(၅၇) ကြိမ်မြောက်ခေါ်တော်မူခြင်းအတွက်ဆုတောင်းရာနေ့

(၅၇) ကြိမ်မြောက်ခေါ်တော်မူခြင်းအတွက်ဆုတောင်းရာနေ့

(၅၇) ကြိမ်မြောက်ခေါ်တော်မူခြင်းအတွက်ဆုတောင်းရာနေ့

 

(၅၇) ကြိမ်မြောက်ခေါ်တော်မူခြင်းအတွက်ကမ္ဘာတစ်ဝှမ်း၌ဆုတောင်းပေးရမည့်နေ့ကိုလာမည့်မေလ (၃) ရက်နေ့တွင်ကျင်းပရန်ရှိပါသည်။ ထိုသမိုင်း၀င်နေ့အတွက် သဝဏ်လွှာရေးသားပေးပို့ရာတွင် ရဟန်း မင်းကြီးက ယခင် နှစ်၄င်း ရေးသားခဲ့သောစာတစ်စောင်ကိုပြန်လည်အမှတ် ရလာမိသည်။ ထိုစာ စောင် တွင်အခရာ ကျလှ သော စကား ၄ ခွန်းကိုရွေးချယ်ထားသည်။ ထိုစကားလုံးများမှာ နာကျင်ခြင်း၊ ကျေးဇူး တင်ခြင်း၊ အားပေးအားမြောက်ပြုခြင်းနှင့်ချီးကျူးစကားဆိုခြင်းတို့ဖြစ်သည်။

ထိုစကား ၄ လုံးကိုရွေးချယ်ရခြင်းမှာရဟန်းများနှင့်၄င်းတို့၏အမူတော်များ အား၊ အားသစ်လောင်း ပေးခြင်း ဖြစ်သည်။ ယနေ့လည်းထိုတူညီသော စကားလုံးများကိုပြန်လည် ကိုးကား၍ ကမ္ဘာတစ်ဝှမ်းမှဘု ရား သခင်၏ လူမျိုး တို့အားမိန့်ကြားသည်။ ထိုစကားလုံးများနှင့်အတူရှင်မာတေဦးဧ၀ဂေလိကျမ်း (၁၄:၂၂-၃၃) လာ မုန်တိုင်း ထန်စဉ် ယေဇူး သခင်နှင့်ပေတရုတို့၏မမေ့နိုင်စရာအတွေ့အကြုံအ ကြောင်း ကိုရဟန်း မင်း ကြီးသည်ကိုးကား ခဲ့သည်။ ယေဇူးသခင်သည်မုန့်များအားတိုးပွားစေပြီးနောက် ၊ တ ပည့်တော် ကြီး တို့အား လှေပေါ်သို့ တက်ကြရန် မိန့်ကြားပြီး၊ ယေဇူးမပါဘဲလျှက်ကမ်းတစ်ဖက်သို့ ကူး စေ ၏။ တပည့် တော် ကြီးတို့၏ ကမ်းတစ်ဘက်သို့ ကူးခတ်ခြင်းသည် ကျွန်ုပ်တို့၏ဘ၀ လျှောက်လှမ်း နှင့် တူ ပါသည်။ ဘ၀ လှေငယ်သည်တဖြေးဖြေးနှင့် ရေနက်ရာသို့ ရောက်ရှိ သွားသည်။ ထိုအခါဆိုက် ကပ် ကျောက် ချနိုင် မည့် လုံ ခြုံစိတ်ချသော ကောင်းကင်နိုင်ငံတော်ကိုမရပ် မနားရှာ ဖွေကြသည်။ ထိုသို့ရှာနေ စဉ်တွင် ဘေး အန္တရာယ်ရောပြွမ်းနေမည်။

 

သို့သော်ရေကြောင်းနှင့်လှေလှော်ကျွမ်းကျင်သောပဲ့ကိုင်ရှင်သည် နောက်၌ ကျွန်ုပ်တို့၏ ပန်းတိုင်သို့ အရောက် ပို့ ဆောင်ပေးမည်။ မကြာခဏလှေသည် ရေလမ်းချော်ထွက်သွားတတ်ပြီး၊ လမ်း ကြောင်း မှောက်မှား ထွေပြားသွား နိုင် သည်။ ထိုအခါမီးပြတိုက်ဆီသို့မရောက်တော့ပေ။ ထိုအခါ ဘ၀အခက် အ ခဲ များ၊ ပြင်းထန်သောရိုတ်ခတ်မှုများ၊ သံသယများ၊ ကြောက်ရွံ့စိတ်များကြောင့်ရှေ့မတိုးသာ၊ နောက်မ ဆုတ် သာဘဲတစ်ဝဲလည်လည် ဖြစ်နေတတ်သည်။ နာဇရက်မြို့မှဆရာသခင်နောက်လိုက်မည်ဆိုလျှင် တူ ညီ သောအဖြစ်အပျက်များကြုံရမည်။ မိမိတို့၏အလိုကို ငြင်းဆန်၍သခင့်တ ပည့် ဖြစ်ရမည်။ ကန့်လန့် ဖြတ်အခြေအနေဖြစ်သော မိမိ၏အလိုထက် ဘုရား၏ အလိုကို ခံထမ်းကျော်ဖြတ်နိုင်ရမည်။ ဤစိန်ခေါ်မှု ပြည့်နက်နေသောအ ခြေအနေ၌ ကျွန်ုပ်တို့သည် တစ်ဦးတည်းရုန်းကန်ရ မည်မဟုတ် ကြောင်းကို လည်း ဧ၀ဂေလိကျမ်းကဖော်ပြထားသည်။

 

ကျေးဇူးသိတတ်ခြင်း ကျေးဇူးတင် တတ်ခြင်းသည် ခေါ် တော် မူ ခြင်း ၏ပထမဦးဆုံးစကား လုံးဖြစ်သည်။ ဘ၀၌ တစ်ဦးတည်းသီး သန့်နေခြင်း သည် ဘ၀၏ပြည်စုံ အဆင် ပြေမူထက်ပိုသည်။ အဘယ်ကြောင့်ဆိုသော်တစ်ဦးတည်းနေထိုင်ခြင်းသည်အထက်အရပ် (ဘုရား) ၏ ခေါ်သံကိုပြန်လည်ထူးလိုက်ခြင်း ဖြစ် သည်။ ယေဇူး သခင်သည် လှေပေါ် တက်၍ ယခုရှိနေ သော နေရာ ၏ဆန့်ကျင့်ဘက်လားရာဆီသို့သွားရန်လမ်း ညွှန်ပေးသည်။ သတ်တိကို လည်းပေး သည်။

 

အတူတကွဖေးကူလျှောက်လှမ်းသည်။ လမ်းညွှန်ပြသပေးသည်။ စမ်းတဝါးဝါး ဖြစ်မည့်အခြေ အနေမှ လည်း ကာကွယ်ပေးသည်။ ၄င်းအပြင်မာန်ဖီဟိန်း ဟောက်နေသောလှိုင်း တံပိုးကြား၌လည်း ဘေးမခ လမ်းလျှောက်နိုင်စေသည်။ ခရစ်ယာန်ခေါ်တော်မူခြင်းအားလုံးသည် ဘုရားသခင် ကိုချစ်သော စိတ်မှ ပေါက်ဖွားလာသည်။ ကျွန်ုပ်တို့ ၏နှလုံးသားကိုကျေးဇူးတင်ခြင်း ဖြင့်ဖွင့်လှစ် ထားမည် ဆိုလျှင် ကျွန်ုပ်တို့၏ခေါ်တော်မူခြင်းကိုရှာဖွေတွေ့ရှိမည်ဖြစ်ပြီး၊ ထိုခေါ် တော်မူခြင်း ကိုလည်း မြတ်နိုး ပွေ့ပိုက် ပေ မည်။ ဘုရားသခင်ထံရောက်ရှိနိုင်သော လမ်းကိုလည်းရရှိပိုင်ဆိုင်နိုင်မည်။

 

အားပေးတတ်ခြင်း

တပည့်တော်ကြီးများသည် ယေဇူးသခင်စျာန်ကြွ၍ရေ ပေါ်လမ်းလျှောက်ကာ သူတို့ဆီသို့ဦးတည်လာ နေ သည်ကိုမြင်တွေ့လိုက်ရသောအခါမကောင်းဆိုးဝါးဟုမှတ်ထင်၍ကြောက်စိတ်ပိုနေခဲ့ကြသည်။ မ ကြောက် ကြနှင့်။ ငါပင်ဖြစ်သည်ဟုနှုတ်ဆက်စကားမိန့်ကြားလိုက် ၏။

(ရှင်မာတေဦး ၁၄း၂၇) ကျမ်းပိုင်၏ ဒုတိယစကားလုံးဖြစ် သောအားပေးနှစ် သိမ့်ခြင်းအကြောင်းကို ဆက် လက်ထောက်ရှုလိုပါသည်။ မ ကောင်းဆိုးဝါးအချို့ ကျွန်ုပ်တို့အား စိတ်အနှောက် အယှက် ပေးတတ် သည်။ ထိုစိတ်သည်ကျွန်ုပ်တို့၏လမ်းခရီးကိုလည်းကျန့်ကြာစေသည်။ လုံခြုံသောကမ်းဆီသို့ ကပ်ရန်ဖိတ် ခေါ်ခံရ သောအခါ လောကဓံကိုလက်ခံရမည်။ ဥပမာအားဖြင့် လက်ထပ်ထိမ်းမြှားခြင်း၊ ရဟန်းဘ၀၊ သုံး ပါး သစွာရှင်ဘ၀တို့ကဲ့သို့ဖြစ်သည်။ ဤခေါ်တော်မူခြင်းဘ၀ကို လျှောက်လှမ်းရန်ပထမဦး ဆုံးတုန့် ပြန် လာ မည်သူမှာဟုတ်မဟုတ်၊ သေချာ၏၊ မသေချာ ၏ဆိုသည့်သံသယစိတ်ဖြစ်သည်။ ဤခေါ်တော် မူခြင်း ဘ၀သည်ကျွန်ုပ်အတွက်မဟုတ်။ မဖြစ်နိုင်။ ဘုရားသခင်သည်ကျွန်ုပ်အားအမှန်တကယ် ခေါ် သည် ဟုဆို ရာ၌အမှန် တကယ် လောဟု မေးခွန်းများစွာထုတ်တတ်သည်။

 

ဘ၀တစ်ခုကိုရွေး ချယ်ရှင်သန်လျှောက် လှမ်းရာ၌အခြေခံလိုအပ်ချက်မှာ သတ္တိဖြစ်သည်ကိုယေဇူး သ ခင်သည်ကောင်းစွာသိသည်။ ကျွန်ုပ်တို့သံသယ ၀င်တတ်သည်ကိုလည်းသိသည်။ ထိုအ ခြေအနေမျိုး၌ မ ကြောက်နှင့်။ ငါပင်ဖြစ် ၏ဟုယေဇူးသခင်သည်ချက်ချင်းမြွတ်ကြား၍ အားတက်စေလာသည်။ ကြောက် စိတ် ကို ဖြေဖျောက်ပေးလိုက်သည်။ သူရှိနေသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံကြွ လာ၍တွေ့ ဆုံ မည့် အကြောင်း၊ သူသည်လေပြင်းမုန်တိုင်း တိုက်ခတ်သည့် အချိန်မျိုး၌ပင်လျှင် ကျွန်ုပ်တို့ဖက်၌ အစဉ် ရပ် တည် နေသည်ကိုလည်းကောင်းသိကြသည်။ ထို့ ကြောင့်ကျွန်ုပ်တို့၏ အတွင်းစိတ် အားငယ်မူကို ဖယ်ရှား ပေး သည်။ သို့ဖြင့်ခေါ်တော်မူခြင်းလမ်းစဉ်၌လျှောက်လှမ်းခြင်းသည်လုံခြုံမူရှိကြောင်းကိုသိ လာ ရ သည်။ ပင် ပန်းနွမ်းနှယ်ခြင်း မဖွံဖြိုးသေးသောနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများသို့သာ သနာပြုရန်သွား ရောက် ခြင်း သည် ပင်ပန်းနွမ်းနယ်ရသည်။ ယမန်နှစ် ၄င်း၏စာစောင်ထဲ၌ နာကြင်သည်ဟုသုံးနှုန်းခဲ့ရာ၊ ယခုနှစ် ၌ထို စကား လုံးအစားပင် ပန်းနွမ်း နယ် ခြင်းဟုပြောင်းလဲသုံးစွဲထားသည်။ ခေါ်တော် မူခြင်း တိုင်းကို တုန့်ပြန်ရာ တွင် တာ၀န်သိမှု တာ၀န်ခံ မူများ ပါရှိရသည်။

 

ဘုရားသခင်၏ခေါ်တော်မူခြင်းသည်ကျွန်ုပ်တို့အားဧ၀ဂေလိကိုကြေငြာအစေခံရန်ဖြစ်သည်။ စိန့်ပေ တရု ကဲ့သို့ကျွန်ုပ်တို့၏စိတ်အားထက်သန်မူသည်လက်တွေ့၌အမှန်တကယ် မဖော်ဆောင် နိုင်ရှုံး နိမ့် ခြင်း၊ ကြောက်ရွံ့စိတ်များ၀င်ရောက်လာတတ်သည်။ ထိုကြောက်ရွံ့စိတ်၊ ပင်ပန်းနွမ်း နယ်စိတ် များ သည် ကျွန်ုပ်တို့အားလှိုင်းတံပိုးများကြားနစ်မွန်းရန်အကြောင်းဖန်လာလျှင် ယေဇူးသခင်သည် သူ၏လက်ကို ကျွန်ုပ် တို့ထံဆန့်ထုတ်ပေးလာမည်။ ကျွန်ုပ်တို့အားစိတ်အားထက်သန်မူကိုပြန်လည်ရရှိစေလာပြီး၊ သူ၏ နောက် လိုက်ဘ၀ကိုပျော် ရွှင်စွာ၊ မမောမပန်းနိုင်ရှေ့ဆက်လျှောက်ရမည်ဖြစ်သည်။ နောက်ဆုံး၌ ယေဇူး သခင်လှေပေါ်သို့ကြွရောက်လာသည်နှင့်မာန်ဖီနေသောလှိုင်းလုံးများ၊ ရေများ သည်ငြိမ်ကျသွားခဲ့သည်။ ဤနေရာ၌ အလွန်လှပသောပုံရိပ်ကိုမြင်တွေ့ရပါသည်။ ထိုပုံရိပ်ကားကျွန်ုပ်တို့၏ ဘဝ ပြဿနာ အဘယ် မျှကြီးမားပြင်းထန်သည်ဖြစ်စေဘုရားသခင်အဘယ်သို့၀င်ရောက်ဖြေရှင်းပေးနိုင်သည်ကိုတွေ့ရသည်။

 

ယေဇူးသခင်သည်လေများကိုငြိမ်စေသည်။ ဤသို့ဖြင့်မကောင်းမူ၊ မကောင်းမူကိုကြောက်သော စိတ်၊ တွန့်ဆုတ်သောစိတ်များကိုအလွယ်တကူအောင်မြင်ကျော်လွှားသွားနိုင်သည်။ ယေဇူးသခင်အား ကျွန်ုပ် တို့ ၏ တစ်ဦးတည်းသောသခင်အဖြစ်အသိအမှတ်ပြုမည်ဆိုပါက ယေဇူး သခင်သည် မည်သည့် အခြေ နေမျိုး ၌ ဖြစ်ပါစေ ကျွန်ုပ်တို့ ဖက်၌အစဉ်ရပ်တည်နေသည်။ သူ၏လက်ကို ချက်ချင်းဆန့် တန်းပေး ၍ ကျွန်ုပ် တို့အားကယ်တင်မည်။ ခေါ်တော်မူခြင်းကိုမြှင့်တင်ကြပါ။

 

ရဟန်းမင်းကြီးကသူ၏ (၅၇) ကြိမ် မြောက် ကမ္ဘာ့ခေါ်တော်မူခြင်းနေ့အတွက်ဆုတောင်းရာနေ့၏သဝဏ်လွှာ နိဂုံး၌ သာသနာ တော်ကြီး အား သိုး ထိန်း အမှုတော်ကိုထမ်းဆောင်ရင်းခေါ်တော်မူခြင်းကိုအမြှင့်ဟောကြားကြရန်၊ အထူး သဖြင့် ထိုနေ့၌ ခေါ်တော် မူခြင်းအကြောင်း ကိုဟောပြောရန်တိုက်တွန်းနိုးဆော်ခဲ့သည်။ သာသနာ တော်ကြီး၏ လုပ် ဆောင်မူများသည်ဘာသာတူသိုးများ၏စိတ်ကိုထိတွေ့သွားပြီး၊ ဘုရားသခင်သည်အဘယ်သို့နည်းလမ်း (ဘ ၀လျှောက်လမ်း) ဖြင့်သူ့အားဆက်ကပ်ရင်းကျေးဇူးပြန်ဆပ်စေလိုသည်၊ အသင့်ရှိပါသည် ဟုဖြေ ကြား ပြီး ဆက် ကပ်လျှောက်လှမ်းရာ၌လိုအပ်သောသတ္တိကိုလည်းတွေ့ရှိနိုင်ရန်၊ ယေဇူးသခင် အပေါ် ထားရှိ သော ယုံကြည်ခြင်းဖြင့်ပင်ပန်းနွမ်းနှယ်မူအားလုံးကို အောင်မြင်ကျော်လွှာနိုင်ရန်၊ ဤသို့ဖြင့် သူတို့ ၏ ခေါ် တော်မူခြင်းဘ၀သည်၄င်းတို့ညီအစ်ကိုမောင်နှမများကိုယ်စားဘုရားသခင်အားအားရရွင်လန်း၀မ်းမြောက် စွာချီး မွှမ်းတေးဆိုသောဘ၀ဖြစ်ပေမည်ဟုမြွတ်ကြားထားပါသည်။

 

ဖာသာရ်ကလဲမင့်အားတယ် (ဘာသာပြန်)

 

#WorldDayofVocation

#PopeMesssages

#PrayerDayForVocation

 

https://bit.ly/2X35jnG

 

Add new comment

12 + 6 =