၂၀၂၃ခုနှစ် ဇန်နဝါရီလအတွက် ပုပ်ရဟန်းမင်းကြီးက ပညာသင်ကြားပေးသူများကို ဆုတောင်းပေးဖို့ တိုက်တွန်း

ပညာသင်ကြားပေးခြင်းက ချစ်ခြင်းနဲ့ သဟာယစိတ်ဓာတ်ရှိဖို့ ကျွန်ုပ်တို့ အလင်းပေးလမ်းခင်း နေကြတာ ဖြစ်တာကြောင့် အားအနည်းဆုံး လူတွေကို မသိကျိုးကျွန်ပြုလို့ မရပါဘူး။

ပညာသင်ကြားပေးသူ တွေအနေနဲ့ သဟာယစိတ်ဓာတ်ဆိုတဲ့ အရာကို ဖြည့်စွက်သင်ကြားပေးဖို့ကျွန်ုပ်တောင်းဆိုချင်ပါတယ်။ (သဟာယစိတ်ဓာတ်ကို ညီအစ်ကို မောင်နှမ စိတ်ထား ဒါမှမဟုတ် အပေါင်းအသင်း စိတ်ထားလို့လည်း ဆိုနိုင်ပါတယ်။) ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွက် ပုပ်ရဟန်းမင်းကြီးက ပညာသင်ကြားပေးသူများကို ဆုတောင်းပေးဖို့ တိုက်တွန်းပါတယ်။

ပညာသင်ကြားပေးခြင်းက ချစ်ခြင်းနဲ့ သဟာယစိတ်ဓာတ်ရှိဖို့ ကျွန်ုပ်တို့ အလင်းပေးလမ်းခင်း နေကြတာ ဖြစ်တာကြောင့် အားအနည်းဆုံး လူတွေကို မသိကျိုးကျွန်ပြုလို့ မရပါဘူး။ ပညာသင်ကြားပေးသူတွေက သူတို့ရဲ့ အသိပညာ ဗဟုသုတကိုသာမက ဘဝရဲ့ ယုံကြည်ရပ်တည်ချက်နဲ့ အားကြိုးမာန်တက်လ်ပ်ဆောင်မှုတွေကိုပါ သက်သေခံ နေကြခြင်းဖြစ်ပါတယ်။ သူတို့ဟာ ဘာသာစကား (၃)ခုကို ဘယ်လိုမျိုးကိုင်တွယ်လုပ်ဆောင်ရမလဲ ဆိုတာ သိကြပါတယ်။

ဦးနှောက်နဲ့ နှလုံးသားပေါင်းစပ်ပြီး လက်တွေ့အဖြစ်အားလုံးကို အညီအမျှ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီလိုပြောဆိုဆက်သွယ်ခြင်းမှာ ဝမ်းမြောက်ပျော်ရွှင်စေပါတယ်။ သူတို့က သေသေချာချာ ဂရုစိုက်တတ်သူတွေနဲ့ အဖွဲ့အစည်း တည်ထောင်သူတွေ ဖြစ်လာမှာပါ။ ဘာကြောင့်လဲ။ သူတို့ ဒီလိုမျိုး သက်သေခံပြီးလုပ်ဆောင်မှုတွေက်ု မျိုးစေ့ကြဲနေကြတာ ဖြစ်ပါတယ်။

ပညာသင်ကြားပေးသူများဟာ ယုံကြည်ရလောက်တဲ့ သက်သေခံချက်နဲ့ ပြိုင်ဆိုင်မှုထက် သဟာယစိတ်ဓာတ်ကို သင်ကြားပေးကာ အငယ်ဆုံးသောသူများနဲ့အကူအညီ အလိုအပ်ဆုံးသူတွေကို အထူးဖေးမ ကူညီ ပေးနိုင်အောင် ဆုတောင်း ပေးကြပါစို့။

✍️ထန်းဟာ SJ Source: Pope's Worldwide Prayer Network

#rvamyanmar #rvapastoralcare #PopeFrancis #rvamyanmarpopefrancisprayer

Add new comment

2 + 14 =