(၅၀) ကြိမ်မြောက်ကမ္ဘာ့မြေနေ့ပုပ်ရဟန်းမင်းကြီး၏ မင်္ဂလာသတင်းစကား

(၅၀) ကြိမ်မြောက်ကမ္ဘာ့မြေနေ့ပုပ်ရဟန်းမင်းကြီး၏ မင်္ဂလာသတင်းစကား

(၅၀) ကြိမ်မြောက်ကမ္ဘာ့မြေနေ့ပုပ်ရဟန်းမင်းကြီး၏ မင်္ဂလာသတင်းစကား

သူလာလာမလာလာလာကိုယ်ကစောင့်ရမှာ၊ ဂျူတီချိန်ဟာဂျူတီပါ၀တ်တရားမပျက်ကွက်ပါဟု ဆယ်ကျော်သက်ဘ၀ကအတော် ကိုင်ဇာ၏သီချင်းကိုအာခေါင်ခြစ်အောင်အော်ဆိုခဲ့ဖူးသည်ကိုပြန်ကြား ယောင်မိပါသည်။ အဘယ်ကြောင့်ဆိုသော်ဥရောပ နိုင်ငံများသို့ကိုရိုနာ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုအလွန်မြင့် မားပြင်းထန်လာသည့်အချိန်မှစ၍ဗုဒ္ဓဟူးနေ့တိုင်း၏အစီအစဉ်တစ်ခုဖြစ်သောကမ္ဘာတဝှမ်းမှဘုရားဖူး ဘာသာတူများနှင့်တွေ့ဆုံခြင်းကိုရဟန်းမင်းကြီးသည်ရပ်နားပြီး၊ ဤအစီအစဉ်ကိုဝတ်တရားမပျက်မကွက်ဘဲအင်တာနက်၊ ရုပ်သံလိုင်း၊ ရေဒီယိုလှိုင်းတို့မှအပတ်စဉ်ထုတ်လွှင့်နေရှာပါသည်။ ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့ကလည်းကမ္ဘာ့မြေနေ့နှင့်ပတ်သက်၍မြွတ်ကြားထားပါသည်။

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊

ယနေ့ (ဧပြီ ၂၁) သည် (၅၀) ကြိမ်မြောက်ကမ္ဘာ့မြေနေ့၏နှစ်ပတ်လည်နေ့ဖြစ်သည်။ ဤနှစ်ပတ်လည်နေ့ထူးနေ့၌ကျွန်ုပ်တို့၏မိသားစုဘုံအိမ်ဖြစ်သောကမ္ဘာမြေကိုစောင့် ရှောက် ထိန်းသိမ်းရမည့်အသိကိုပြန်လည်ဆန်းသစ်   သင့်လှသည်။ ကျွန်ုပ်တို့သည်ကမ္ဘာမြေအတွင်းရှိဖန် ဆင်းခံများအားတိုးပွားလာစေ ရန်တာ၀န်ရှိသည်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာကြီးသည်ပျော်ရွှင်မှုကိုဖန်ဆင်းပေးသည့်နေရာဖြစ်ပြီး၊ အရင်းအမြစ်များကိုသုံးဖြုန်းပစ်ရန်သက်သက်မဟုတ်။ ကျွန်ုပ်တို့၏အတ္တများကိုကျော်လွှားပြီး၊ မြင့်မြတ် သောကမ္ဘာမြေကြီးအားလေးစားတတ်ရမည့်အ သိရှိလာရန်မှာသဘာ၀ပတ်၀န်းကျင် (ဂေဟစနစ်ပြောင်း လဲရှုမြင်ရန်) ကိုအမြင်သစ်ဖြင့်မြင်တတ်ရန်လိုသည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာ ကြီးသည်ဘုရားသခင်၏အိမ်တော်ဖြစ်သည်။ ကျွန်ုပ်တို့သည်သန့်ရှင်းသောမြေပေါ်တွင်သွားလာလှုပ်ရှားနေကြသည်။ ကျွန်ုပ်တို့သည်ကိုရိုနာဗိုင်း
ရပ်စ်ကဲ့သို့သောကပ်ရောဂါဆိုးကြီးကို တစ်ယောက်တစ်လက်ချိပ်ဆက်ကူညီထူမကြမှသာလျှင်ကမ္ဘာကြီးကို တရားဝင်စောင့်ရှောက်သူများဖြစ်ကြမည်။ ကျွန်ုပ်တို့၏အတ္တကိုမလွန်ဆန်နိုင်သောကြောင့်လက်ရှိကမ္ဘာကြီးကိုစောင့်ရှောက်ထိန်းသိမ်းရသော တာ၀န်သိစိတ်များမဲ့ခဲ့ရသည်။ လေထု၊ ရေထုများကိုညစ်ငြမ်းစေခဲ့သည်။ သဘာ၀ပတ်၀န်းကျင်ကိုဖြုန်းတီးပစ်ခဲ့သည်။ ဤသို့ဖြင့်ကျွန်ုပ်တို့၏အ သက်ကိုဘေးသင့်ရောက်စေသည်။

ဤအခြေအနေ၌နိုင်ငံတကာအဖွဲ့အစည်းအသီးသီးများ၏သဘာ၀ ပတ်၀န်းကျင်နှင့်ပတ်သက်၍ မေတ္တာရပ်ခံ ချက်များ၊ တောင်းဆို ချက်များကိုအာရုံထားပြီးလက်တွဲလုပ်မှသာလျှင်လက်ရှိစိန်ခေါ်ချက်များကိုကျော်လွန်နိုင်မည်ဖြစ်သည်။ သဘာ၀ပတ်၀န်း ကျင်ဆုံးရှုံးခြင်းသည် ကျွန်ုပ်တို့ကလေးများအားလမ်းဘေးရောက်သွားစေပြီး၊ ၄င်းတို့၏လမ်းဘေရောက်သွားသောအဖြစ်သည် ၄င်းတို့၌အနာဂါတ်မရှိဟုကျွန်ုပ်တို့အားပြသနေခြင်းဖြစ်သည်။ သဘာ၀ပတ်၀န်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်သော (၂၀၁၅) ခုနှစ်ကထုတ်ပြန်ခဲ့သည့်စာချွန်တော်အရကျွန်ုပ်တို့သည်မြေမှုန့်မှလာသောမြေမှုန့်၏အသီးအ ပွင့်များဖြစ်၍ ထိန်းသိမ်းရမည်။ ကမ္ဘာဦးကျမ်း၌ဖော်ပြထားသည့်အတိုင်းကျွန်ုပ်တို့သည်မြေမှုန့်သက်သက်သာမဟုတ်။

ဘုရားသခင်၏ဇီဝအသက် ကိုလည်းရူရှိုက်နေကြသူများဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် အချင်းချင်းမှီခိုအားထားရသောလူသားမိသားစုဖြစ်သောကြောင့်၊ ကျွန်ုပ်တို့ကြုံနေသောခြိမ်းခြောက်မှုကိုအတူတကွတုန့်ပြန်ရမည်ဖြစ်သည်။ (မှီငြိမ်း - ၁၆၄)

ပါစကားကာလအခါသမယသည် ဆန်းသစ်ရမည့်အချိန်ကာလဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်ရှိသောကြောင့်လည်း ဤကာလ၌ ကျွန်ုပ်တို့၏ဘုံမိသားစုအတွက်နှစ်နှစ်ကာကာချစ်နိုင်ရန်ကြိုးစားသကဲ့သို့၊ ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမများ၊ သတ္တဝါများအားလည်းထိန်းသိမ်းစောင့်ရှောက်ရမည်။ ချစ်ခြင်းနှင့်သနားညှာတာစိတ်ပြရမည်။ အထူးသဖြင့်အကူအညီအထူးလိုအပ်နေသူများ အတွက်ကျွန်ုပ်တို့၏ကောင်းကင်ဘုံအဖထံမှ ကိုယ်တော်သည် ၀ိညာဉ်တော်ကိုစေလွှတ်တော်မူသောအခါသူတို့သည်ဖန်ဆင်းခြင်းခံကြရပါ၏။ ကိုယ်တော်သည် မြေမျက် နှာပြင်ကိုအသစ်ပြုပြင်တော်မူ၏ဟုဆုတောင်းခံပေးကြပါစို့။ (ဆာလံ ၁၀၄: ၃၀) ကျွန်ုပ်တို့၏ကမ္ဘာကြီးနှင့်ညီအစ်ကို မောင်နှမများကိုချစ်ရန်ပျက်ကွက်ခြင်းသည် ကမ္ဘာကြီးကိုပြစ်မှားသောအပြစ်၊ ကျွန်ုပ်တို့၏နီးစပ်သူများတို့အားပြစ်မှားသောအပြစ်၊ နောက်ဆုံး၌ ဖန်ဆင်းရှင်ကိုပြစ်မှားခြင်းဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့၏ဘုံအိမ်ဖြစ်သောကမ္ဘာကြီးနှင့်ကျွန်ုပ်တို့သည်သဟဇာတရှိရှိနေထိုင်ရှင်သန်ရန်
သတိရှိရမည်။

ဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3avgnwS

https://bit.ly/3eDMVbc

 

Add new comment

18 + 2 =