၂၇ ကြိမ်မြောက် ကမ္ဘာကျန်​းမာရေး ချို့တဲ့သူများနေ့အတွက်​ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သဝဏ်လွှာ ပေးပို့


၂၇ ကြိမ်မြောက် ကမ္ဘာကျန်​းမာရေး ချို့တဲ့သူများနေ့အတွက်​ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သဝဏ်လွှာ ပေးပို့
ဇန်နဝါရီ ၈၊ ၂၀၁၉

ဖေဖဝါရီလ ၁၁ ရက်နေတွင်ကျ​ရောက်မည့် ၂၇ ကြိမ်မြောက် ကမ္ဘာကျန်​းမာရေး ချို့တဲ့သူများနေ့အတွက် (သင်တို့သည် အဖိုးအခမပေးဘဲ ခံယူရရှိကြသည်ဖြစ်၍ အဖိုးအခမယူဘဲ ​ပေးကမ်းကြလော့)ဟူသော ခေါင်းစဉ်ဖြင့် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

 

နာမကျန်း၊ ဖျားနာသူများကို ချစ်ခြင်း​မေတ္တာ ရှေ့ရှု့၍ ရက်ရောစွာပေးဆပ်ကုသကူညီပေးကြသောသူများသည် မာသာထ​ရေဇားကဲ့သို့ အသင်းတော်အတွက် ကြီးမားသော သာသနာပြုများဖြစ်ကြောင်း ဖော်ပြထားပါသည်။ အသက်သည် ဘုရားပေးထားသောလက်ဆောင်ဖြစ်တယ်။ မည်သည့်အကြောင်းကြောင်းနဲ့မှ လူသားသည် ထိခိုက်ပိုင်ခွင်မရှိပါ။ ထို့အတွက်ကြောင့် ဘုရားပေးသော အသက်ကိုစောင့်ရှောက်တဲ့နေရာမှာ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသာမက၊ နူးညံ့သိမ်မွေ့မူ မေတ္တာ တရားထားရှိမူ၊ ဖျားနာသူမှ သင်၏ ဂရုစိုက်မူကို ခံစားစေရန် ကြင်နာသော အပြုအမူအပြောအဆိုများလိုအပ်​ပေသည်​။

 

 

ယနေ့ခေတ်ကြီးတွင် တစ်ဦးတစ်ယောက်ထဲ နေထိုင်သောအကျင့်၊ ကိုယ်​နှင့်မဆိုင်သလိုနေထိုင်ပြုမူသောအကျင့်၊ မိသားစုများပြိုကွဲခြင်း စသည့် လူနေမူ ဆိုးဝါးလာနေသော ခေတ်ကာလတွင်၊ အသစ်သောနည်းလမ်းများရှာဖွေ၍ အတူတကွလုပ်ဆောင်တတ်​​သောစိတ်၊ သနားကြင်နာတတ်​​သောစိတ်၊ ကူညီတတ်​​သောစိတ်များ ပေါ်ပေါက်လာစေရန် လုပ်ဆောင်ကြရမည်ဖြစ်သည်​။

 

သူတပါးကိုကူညီခြင်းတွင် ပစ္စည်းဥစ္စာ ကူညီရုံသက်သက်မဟုတ် ရင်းနှီးသိကျွမ်းမူပါ တည်ဆောက်ကြဖို့လိုအပ်သည်​။ သို့မှသာ ဖျားနာသူ၊ဒုက္ခရောက်သူတို့နှင်ပြောဆိုဆွေးနွေးနိုင်ပြီးသူတို့ကို ကိုယ်ချင်းစာနိုင်မည်ဖြစ်သည်​။ ဘုရားသခင်သည် သူ၏ တစ်​ပါးတည်းသော်သားတော်​ကို စေလွတ်ပြီး လူသားတို့အပေါ် သူ၏ ချစ်ခြင်းမေတ္တာ၊ လူသားတို့နှင့် အတူရှိမူကို ဖော်ပြပြီး သူ၏ ရင်းနှီးချစ်ခင်စိတ်ကိုဖော်ပြခဲ့ပါသည်။

 

ဆင်းရဲသားများ၊ နာမကျန်းဖြစ်သူများမှ မဟုတ် လူသားတိုင်း မည်သည့်အသက်အရွယ်မဆို ဂရုစိုက်မူလိုအပ်သည်​။ တဦးကို တစ်ဦးဂရုစိုက်တတ်​​သော စိတ်သည် နှိမ့်ချခြင်းတရားမှ ပေါ်ထွက်လာခြင်းဖြစ်သည်​။ ထို့ကြောင့် နှိမ့်ချခြင်းတရားနှင့် စည်းလုံခြင်းတရားကို ကျင့်​ဆောင်ကြဖို့လိုအပ်၏။ ၊ မိမိကိုယ်ကျိုးသာကြည့်နေသမျှ ဘယ်သောအခါမှ ပတ်ဝန်းကျင်၏ လိုအပ်ချက်ကို မြင်နိုင်မည်မဟုတ်​ပေ။ ညီကို ​မောင်နှမစိတ်မွေးမြူနိုင်မည်မဟုတ်ပါ၊ ဘုရားသခင်သည် သူ၏ ချစ်ခြင်းမေတ္တာ ကိုပြသာရန် မိမိကိုယ်ကို လူသားအဆင့်သို့နှိမ်ချ ဆင်းသက်ခဲ့ပြီး ချစ်ခြင်းမေတ္တာ ထားကူညီချင်သူများသည် နှိမ့်ချတတ်​သူများသာဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

ယခုနှစ်အတွက် ကမ္ဘာ့ ဖျားနာသူများနေ့ကျင်းပရန် အိန္ဒိယနိုင်ငံ ကာလ်ကာတား ကိုရွေချယ်ရခြင်းအကြောင်းအရင်းသည် ကရုဏာလုပ်ငန်း၏ စံပြအဖြစ်တင်စားခံရသော မာသာထ​ရေဇား ၏ ဆင်းရဲသားများကိုကူညီခဲ့ပုံ၊ ဖျားနာသူများကို စောင့်ရှောက်ပေးခဲ့ပုံများကို ပြန်လည်ထင်ဟပ်​​စေပြီး မာသာထ​ရေဇား ကဲ့သို့ သာသနာပြုသူများ ပေါ်ပေါက်လာစေလိုသည်​။

 

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ သဝဏ်လွှာတွင် နာမကျန်းဖြစ်သူများကို ကူညီပေးနေကြသော လုပ်အားပေးကူညီသူများကို ချီးကျူးဂုဏ်ပြုကြောင်းလည်းဖော်ပြထားပါသည်။ လူသားတိုင်းမှ ဆင်းရဲချို့တဲ့သူများ၊ နာမကျန်းဖြစ်နေသူများကို မိမိတိုတတ်​နိုင်သော အရာများဖြင့် ကူညီထောက်ပံခြင်းအားဖြင့် ကမ္ဘာပေါ်တွင် ကူညီတတ်​​သော အစဉ်အလာကို လူသားတိုင်းစီသို့ကူးဆက်ပြန်နှံ့လိုကြောင်း ဖော်ပြခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-01/pope-francis-message-wor...

#health, #poor, #pope, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 2 =