၅၆ ကြိမ်မြောက် ခေါ်တော်မူခြင်းနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဦးပဥ္ဇင်​း ၁၉ ပါးအား ရဟန်းသိက္ခာ တင်မြောက်

၅၆ ကြိမ်မြောက် ခေါ်တော်မူခြင်းနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဦးပဥ္ဇင်​း ၁၉ ပါးအား ရဟန်းသိက္ခာ တင်မြောက်

၅၆ ကြိမ်မြောက် ခေါ်တော်မူခြင်းနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဦးပဥ္ဇင်​း ၁၉ ပါးအား ရဟန်းသိက္ခာ တင်မြောက်
မေလ ၁၂၊ ၂၀၁၉

၂၀၁၉ မေလ ၁၂ ရက် တနင်္ဂနွေနေ့ ၅၆ ကြိမ်မြောက် ခေါ်တော်မူခြင်းနေ၊့ ကောင်းသော သိုးထိမ်း တနင်္ဂနွေနေ့ က ရောမမြို့စိန့်ပီတာ ဘာစီလီကာ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အီတလီ၊ ဂျပန်၊ ဟေတီ၊ ပီရူး နှင့် ဇာဘရစ် နိုင်ငံတို့မှ ကားတိုင်တော်၏ သားများ အသင်းဂိုဏ်းဝင် ဦးပဥ္ဇင်​း ၈ပါး၊ သခင်ခရစ်တော်၏ နောက်လိုက် မိသားစုဝင် အသင်းဂိုဏ်းမှ တစ်ပါး၊ ရောမမြို့ရဟန်းဖြစ်တက္ကသိုလ်မှ ၂ပါး၊ neo-catechumenal လမ်းစဉ် လိုက်သော ဦးပဥ္ဇင်​း ၈ပါး စုစုပေါင်း ဦးပဥ္ဇင်​း ၁၉ ပါးအား ရဟန်းသိက္ခာ တင်မြောက်ပေးခဲ့ပါသည်။

♥ ကောင်းသော သိုးထိမ်း
ကာင်းသော သိုးထိမ်း ၏ စိတ်နေစိတ်ထားပုံဥပမာကို အတုယူပြီး ပြောက်သောသိုးများကို ရှာဖွေကြဖို့၊ သူတပါး၏ အစေခံခြင်းကိုရှာဖွေရန်မဟုတ် သူတပါးကို အစေခံကြဖို့၊ သင်တို့သည် သခင်ခရစ်နော်၏ လုပ်ငန်းစဉ်၌ပါဝင်ကြသူများဖြစ်ကြောင်း စီးပွားရေးလုပ်သော အဖွဲ့ဝင်များမဟုတ်၊ ထုံတန်းအစဉ်အလာထည်းသွတ်သွင်ခံရခြင်းမဟုတ် ခြင်းတို့ကို သိရှိရမည် ဟု သတိပေးခဲ့ပါသည်။

♥ သနားကျင်နာခြင်းအမှု၌ ပင်ပန်းနွမ်းနယ်ခြင်းမရှိကြပါနှင့်
အဖခမည်းတော်နှင့် သားတော် ယေဇူး ခရစ်တော် ကျွနုပ်တို့ကို သနားကြင်နာတော်မူသကဲ့သို့ သနားကြနာကြဖို့ သနားကျင်နာခြင်းအမှု၌ ပင်ပန်းနွမ်းနယ်ခြင်းမရှိကြဖို့ ၊ အာပတ်ဖြေနားထောင်ခြင်းအမှုကို အဓိကထားဖို့ ကိုလည်း သတိပေးခဲ့ပါသည်။ မေစ္ဆားတရား ပူဇော်ခြင်းမှာ စိတ်အားထက်သန်ကြဖို့၊ သင်တို့အဖို့အခမပေးပဲရသော အရာကို အဖိုးအခမပေးပဲ ပြန်လည်ပေးဆပ်ကြဖို့၊ လူတွေနဲ့အတူရှိဖို့၊ မိမိသာသနာနယ် ဆရာတော်၊ ညီကို ဘုန်းတော်ကြီးများ၊ ဆုတောင်းခြင်းအမှု တို့မှာ အဆက်မပြတ်ဖို့ အမြဲးထိတွေရှင်သန်နေဖို့ မှာကြားခဲ့ပါသည်။ သင်တို့ဟေားကြားသမျှသည် လူတို့အတွက် ဝိညာဉ်ခွန်အား ဖြစ်ပါစေ။ ဆုတောင်းခြင်း အနစ်နာခြင်းတို့၌ သင်တို့၏ မွေးရနံသင်းပြန်ပါစေ၊ သင်တို့၏ အပြေားအဆိုအဆို၊ အနေအထိုင် အပြုအမူများအားဖြင့် ဘုရား၏ အိမ်တော် ၊ အသင်းတော်ကြီးကို တည်ဆောက်နိုင်ကြပါစေ ဟု ၅၆ ကြိမ်မြောက် ခေါ်တော်မူခြင်းနေ၊့ ကောင်းသော သိုးထိမ်း တနင်္ဂနွေနေ့ က ရောမမြို့စိန့်ပီတာ ဘာစီလီကာ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ရဟန်းသိက္ခာ တင်မြောက်ခြင်းအခန်းအနား၌ ဟေားကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-05/pope-francis-ordains-19-...

#pope, #ordination, #goodShepherd, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 7 =