၂၀၂၂ခုနှစ် ဒီဇင်ဘာလ အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းရန် ရည်ရွယ်ချက်

ကမ္ဘာကြီးမှာ လူသားကောင်းကျိုး လုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းနဲ့ စေတနာ့ ဝန်ထမ်းတွေ လိုအပ်နေပါတယ်။ ဟုတ်ပါတယ်။ အဲဒီလို အလုပ်ကို နှစ်မြုပ်လုပ်ဆောင်းခြင်းဆိုတဲ့ စကားလုံးကို ပယ်ဖျက်ပစ်ဖို့ ကြိုးစား နေပါတယ်။ ကမ္ဘာကြီးက လူအများကောင်းကျိုးအတွက် နှစ်မြုပ် လုပ်ဆောင်မဲ့ စေတနာ့ ဝန်ထမ်းတွေ လိုအပ်နေပါတယ်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလ အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းဖို့ ရည်ရွယ်ကတော့ အဖွဲ့အစည်း အကျိုးအတွက်မဟုတ်ဘဲ စေတနာ့ ဝန်ထမ်းသူများအတွက်ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းပြီး တစ်ပါးသူတွေကို ကူညီပေးခြင်းက ရွေးချယ်မှု တစ်ခုဖြစ်လို့ ကျွန်ုပ်တို့ကို လွတ်လပ်စေ ပါတယ်။ တစ်ပါးသူတွေရဲ့ လိုအပ်ချက်အတွက် လမ်းဖွင့်ပေးပါတယ်။ ဆင်းရဲသားတွေကို ကာကွယ်ပေးဖို့နဲ့ တရားမျှတဖို့ လိုအပ်ချက်တွေအပြင် ဖန်ဆင်းခံ အရာတွေကို ဂရုစိုက်ဖို့ အတွက်လည်း လမ်းဖွင့်ပေးပါတယ်။ သနားခြင်းရဲ့ လက်တစ်စုံ ပိုင်ရှင်အဖြစ် ကျွန်ုပ်တို့ရဲ့ လက်တွေ၊ မျက်စိတွေ၊ သေချာနားထောင်ခြင်းနဲ့ နီးကပ်မှု လိုအပ်ပါတယ်။ အစေခံနေတဲ့ သူတွေနဲ့အတူ လုပ်ဆောင်ခြင်းကို စေတနာ့ ဝန်ထမ်းခြင်းလို့ ခေါ်ပါတယ်။

လူတွေအတွက် လုပ်တာထက် လူတွေနဲ့အတူ လုပ်ဆောင်တာ ဖြစ်တယ်။ အဖွဲ့အစည်း အကျိုးမြတ်အတွက် မဟုတ်ဘဲ စေတနာ့ဝန်ထမ်း ရာမှာလည်း အစိုးရအဖွဲ့ တွေနဲ့ ပူးပေါင်း လုပ်မှ ပိုအကျိုး ရှိပါတယ်။ အတူတကွ လုပ်ဆောင်ခြင်း အားဖြင့် သူတို့ ပိုင်ဆိုင်ရာ သေးငယ်တဲ့ အရင်းအမြစ်တွေကို လက်တွေ့မှာ မျှော်လင့်ချက် တန်ခိုး ပြည့်ဝတိုးပွါးအောင်သူ တို့တွေ အကောင်းဆုံး ကြိုးစား နိုင်ကြပါတယ်။ ကျွန်ုပ်တို့ဆီမှာ မျှော်လင့်ချက် တိုးပွါးစေဖို့ အတွက် ကြီးမားတဲ့ လိုအပ်ချက်ရှိ နေပါတယ်။ ကိုယ်ကျိုးမဖက်တဲ့ လုပ်အားပေးသူနဲ့ လူ့သား ကောင်းကျိုးပြု အဖွဲ့အစည်းများ အများ ကောင်းကျိုးအတွက် ခိုင်မာစွာ သူတို့ကိုသူတို့ ဆက်ကပ် လုပ်ဆောင်မဲ့ လူတွေကို ရှာတွေ့နိုင်ကြဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အတူ နည်းလမ်းသစ်တွေကို စဉ်ဆက်မပြတ် လိုက်ရှာနိုင်ကြဖို့ ဆုတောင်း ကြပါစို့။

✍️ထန်းဟာ SJ ✍️ Source: Vatican Media

Pope Francis’s monthly Intension for December 2022

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

19 + 0 =