွန်သင်ပေးခဲ့တယ်။
ငါသောက်မယ့်​ခွက် (ငါခံယူမယ့် ​ဒုက္ခ) ငါခံယူမယ့်​ ဆေးကြေားခြင်း (ပြည့်ဝသော နှိမ်ချခြင်း) တို့ကို မင်းတို့ လက်ခံနိုင်မလား။ သူရဲ့နောက်လိုက်မည့်သူတိုင်း ဒုက္ခအခက်အခဲနဲ့ကြုံတွေရမယ်၊ ဂုဏ်ပကာသနတွေနဲ့ ချီးမြှင့်ခံရမယ့် ​ဘဝကိုခေါ်တာမဟုတ်ဘူး၊ ဒုက္ခခံရမည့်ဘဝကိုခေါ်တာ။ ပေးဆပ်အနစ်နာခံခြင်းမှာ ချစ်ခြင်းမေတ္တာကို သင်ယူကြဖို့ခေါ်တာ။ လောကဂုဏ်ပကာသန ရရှိဖို့ခေါ်တာမဟုတ်ဘူး။ သူတစ်​ပါးကို စွန့်လွတ်အနစ်နာခံပေးမှု၌သာ ကောင်းကင်နိုင်ငံရဲ့ကြီးမြတ်မှုကိုရမယ်။ ဘုရားရွေးတဲ့ ဂုဏ်ပကာသန ပလ္လင်က လက်ဝါကားတိုင်ဖြစ်တဲ့ အသက်ပေးစွန့်လွတ်အနစ်နာခံခြင်း။ လောကပါဝါအာဏာ တွေအတွက်ခေါ်ထားတာမဟုတ်ဘူး။
ခရစ်ယာန်တယောက်ဘဝအသက်တာက ကိုယ့်ကိုကိုယ် ဂုဏ်ဖော်ဖို့၊ နာမည်ကြီးဖို့ခေါ်ထားတာမဟုတ်ဘူး အဲ့ဒီ အကျင့်စရိုက်တွေကို နေ့တိုင်းပယ်ဖျက်ပြောင်းလဲ​နေဖို့၊ သူတပါးကို နှိမ်​ချစိတ်နဲ့အစေခံဖို့​ခေါ်တာ။ နှိမ့်ချတဲ့စိတ်နဲ့နဲ့အစေခံတဲ့သူတွေက သူနေရာရဖို့၊ လူအထင်းကြီးနေရပေးခံရဖို့ဘယ်တော့မှ မရှာဖွေကြသလို၊ အဲ့ဒီနှိမ့်ချတဲ့စိတ်ကပဲ သူဘဝကိုပြည့်ဝနေစေတယ်။
စစ်မှန်သော ခရစ်ယာန်များအဖြစ် နှိမ့်ချခြင်းနှင့်အစေခံကြပါ။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-angelus-service-glory.html

#sunday, #angelus, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

15 + 1 =