(၃၄)ကြိမ်မြောက် ကမာ့္ဘလူငယ်များနေ့ အတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှကြိုတင်သတင်းစကားပေးပို့

(၃၄)ကြိမ်မြောက် ကမာ့္ဘလူငယ်များနေ့ အတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှကြိုတင်သတင်းစကားပေးပို့
နိုဝင်ဘာလ ၂၁၊ ၂၀၁၈

၂၀၁၉ ခုနှစ် ဇန်နဝါရ်ီလ ၂၃ ရက်မှ ၂၇ ရက်ထိကျင်းပပြုလုပ်မည့် ၃၄ကြိမ်မြောက် ကမ္ဘာလူငယ်များနေ့ အတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကြိုတင်သတင်းစကားတွင် ရဟန်းမင်းကြီးမှ လူငယ်များအား ဘုရားကိုမေးကြပါ (ကိုယ်တော်တပည့်တော်ထံမှဘာအလိုရှိသလဲ?) ဘုရားသခင် သင့်ကိုအဖြေပေးပါစေ။ (၃၄) ကြိမ်မြောက်ကမ္ဘာလူငယ်များနေ့ အတွက် မယ်တော် သခင်မ သိကြားတမာန်အားပြန်လည်ဖြေကြားသည့် စကား (ကျွန်မသည် ထာဝရဘုရားသခင်၏ အစေခံဖြစ်ပါ၏ သင်၏စကားအတိုင်းကျွန်မ၌ ဖြစ်ပါစေ)ကို ခေါင်းစီးအဖြစ်အသုံးပြုထားပါသည်။

၁။ ။ ရဲရင့်ခြင်း နှင် ရက်ရောခြင်း

မယ်တော်၏ စကားသည် ရင်ရင့်ပြတ်သားခြင်းရက်ရောခြင်းတို့ကိုဖော်ပြနေတယ်၊ တချိန်တည်းမှာပဲ ဘုရားရဲ့ခေါ်တော်မူခြင်း စီမံကိန်းကို အပြည့်အဝနားလည်ပြီး အကောင်းနှင့် တုံ့ပြန်ဖြေကြားခြင်းဖြစ်တယ်။ မိမိဘဝကို ဦးစားပေးခြင်းထက် အများအတွက် ဦးစားပေးအစေခံရန် ရွေးချယ်လိုက်ခြင်းဖြစ်တယ်။ ငါတို့ဘဝရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် ဟာ ဘုရားကို အစေခံခြင်းနှင့် တပါးသူကိုအစေခံခြင်းမှာပဲ ရှာဖွေတွေ့ရှိတယ်။ လူငယ်အများစု ယုံကြည်သူတွေရော မယုံကြည်သူတွေဟာ သူတို့ကျောင်းပြီးသွားတဲ့အချိန်မှာ ဒုက္ခရောက်နေသူကိုကူညီချင်သောစိတ်ရှိကြတယ် အဲ့ဒီအချက်က အရမ်းကို ခွန်အားရှိတဲ့ လူငယ်တွေရဲ့စိတ်ဓာတ်ဖြစ်တယ်။ အဲ့ဒီစိတ်ကပဲ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်၊ အဲ့ဒီစိတ်နဲ့ပဲကမ္ဘာကြီးကိုပြောင်းလဲပစ်ရမယ်၊ သူတပါးကို အစေခံခြင်းဆိုတဲ့တော်လှန်ရေးပဲ။

၂။ ။ မယ်တော်မာရီယားကဲ့သို့ နားထောင်တတ်သောစိတ်ထား

သူတပါးကိုအစေခံတတ်တဲ့နေရာမှာ လုပ်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေရုံသက်သက်မဟုတ်ဘူး။ မယ်တော်ကဲ့သို့ ဘုရားနှင့် စကားပြောဆိုခြင်း၊ ဘုရားကိုနားထောင်ခြင်းဆိုတဲ့ စိတ်ထားလည်းရှိရမယ်။ မယ်တော်ဟာ သိကြားတမာန်၏ စကားကို ဦးစွာပထမ နားထောင်တယ် ပြီးတော့ သူမအဖြေပေးခဲ့တယ်၊ အဲ့ဒါဟာ ငါတို့ရဲ့နှလုံးသားနဲ့ နားထောင်ခြင်း၊စိတ်ငြိမ်စွာ မိမိဘဝကိုသုံးသပ်ပြီး ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေခြင်းဖြစ်တယ်၊ အဲ့ဒီအရာကို ဘုရားကသင့်ကို အသုံးပြုဖို့ရန် ခေါ်ဆိုခြင်းလို့ အဓိပ္ပါယ် ဖော်ဆောင်တယ်။ အိမ်ထောင်သည်ဘဝ၊ ဘုရားကိုဆက်ကပ်ထားသူဘဝ၊ ရဟန်းဘုန်းကြီးဘဝ ဆိုပြီး ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ခေါ်တော်မူခြင်းခံကြရတယ်။ ဘုရားခေါ်တော်မူတဲ့ဘဝအသက်တာ ဘယ်ဘဝမှာပဲဖြစ်ဖြစ် တကိုယ်ကောင်းဆန်မှုအတွက် ခေါ်ခြင်းမဟုတ်ဘူး၊ တကိုယ်ကောင်းဆန်ခြင်းဆိုတာ ဘုရားခေါ်တဲ့အထဲမှာမပါဘူး။
ဘုရားခေါ်တဲ့လမ်းစဉ်က သခင်ခရစ်တော်ရဲ့နောက်ကို လိုက်ရမယ့်လမ်းစဉ်ဖြစ်တယ်။ ဘုရားသခင်ငါတို့ကို ဘာလုပ်စေချင်သလဲဆိုတာကိုရှာရမယ့်လမ်းစဉ်ဖြစ်တယ်။ အဲ့ဒီဘုရားရဲ့အလိုတော်ကို ရဲရင့်စွာ ကျွန်တော်တို့လုပ်ပါမယ်၊ ကျွန်မတို့လုပ်ပါမယ် ဆိုပြီး အဖြေပေးခြင်းပဲ။

၃။ ။ ပျော်ရွှင်နေရမယ်

အဲ့ဒီပျော်ရွှင်ခြင်းနဲ့ပဲ မယ်တော်က ဘုရား၏ အလိုတော်ကို ရက်ရောစွာ တုံ့ပြန်ခဲ့တယ်။ သူမရဲ့နှလုံးသားကိုဖွင့်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို လက်ခံခဲ့တယ်။ မယ်တော်ကဲ့သို့ ဘုရားသခင်ရဲ့ အလိုတော်သင့်အပေါ်မှာရှိလာရင် ငါတို့အလိုဆန္ဒတွေပြည့်ဘဝဖို့မဟုတ်ဘူး၊ ဘုရားရဲ့ အလိုဆန္ဒကို ငါတို့ဘဝထဲမှာတောက်လောင်ဖို့ဖြစ်တယ်။ ငါတို့ရဲ့ဘဝထဲကနေ အပြုံးတွေ ပျော်ရွှင်မူတွေ အများအတွက် ထွက်ပေါ်လာဖို့ဖြစ်တယ်။ အဲ့တာကြောင့် ဘုရားရဲ့အလိုတော်ကိုတုန်ပြန်ဖို့အတွက် ငါတို့ဟာပျော်ရွင်နေသူတွေဖြစ်ရမယ်။ အဲ့ဒါမှတခြားသူတွေကို အပျော်တွေကူးစပ်သွားအောင်လုပ်ဆောင်နိုင်မယ်။

၎။ ။ ကိုယ်တော် ကျွန်ုပ်ထံမှ ဘာအလိုရှိသလဲ

ချစ်လှစွာသော လူငယ်အပေါင်းတို့ ခွန်အားယူပြီးရဲရင့်စွာ သင်တို့၏ ဘဝတခုလုံးနှင့် ဘုရားကို (ကိုယ်တော် ကျွန်ုပ်ထံမှ ဘာအလိုရှိသလဲ) မေးကြရမယ်။ ဘုရားကို သင့်အတွက်အဖြေပေးပါစေ အဲ့ဒါမှ သူဘာအလိုရှိလဲသင်သိလာသလို သင့်ဘဝလည်း ပျော်ရွှင်မှု့တွေနဲ့ပြည့်ဝလာလိမ့်မယ်။

၅။။ ကောင်းမွန်သော ပနားမားခရီးစဉ်ဖြစ်ပါစေ

ရောက်ရှိလာမယ့်ကမ္ဘာလူငယ်များနေ့အတွက် ကျွန်ုပ်သင်တို့ ပြင်ဆင်စေခြင်တယ်၊ ပါဝင်စေခြင်တယ်။ အဲ့ဒါမှပါဝင်ခြင်းသည် သင်တို့ဘဝရဲ့ ရည်မှန်းချက်ကို ရရှိစေဖိုကူညီမယ့်အရာဖြစ်တယ်။ ဒီဘုရားဖူးခရီးစဉ်တလျှောက် မယ်တော်သခင်မသည် သင်တို့နှင့်အတူရှိပါစေ။ မယ်တော်၏ ပုံဥပမာအားဖြင့် သင်တို့အားရဲရင့်စွာ ရက်ရောစွာပေးဆပ်နိုင်သူများအဖြစ်ခွန်အားပေးပါစေ။ ကောင်းမွန်သော ပနားမားခရီးစဉ်ဖြစ်ပါစေ။ ကျွန်ုပ်အတွက် ဆုတောင်းပေးဖို့ကိုလည်းမမေ့ပါနဲ့။
မကြာခင်မှာ တွေ့ကြမယ်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-message-to-young-people-for-world-youth-day.html#play

#34worldyouthday, #pope, #message, #panama, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 6 =