(၂၀၂၃) ခုနှစ်မေတ္တာပန်းပွဲတနင်္ဂနွေနေ့အတွက် ပုပ်ဖရန်စစ်၏ဩ၀ါဒ

(၂၀၂၃) ခုနှစ်မေတ္တာပန်းပွဲတနင်္ဂနွေနေ့အတွက် ပုပ်ဖရန်စစ်၏ဩ၀ါဒ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် လည်ပြွန်နာ၍အသက်ရှုရသည်မှာသက်တောင့်သက်သာမရှိဖြစ်သောကြောင့်ဗာတီကန်ပိုင် 'Gemelli' ဆေးရုံသို့ (၃) ရက်ကြာတက်ရောက်ဆေးကုသခံယူကာပြီးခဲ့သောစနေနေ့မှဆေးရုံဆင်းလာခဲ့သည်။ သို့သော် ယမန်နေ့ ဧပြီ (၂) ရက်နေ့ 'မေတ္တာပန်းပွဲတနင်္ဂနွေနေ့' မစ္ဆားတရားကြီးကိုတော့ သူကိုယ်တိုင်ဦးဆောင်၍ စိန့်ပီတာရင်ပြင်ကြီး၌ပူဇော်ခဲ့သည်။ ဤမစ္ဆားတရားပူဇော်ခြင်း၌ ရဟန်းမင်း ကြီးဟောကြားခဲ့သောဩ၀ါပါအကြောင်း အရာများမှာ သံမာတေဦး (၂၇း၄၆) လာ 'အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် ကျွန်ုပ်ကိုစွန့်ပစ်ထားတော်မူပါသနည်း' ဟူသောကျမ်းချက်ကိုဦးစွာထောက်ရှုထားသည်။ ဤဆုတောင်းချက်သည် ယေဇူးသခင်လက်၀ါးကပ်တိုင်ပေါ်၌ အာဏာသားတို့၏လက်ချက်ဖြင့်ပြင်းထန်သောရုပ်ပိုင်‌ေ၀ဒနာနှင့်မတ်တပ်ကြည့်နေကြသောလူထု၏အမျိုးမျိုးပြောဆိုတိုက်ခိုက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ‌ေ၀ဒနာခံစားနေရချိန်၌ဘုရားသခင်ထံပြုခဲ့သောဆုတောင်းမေတ္တာဖြစ်သည်။ ဤဆုတောင်းချက်သည် ဆာလံကျမ်း (၂၂း၂) မှဖြစ်ပြီး မေတ္တာပန်းပွဲတနင်္ဂ နွေနေ့၏အလိုက်ဆာလံကိုလည်းဤဆုတောင်းချက်ကိုသာပြန်လည်၍အသုံးပြုထား သည်။ ဤဆုတောင်းချက်သည် ဆု တောင်းချက်ဟုဆိုသော်လည်း အမှန်တကယ်မှာဘုရားသခင်အားညည်းညူသည့်သဘောဆောင်သည်။ ဧ၀ံဂေလိကျမ်း (၄) စောင်လုံးအနက်ယေဇူးသခင်ညည်းညူသည့်တစ်ခုတည်းသောအဖြစ်အပျက်ဖြစ်သည်။ ထိုဆုတောင်းချက်သည် ကျွန်ုပ်တို့အားယေဇူးသခင်ကိုသနားကရုဏာစိတ်ဖြစ်ပေါ်ခံစားရစေ သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်၏‌ေ၀ဒနာသည်ကျွန်ုပ်တို့၏ ကယ် တင်ခြင်းအတွက် အဘယ်မျှပြင်းထန်ပြီး နာကြင်ခံစားရသနည်းဟုမူ 'ဘုရားသခင်စွန့်ပစ်သွားသည်' ဟုထင်ရလောက်သည်အထိဖြစ်သည်။ ယေဇူးသခင်၏ဒုက္ခ‌ေ၀ဒနာသည်များပြားလှသည်။ ယေဇူးသခင်ဒုက္ခ‌ေ၀ဒနာခံထမ်းသည့်အကြောင်းပါဧ၀ံဂေလိကျမ်းစာကိုဖတ်ရှုတိုင်းကျွန်ုပ်တို့၏နှလုံးသားများကိုစူးနစ်နာကြင်စေသည်။ ရုပ်ပိုင်းဆိုင်ရာ‌ေ၀ဒနာများလည်းရှိသည်။ ဥပမာအားဖြင့် ပါးရိုက်ခြင်း၊ ရိုက်ပုတ်ကန်ကျောက်ခြင်း၊ ကြိတ်၊ ကြာပွတ်များဖြင့်ရိုက်ခြင်း၊ ဆူးဖြင့်ပြုလုပ်ထားသောသရဖူဖြင့်မညှာမတာစွပ်နက်ပေးခြင်း၊ ညှဉ်းပမ်းနှိပ်စက်မှုအားလုံး၏ အထွတ်အထိပ်ဖြစ်သော လက်၀ါး ကပ်တိုင်ပေါ်တင်သတ်ခြင်းသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်။ ထို့အတူ၀ိညာဉ်ပိုင်းဆိုင်ရာ‌ေ၀ဒနာကိုလည်းယေဇူးသခင်ခံထမ်းခဲ့ရသည်။ ဥပမာအားဖြင့် တပည့်အရင်းယုဒအီစကားရီယုတ်၏သစ္စာဖောက်ခံရခြင်း၊ တပည့်အရင်းဖြစ်သော စီမွန်ပေတရ‌ေ၏လူအုပ်ကြား၌ မိမိ၏ဆရာသခင်လည်းဟုတ်ပြီး ကယ်တင်ရှင်လည်းဟုတ်သောယေဇူးသခင်ကိုလူအုပ်ကြားမှတစ်စုံတစ်ဦးကမေးမြန်းသည်ကို သူမသိဟုပစ်ပစ်ခါခါငြင်းခဲ့ခြင်း၊ မဟုတ်မမှန် မတရားသခင်နိုင်ငံရေး၊ ဘာသာရေးအာဏာပိုင်များကယေဇူးသခင်၏အမျိုးမျိုးစွပ်စွဲတရားစီရင်ခံရသည့်အဖြစ်၊ အစောင့်တပ်သားများ၏ လှောင်ပြောင်ခံရသည့်အဖြစ်၊ လက်၀ါးကပ်တိုင်ပေါ်တွင်ပြင်းထန်လှသော‌ေ၀ဒနာကိုခံထမ်းနေစဉ် မတ်ရပ်ကြည့်နေကြသောလူအုပ်ကြီး၏မထီတလီပြောဆိုမှု၊ ဒါ၀ိတ် ၏သားတော်ဟိုဇန္နာဟုအစောပိုင်းရက်များကကြွေးကြော်၍ သောင်းသောင်းဖြဖြကြိုဆိုခဲ့သောလူအုပ်ကြီးသည် ယနေ့၌မူဘက်ပြောင်းသွားသည့်အဖြစ်၊ တပည့် တော်ကြီးများပင်လျှင် ထားရှိခဲ့သောယုံကြည်မှုများပျောက်ပျက်၍ကိုယ်လွတ်ထွက်ပြေးခဲ့ကြသည့်အဖြစ်များသည် ယေဇူးသခင်၏၀ိညာဉ်ရေးပိုင်းလွန်စွာထိခိုက်ခံစားစေခဲ့သည်။ အထက်ကဖော်ပြခဲ့သောအဖြစ်အပျက်များထိုသို့ဖြစ်ပျက်ခဲ့သော်လည်း ယေဇူးသခင်၌လွန်စွာသေချာသောယုံကြည်ချက်တစ်ခုရှိသည်။ ထိုယုံကြည်ချက်ကား ခမည်းတော်ဘုရားသည်မည်သို့ပင်ဖြစ်စေ သူနှင့်အတူရှိနေသည်ဟုပင်။ သို့သော် ယခုတစ်ကြိမ်ယေဇူးသခင်ခံစားလိုက်ရသောခံစားချက်ကားတွေးပင်မတွေးမိသောခံစားချက်မျိုးဖြစ်သည်။ ယေဇူးသခင်သည် ခမည်းတော်ဘုရား၏စွန့်ပစ်မေ့ပျောက်ခံရသည်ဟုခံစားသွားခဲ့ရ၍ 'ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား အဘယ်ကြောင့်ကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်း' ဟုမြွတ်ဆိုလိုက်ခြင်းဖြစ်သည်။ ဤစကားစုကိုကြည့်၍ ယေဇူးသခင်၏‌ေ၀ဒနာသည်အဘယ်မျှပြင်းထန်နာကြင်သည်ကိုဆင်ခြင်ပါသည်။ ယေဇူးသခင်သည် ယခုတစ်ကြိမ်မတိုင်မီက ခမည်းတော်ဘုရားကိုခေါ်တခဲ့သည့်အချိန်များရှိခဲ့သည်။ သို့သော် 'အဖ' ဟုသာသုံးနှုန်းခဲ့သည်။ ယခုတစ်ကြိမ်၌မူ 'ဇာတိအဖြစ်' ကိုဖော်ပြသော 'ဘုရား' ဟုသုံးနှုန်းထားသည်မှာလွန်စွာထူးခြားသည်။ ထို့အတူ ကျမ်းရေးသူက 'ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား ..... ' ဟူသောဟစ်အော်သည့်စကားစုကို ဘာသာပြန်ဆို၍ရိုးရှင်းစွာဖော်ပြမည့်အစား ယေဇူးသခင်နေ့စဉ်သုံးလေ့ရှိသော 'အာရာမိုက်' စကားကိုလည်းဖြည့်စွက်ဖော်ပြထားသည်ကိုထောက်၍အဘယ်မျှအလေးထားဖော်ပြသည်ကိုဆင်ခြင်နိုင်ပါသည်။ အဖြစ်အပျက်သည်အမှန်တကယ်ဖြစ်ပျက်ခဲ့သည်။ ဤအခြေအနေသည် ခမည်းတော်ဘုရား၏စွန့်ပစ်ခြင်းကိုခံရသည်၊ ဘုရား သခင်၏စွန့်ပစ် ခြင်းကိုခံရသည်ခံစားရသည်အထိပြင်းထန်ခဲ့သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့ကိုချစ်သောကြောင့်ခံထမ်းခဲ့သောဒုက္ခ‌ေ၀ဒနာသည် အဘယ်မျှပြင်းထန်နာကြင်လှသည်ကို ကျွန်ုပ်တို့ပင်ထုတ်ဖော်မပြောနိုင်ပေ။ အခြေအနေအမှန်ကိုနားလည်ရန်မှာမလွယ်ပေ။ ကောင်းကင်တံခါးသည်ပိတ်နေသည်ကိုယေဇူးသခင်မြင်တွေ့ခဲ့ရသည်။ သူသည်လွန်ဆိုး၀ါးခါးသီးလှသောအခြေအနေ၌ရှိနေသည်။ ဘ၀သဘေင်္ာပျက်သွားသကဲ့သို့လည်း ကောင်း၊ လွန်စွာသေချာခဲ့သောအရာတစ်ခုလုံး၀ပြိုလဲပျက်စီးသွားသကဲ့သို့ခံစားသွားရသည်။ ထို့ကြောင့် 'အဘယ်ကြောင့်၊ အကြောင့် .... ' ဟုအော်ဟစ်ခဲ့သည်။ ကျမ်းစာထဲ၌ 'စွန့်ပစ်သည်' ဟူသောစကားလုံးသည် အင်အားပြင်းထန်လှသည်။ ဤစွန့်ပစ် ခြင်းနှင့်စပ်လျင်း၍အရှုံးနှင့်ရင်ဆိုင်ရချိန်၊ ငြင်းပယ်ခံရချိန်၊ လှည့် စားခံရချိန်မျိုး၌အလွန်အမင်းနာကြင်ခံစားရသည့်အချိန်မျိုး၌သာကြားရလေ့ရှိသည်။ ထို့အတူ ကလေးများတစ်ခုလို၍တောင်းခံရာ၌ငြင်းပယ်ခံရခြင်း၊ ဖျက်ဆီးခံလိုက်ရခြင်း၊ ဒေါသလွန်စွာထွက်လောက်သောအခြေအနေမျိုး၊ မိုဆိုးမများ၊ မိဘမဲ့များ၊ အိမ်ထောင်ပြိုလဲသွားသောမိသားစုများ၊ လူမှုရေးအသိုင်းအ၀ိုင်းမှဖယ်ကျင်ခံထားရသူများ၊ မတရားမှုနှင့်ဖိနှိပ်ညှဉ်းဆဲမှုများ၊ ကျန်းမာရေးကြောင့်မသွားမလာနိုင်ဘဲ အထီးကျန်နေကြရသူများ၏အခြေအနေမျိုးကိုထင်ဟပ်စေသည်။ စကားလုံးတစ်လုံးတည်ဖြင့်ပြောရမည်ဆိုပါလျှင် ကျွန်ုပ်တို့ အခြားသူများနှင့်ပေါင်းစည်းခြင်းမှစွန့်ပစ်ခံထားရသည်။ ယေဇူးသခင်သည် စွန့်ပစ်ခံထားရသည့်အကြောင်းကိုကျွန်ုပ်တို့အားမိန့်ကြားနေသည်။ ယေဇူးသခင်သည် ဤစွန့်ပစ်ခံထားရသည့်အဖြစ်များအားလုံးကိုလက်၀ါးကပ်တိုင်ဆီသို့ယူဆောင်လာသည်။ သူ၏ပုခုံးပေါ်တွင်တင်ထားသည်။ လောကသားများအားလုံး ၏အပြစ်ကြွေးကိုသူခံထမ်းဖြေဆပ်ခဲ့သည်။ ထိုခံထမ်းခြင်း၏အထွပ်အထိပ်သို့ရောက်ချိန်၌ ဘုရားသခင်၏တစ်ပါးတည်းသောသားတော်လည်းဖြစ်၊ ဘုရားသခင်အလွန်ချစ်မြတ်နိုးရသောသားတော်လည်းဖြစ်သောယေဇူးသခင်သည် သူ၏အဖြစ်ဇာတိတော်နှင့်လုံး၀ခြားနားသောအခြေ အနေတစ်ခုကိုခံစားဖြတ်သန်းခဲ့ရသည်။ ထိုခံစားချက်ကား စွန့်ပစ်ခံရသကဲ့သို့ဖြစ်ရခြင်း၊ ဘုရားသခင်သည်သူနှင့်‌ေ၀းကွာနေသကဲ့သို့ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဤသို့ဖြစ်ရသနည်း။ ဤအမေး၏အဖြေကား 'ကျွန်ုပ်တို့' ဟုဖြေရုံမှ တစ်ပါးအခြားမည်သည့်အဖြေမျှမရှိ။ ညီအစ်ကိုမောင်နှမအပေါင်းတို့ ယနေ့ကျွန်ုပ်တို့ကြားနာခဲ့သော ဧ၀ံဂေလိကျမ်းလာအဖြစ်အပျက်သည် ဖျော်ဖြေမှုတစ်ခုမဟုတ်ပေ။ ကျွန်ုပ်တို့အားလုံးသည် ယေဇူးသခင်၏စွန့်ပစ်ခြင်း‌‌ေ၀ဒနာကိုကြားနာခဲ့ကြသည်။ ကျွန်ုပ်တို့အချင်းချင်းတစ်ဦးကိုတစ်ဦး 'ဤယေဇူးသခင်၏ စွန့်ပစ်ခံရခြင်း‌ေ၀ဒနာသည် ကျွန်ုပ်အတွက်သူပေးခဲ့သောအပြစ်၏အဖိုးအခဖြစ်သည်' ဟုပြောကြလော။ လောကအသက်တာ၏နောက်ဆုံးအချိန်၌ ယေဇူးသခင်သည်ကျွန်ုပ်တို့တစ်ဦးစီကဲ့သို့ လူသားဖြစ်လာသည်။ သို့မှသာသူသည် ကျွန်ုပ်တို့နှင့်တစ်သွေးတစ်သားတည်းဖြစ်နိုင်မည်ဖြစ် သည်။ ကျွန်ုပ်တို့အားစွန့်ပစ်ပြီး စိတ်ပျက်ခြင်း၏သားကောင်ဖြစ်မသွားစေရန် ယေဇူးသခင်ကိုယ်တော်တိုင်က စွန့်ပစ်ခံရခြင်း၏‌ေ၀ဒနာကိုဦးစွာခံထမ်းခဲ့သည်။ သို့ဖြင့်သူသည်ကျွန်ုပ်တို့နှင့်အတူကမ္ဘာကုန်သည့်တိုင်အနီးအပါး၌ရှိနေမည်။ ညီအစ်ကိုမောင်နှမအပေါင်းတို့ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်သည် စွန့်ပစ်ခံရသည်၊ သို့မဟုတ်တစ်ဦးတစ်ယောက်က စွန့်ပစ်ခံထားရသည်ကိုကြုံတွေ့ရသည့်အခြေ အနေမျိုး၊ ရှုပ်ထွေးမှုများကြား၌မေးခွန်းပေါင်းများစွာရှိနေသော်လည်း အဖြေပေးမည့်သူမရှိ၍စွန့်ပစ်ခံရသကဲ့သို့ကြုံတွေ့နေရခြင်းမှလွတ်မြောက်ရုန်းထွက်နိုင်ရန် ဤအဖြစ်မျိုးကိုကျွန်ုပ်နှင့်သင်တို့အတွက်သူခံထမ်းခဲ့သည်။ ထိုသို့ဖြစ်နေသော်လည်းမျှော်လင့်ချက်ထားရှိနိုင်သည့်အခြေအနေတစ်ခုခုသည်သင်နှင့်ကျွန်ုပ်တို့အတွက်ရှိနိုင်ပါသေးသည်။ ဤသို့ဖြစ်ရခြင်းသည် အခြေအနေအရပ်ရပ်၏အဆုံးသတ်မဟုတ်သေးပေ။ ယေဇူးသခင်သည်ယခင်ကရှိခဲ့သကဲ့သို့ယခုလည်းရှိနေသည်။ သင့်ဖက်၌ရှိနေသည်။ ယေဇူးသခင်သည်ဘုရားနှင့်‌ေ၀းကွာ၍စွန့်ပစ်ခံအဖြစ်ကိုခံထမ်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော်သူ၏ချစ်ခြင်းဖြင့်သူခံစားခဲ့သကဲ့သို့ခံစားနေသူတို့အားနီးကပ်နိုင်သမျှနီးကပ်စွာရှိရန်ဖြစ်သည်။ သို့မှသာလူတိုင်းသည်မိမိတို့တွေ့ကြုံခံစားခဲ့သောစွန့်ပစ်ခံအဖြစ်မျိုး၊ မိမိတို့၏ကျရှုံးခြင်း၊ တစ်ပါးသူအားဘေးဖယ်မျက်ကွယ်ပြုခဲ့ခြင်းစသည်တို့ကိုပြန်လည်ပြောပြပေးနိုင်မည်ဖြစ်သည်။ ထိုအခါအဖြေဟုမဆိုသာသော်လည်း မှန်ကန်သောထွက်ပေါက်ကိုတွေ့လာပေလိမ့်မည်။ ကျွန်ုပ်တို့သည်ဆုံးရှုံးသည်၊ ရှုပ်ထွေးနေသည်ဟုခံစားရသည့်အခါမျိုး၊ ရှေ့ဆက်ရန်မဖြစ်နိုင်တော့ဟုခံစားရသည့်အခါမျိုး၌ ယေဇူးသခင်သည်ကျွန်ုပ်တို့နှင့်အတူရှိနေသည်။ သူသည်ထိုဆုံးရှုံးသွားသည်၊ ရှုပ်ထွေးနေသည်ဟုခံစားရသောအခြေအနေမျိုး၌သူရှိနေသည်။ အဖြေမရှိဘဲမေးခွန်းပေါင်းများစွာသာရှိနေချိန်၌လည်း ယေဇူးသခင်သည်ကျွန်ုပ်တို့နှင့်အတူရှိနေပါသည်။ ကျွန်ုပ်တို့ထုတ်သောမေးခွန်ပေါင်းများစွာကိုအခြေခံ၍ဘုရားသခင်သည်ကျွန်ုပ်တို့၏စွန့်ပစ်ခံရသည်၊ ရှုပ်ထွေးနေသည့်ဟုခံစားရခြင်းမှကယ်တင်သည်။ ထိုအခြေအနေမျိုး၌ဘုရားသခင်ကိုမျှော်တွေးပြီး စိတ်ပျက်ခြင်းကိုကုစားစေသည်။ ကားတိုင်ပေါ်၌ယေဇူးသခင်သည်စွန့်ပစ်ခံရသည်ဟုကြုံတွေ့ခံစားခဲ့ရသည့်တိုင် စိတ်ပျက်သည့်အဖြစ်မျိုးသို့မရောက်စေခဲ့။ ယေဇူးသခင်သည်ကြိုးစားအားမွေး၍ဆုတောင်းခဲ့သည်။ ထို့အတူ 'အဘယ်ကြောင့်' ဟုလည်းဆာလံကျမ်းရေးသူ၏စကားကိုပြန်လည်မြွတ်ကြားပြီး (ဆာလံ ၂၂း၂) မည်မျှပင်စွန့်ခံရသည်ဟုခံစားခဲ့ရသော်လည်း နောက်ဆုံး၌ခမည်းတော်ဘုရား၏ထံအပ်နှံခဲ့သည်။ (သံလုကာ ၂၃း၄၆) စွန့်ပစ်ခံရသည်ဟုခံစားရသောအချိန်၌ ယေဇူးသခင်သည်ဆက်လက်၍အားကိုးယုံကြည်ခဲ့သည်။ စွန့်ပစ်ခံရသည်ဟုခံစားရချိန်၌ပို၍ပင်အားကိုးယုံကြည်စိတ်မွေးခဲ့သည်။ သူ့အားစွန့်ပစ်သွားခဲ့ကြသောသူ၏အနီးကပ်တပည့်များကိုလည်းပို၍ချစ်ခဲ့သည်။ သူ့အားလက်၀ါးကပ်တိုင်တင်သတ်ခဲ့သူများ၊ ညှဉ်းပမ်းနှိပ်စက်ခဲ့သူများအားလည်းခွင့်လွှတ်ပေးခဲ့သည်။ (သံလုကာ ၂၃း၄၃) ဤနေရာ၌အဆိုးထဲမှရလာဒ်ကောင်းကိုရရှိခဲ့သည်။ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ကားတိုင်ပေါ်၌ရှိနေစဉ်ကျင့်ကြံပြခဲ့သောယေဇူးသခင်၏ချစ်ခြင်းမျိုးသည် ကျွန်ုပ်တို့အားအဆုံးတိုင်အောင်ပွေ့ဖက်နေသည်၊ ဤယေဇူးသခင်၏ချစ်ခြင်းမျိုးသည် ကျောက်သားနှင့်တူသောကျွန်ုပ်တို့၏နှလုံးသားကိုပျော့ပျောင်းသောအသားနှလုံးသားသို့ပြောင်းလဲသွားစေသည်။ သနားတတ်သောနှလုံးသား၊ နူးညံ့သိမ်မွေ့သောနှလုံးသား၊ ကြင်နာတတ်သောနှလုံးသားများအဖြစ်သို့ပြောင်းလဲသွားစေသည်။ ဤသည်ကားဘုရားသခင်၏လမ်းစဉ်၊ အနေနီး ကြောင်း၊ သနားကြင်နာကြောင်း၊ နူးညံ့သိမ်မွေ့ကြောင်းပြသောနည်းလမ်းဖြစ်သည်။ ယေဇူးသခင်သည် သူ၏စွန့်ပစ်ခံရခြင်းအဖြစ်မှကျွန်ုပ်တို့သူ့အားဖွေရှာတတ်စေရန်၊ ချစ်တတ်ရန်၊ ၄င်းအပြင်မိမိတို့ကိုယ်ကိုမိမိတို့ဂရုမစိုက်စွန့်ပစ်ကြသူများအားသူ့ကိုရှာဖွေတတ်ရန်သင်ကြားပေးသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည်အကူအညီလိုအပ်နေကြသူများသာမဟုတ်၊ ယေဇူးသခင်ကိုလိုအပ်နေကြသူများဖြစ်သည်။ စွန့်ပစ်ခံခဲ့ရသောယေဇူးသခင်သည်၄င်းတို့နှင့်အတူရှိနေသည်။ ကျွန်ုပ်တို့လူ့အဖြစ်ကိုကြွဆင်းလာ၍ခံယူခဲ့သည့်ယေဇူးကိုသိရန်လိုအပ်နေသည်။ ယေဇူးသခင်သည်အထက်ကဆိုခဲ့သောသူတို့ကဲ့သို့ဖြစ်ကြောင်း၊ သေခြင်းတိုင်အောင်စွန့်ပစ်ခြင်းကိုခံခဲ့ရကြောင်းသိရန်လိုသည်။ ပြီးခဲ့သောပတ်အနည်းငယ်က အိုးမဲ့အိမ်မဲ့အမျိုးသားတစ်ဦး၏အဖြစ်ကိုသတိရမိသည်။ သူသည်ဂျာမန်လူမျိုးဖြစ်သည်။ သူသည်ဗာတီကန်ကျောက်တိုင်များကြား၌သေဆုံးနေခဲ့သည်။ စွန့်ပစ်ခံထားခဲ့ရသည်။ ကျွန်ုပ်တို့တစ်ဦးစီအတွက်သူသည် ယေဇူးသခင်ပင်ဖြစ်သည်။ စွန့်ပစ်ခံ၊ ဖယ်ကျင်ခံလူသားများစွာကျွန်ုပ်တို့၏အကူအညီကိုလိုအပ်နေသည်။ ကျွန်ုပ် (ရဟန်းမင်းကြီး) လည်းကျွန်ုပ်အားစောင့်ရှောက်ရန်၊ ကျွန်ုပ်အနီးအပါး၌ရှိနေပေးရန်ယေဇူးကိုလိုအပ်သည်။ ကျွန်ုပ်တို့တစ်ဦးစီသည် စွန့်ပစ်ခံယေဇူးသခင်အားတစ်ဦးတည်းအထီးကျန်နေစဉ်များ၌တွေ့ရှိအောင်ရှာဖွေရန်လိုအပ်သည်။ ယေဇူးသခင်သည် သူကဲ့သို့အထီးကျန်မှု၊ စွန့်ပစ်ခံရသည်ဟုခံစားနေကြရသော၊ ရောဂါ‌ေ၀ဒနာခံစားနေရသော၊ အသုံးချခံရသော၊ လမ်းဘေး၌ချို့တဲ့နွမ်းပါးစွာနေထိုင်နေကြသောကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများအားစောင်ရှောက်ရန်အလိုရှိသည်။ ကျွန်ုပ်တို့သည် ယေဇူးသခင်ကိုအခြားသောနည်းလမ်းများဖြစ်သည့် ရွေ့ပြောင်းများ၊ ဒုက္ခသည်များ၊ အကျဉ်းသားများ၊ ပြဿကောင်ဟုသတ်မှတ်ခံထားရသောသူများအားကူညီခြင်းဖြင့်လည်းယေဇူးသခင်ကိုရှာဖွေနိုင်သည်။ ထို့အတူပင် အခြားသောအခြေအနေများဖြစ်သည့် မြင်သာသောအနေအထား၌ဖြစ်စေ၊ မမြင်သာသောအနေအထား၌ဖြစ်စေ၊ လက်အိတ်ဖြူစွပ် (ဆေးကျန်းမားရေး၀န်ထမ်းများကိုရည်ညွှန်းသည်) ၍မမွေးဖွားသေးသောသန္ဓေသားများကိုစွန့်ပစ်ခြင်း၊ သက်ကြီးရွယ်အိုများ (သင်တို့၏မိဘများလည်းဖြစ်နိုင်)၊ ပြုစုသူမရှိဖြစ်နေသောမကျန်းမမာသူများ၊ မသန်စွမ်းသူများ၊ လေလွင့်နေသောမျှော်လင့်ချက်မဲ့လူငယ်များ၊ ၄င်းတို့၏‌ေ၀ဒနာကိုနားထောင်ပေးမည့်သူမရှိဖြစ်နေ၍ကိုယ်ကိုယ်ကိုအဆုံးစီရင်ရန်ကြံနေသူများအားလစ်လျူရှုခံထားရသူများအားဖြင့်လည်းယေဇူးသခင်ကိုရှာဖွေနိုင်သည်။ ဤအခြေအနေများအားလုံးသည် ယနေ့ကျွန်ုပ်တို့လူမှုအသိုင်းအ၀ိုင်း၌ဖြစ်ပျက်နေသောစွန့်ပစ်မေ့ပျောက်ခံယေဇူးသခင်များဖြစ်ကြသည်။ ယေဇူးသခင်သည် သူ၏စွန့်ပစ်မေ့ပျောက်ခံအဖြစ်၌ စွန့်ပစ်ခံရသည်ဟုခံစားရသောသူများအတွက်ကျွန်ုပ်တို့၏မျက်စိနှင့်နှလုံးသားများကိုဖွင့်ထားရန်၊ ကျွန်ုပ်တို့သည်စွန့်ပစ်မေ့ပျောက်ခံသခင်၏နောက်လိုက်များဖြစ်သည်ကိုသိထားရန်၊ ထို့ကြောင့်အယုတ်၊ အမြတ်၊ အလတ်မရွေးအနှိမ်ခံ၊ စွန့်ပစ်ခံ၊ မဂ်လာမရှိသူ၊ တစ်ကိုယ်တည်းရုန်းကန်ရန်ဟုဘေးဖယ်ကျင်ထား၍မရ။ လူမှုအသိုင်းအ၀ိုင်း၌ဤကဲ့သို့ဖြစ်နေခြင်းသည် သက်ရှိထင်ရှားသောယေဇူးသခင်ကိုစွန့်ပစ်မေ့ပျောက်နေခြင်းဖြစ်ကြောင်း၊ ဤသူတို့သည် မည်သည့်အခြေအနေမျိုး၌ဖြစ်စေ ယေဇူးသခင်ကျွန်ုပ်တို့အားချစ်ခဲ့သည့်ချစ်ခြင်းကိုအမှတ်ရစေရန်သတိပေးနေခြင်းဖြစ်သည်။ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ယနေ့ကျွန်ုပ်တို့ကျေးဇူးတော်ကိုတောင်းခံကြပါစို့။ ထိုကျေးဇူးတော်ကား စွန့်ပစ်မေ့ပျောက်ခံယေဇူးသခင်အားချစ်တတ်ရန်၊ ကျွန်ုပ်တို့ပတ်၀န်းကျင်၌စွန့်ပစ်မေ့ပျောက်ဖယ်ကျင်ခံရသောနီးစပ်သူများအားယေဇူးသခင်အဖြစ်ဂရုစိုက်ကူညီနိုင်ရန်ဆုတောင်းကြပါစို့။ ၄င်းတို့၏ငိုယိုအော်ဟစ်သံကိုယေဇူးသခင်၏ငိုယိုအော်ဟစ်သံအဖြစ်မြင်တွေ့သိရှိရန်၊ ဤငိုယိုသံသည်ကျွန်ုပ်တို့နှင့်မဆိုင်သကဲ့သို့လစ်လျူမရှူမိစေရန်ဆုတောင်းကြပါစို့။ ဘုရားသခင်သည်ကျွန်ုပ်တို့အား မည်သည့်အခါမျှတစ်ဦးတည်းစွန့်ပစ်မထား။ ထို့ကြောင့်ကျွန်ုပ်တို့လည်းအထီးကျန်ခံစားနေရသူများ၊ စွန့်ပစ်မေ့ပျောက်ခံရသူများကိုဂရုစိုက်ကြပါစို့။ ဤသို့အားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက်စွန့်ပစ်မေ့ပျောက်ခံရသည့်အဖြစ်ကိုကြုံတွေ့ခံထမ်းခဲ့သော၊ မိမိကိုယ်မိမိအရာရာမဲ့သောအဖြစ်ကိုရောက်ခဲ့ရသောယေဇူးသခင်နှင့်တစ်စိတ်၊ တစ်ကိုယ်ဖြစ်နိုင်ပေမည်။ (ဖိလစ်ပ္ပိ ၂း၇) သူသည်ကျွန်ုပ်တို့အတွက် လုံး၀ဥသုန်မဲ့သွားသောအဖြစ်ကိုခံယူခဲ့သည်။ CNA အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် https://bit.ly/3zw7qSL

Add new comment

1 + 0 =